15 Aug 2012

သခင်စိုး (၁)

သခင်စိုး

၁၉၀၅ ခုနှစ်တွင် မော်လမြိုင်၊ ကျောက်တန်းရပ်တွင် အဘ ဦးစံဒွန်း၊ အမိဒေါ်နှင်းအောင်တို့မှ မွေးဖွားခဲ့သည်။ အင်္ဂလိပ်-မြန်မာ ခုနှစ်တန်းထိ ပညာသင်ကြားခဲ့သည်။ သန်လျင်ရေနံချက်စက်ရုံတွင် ဝင်ရောက် အလုပ်လုပ်ခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်နှင့် ကွန်မြူနစ်ပါတီ ဗမာပြည်အဖွဲ့ဝင်တဦးဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဗြိတိသျှဆန့်ကျင်လှုပ်ရှားမှုအဖွဲ့ဟုလည်း ခေါ်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်ဆန့်ကျင်ရေး ပြောက်ကျားအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ လွတ်လပ်ရေးကြိုးမှုတွင် နယ်ချဲ့တို့၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ ထောင်အကြိမ်ကြိမ်ကျခံကာ စွန့်စွန့်စားစား လုပ်ကိုင်ခဲ့သူဖြစ်သည်။

၁၉၄၄ ခုနှစ်တွင် ဖတပလအဖွဲ့ဖွဲ့စည်းရာတွင် နိုင်ငံရေးခေါင်းဆောင်၊ ဗမာပြည် ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ မြေအောက်လှုပ်ရှားမှုအသွင်ဖြင့် ကွန်မြူနစ်ပြောက်ကျား (အလံနီ) အဖွဲ့ကို ဦးဆောင်ခဲ့ပြီး လွတ်လပ်ရေးမရမီ တောခိုခဲ့သည်။

အလံနီပါတီတွင် အထွေထွေအတွင်းရေးမှူး၊ ၁၁- ၁၁- ၇၁ ရက်နေ့တွင် သခင်စိုး၊ ဒေါ်ခင်စုတို့ အလင်းဝင်ရောက်ခဲ့သည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်း အထိမ်းအမှတ်အဖြစ် သေဒဏ်မှ တသက်တကျွန်းသို့ ပြောင်းလဲခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် အမိန့် (၂-၈၀) ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။ နိုင်ငံတော်က ချီးမြှင့်သော နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမအဆင့်) ကို ရရှိခဲ့သည်။ ၆- ၁၀- ၈၈ ရက်နေ့တွင် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ နာယကဖြစ်ခဲ့သည်။ ကျွန်မချစ်လင်၊ အလုပ်သမားလောက၊ ဗမာ့တော်လှန်မှု၊ အလုပ်သမားလူတန်းစား၊ ဖက်ဆစ်ဝါဒဆန့်ကျင်ရေး၊ အကျပ်အတည်းမှ လွတ်မြောက် တခုတည်းသောလမ်းသို့၊ ကမ္ဘာ့စီးပွားရေး ပြဿနာများကို ဖြေရှင်းပြခြင်း၊ အမိနိုင်ငံတော်အတွက် တိုးတက်မှန်ကန်သော လမ်းများကို ရှာဖွေခြင်းစသည့် စာအုပ်များကို ရေးသားခဲ့သည်။

သခင်စိုး၏ ပထမဇနီးမှာ လှလေးစိန်ဖြစ်ပြီး ၎င်း၏ညီမ မြလေးစိန်ကိုလည်း ယူထားသည်။ ထို့နောက် ဒေါ်ခင်စီနှင့် အိမ်ထောင်ပြုခဲ့သည်။ ဒေါ်နှင်းမေနှင့် လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦး ထွန်းခဲ့သည်။ ၎င်းတို့မှာ ဦးခင်မောင်စိုး (၃၄) နှစ် (အမှတ် (၁၄/၁၆) (၅၃) လမ်း၊ ပုဇွန်တောင်မြို့နယ်တွှု နေထိုင်လျက်ရှိသည်။ ဒေါ်နွယ်နီစိုး (၃၂) နှစ် (သမီး)၊ အမှတ် (၂၉)၊ အခန်း (၈)၊ ဦးဝိစာရအိမ်ရာ၊ ဒဂုံမြို့နယ်တွင် နေသည်။ ဒုတိယဇနီး ဒေါ်ခင်စုမှာ သမီးနှင့်အတူ တိုက် (၂၉)၊ အခန်း (၈) ဦးဝိစာရအိမ်ရာ ဒဂုံမြို့နယ်တွင်နေသည်။ ၄- ၅- ၈၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီးခြောက်ယောက် ကျန်ရစ်သည်။

သခင်စိုးကွယ်လွန်ပြီးနောက်ပိုင်း ၎င်းကို ထောက်ခံသူများက အနည်းဆုံး ပါတီအစုအဖွဲ့ (၃) ဖွဲ့ခန့် တည်ထောင်ပြီး နိုင်ငံရေး လှုပ်ရှားလျက်ရှိသည်။ အဆိုပါ အဖွဲ့များထဲမှာ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစုဆိုသော အဖွဲ့လည်းပါသည်။ အဆိုပါ အဖွဲ့များမှာ အတိုက်အခံ အင်အားစုများကို ဆန့်ကျင်သော အစိုးရကို ထောက်ခံသော အရေးအသားများကို အစိုးရချုပ်ကိုင်ထားသော သတင်းစာများတွင် ဆောင်းပါးများ ရေးသားခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားများ ပြည်ထောင်စုမြန်မာနိုင်ငံ အမည်ခံ ဦးအေးလွင်အဖွဲ့နှင့် ပူးပေါင်းကာ စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေး အမျိုးသားရေး လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားလျက်ရှိသည်။
source : wikimyanmar

No comments:

Post a Comment