Showing posts with label စာအုပ်. Show all posts
Showing posts with label စာအုပ်. Show all posts

27 Feb 2013

ကုလား - ဗမာ တိုက်ပွဲ (မောင်သိန်းဖေ)


"ကုလား-ဗမာ တိုက်ပွဲ" ခေါင်းစဉ် မြင်ရုံမျှဖြင့် ဘာသာရေးတိုက်ပွဲ ဘာသာရေးလှုံ့ဆော်သော စာအုပ်ဟု အထင်မှားနေမှုများအား ပြေပျောက်ရန် အလို့ငှါ တင်ပြလိုက်ပါသည်။ သေချာစွာဖတ်ရှူကြပါကုန်။

စင်စစ် ဤစာအုပ်သည် ကုလား-ဗမာ အဓိကရုဏ်းသည် ဦးရွှေဖီ၏ ဘာသာရေးစာအုပ်ကြောင့် ဖြစ်သည် ဟူသော အင်္ဂလိပ်အစိုးရ၏ ကောက်ချက်ကို ချေပထားပြီး လူမှုရေး၊ စီးပွါးရေး၊ နယ်ချဲ့ပယောဂ အဖုံဖုံကို ဆက်နွယ်သုံးသပ်ထားသော စစ်တမ်းတစောင်ဖြစ်သည်။  

ကုလားဆင်းရဲသားတို့ ရေနံမြေသပိတ်ကြီးတွင် ပူပေါင်းပါဝင်ပုံကို ဖော်ပြထားသည်။ နိဂုံးချုပ်တွင် ကုလားပြည် ကွန်ဂရက်ပါတီနှင့် ပူပေါင်းပြီး လွတ်လပ်ရေး အတူတကွ တိုက်ပွဲဝင်ရန် အထိ ရည်ရွယ်ထားသည်ကို တွေ့ရမည်။

================================================
























 


21 Aug 2012

တို့ဗမာ အစည်းအရုံး သမိုင်း စာအုပ်

တို့ဗမာ အစည်းအရုံး သမိုင်း

စာပေ ဗိမာန်က ၁၉၇၆ မှာ ထုတ်ဝေခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို လူပုဂိ္ဂုလ် တစ်ဦး တစ်ယောက်က ပြုစုခဲ့တာ မဟုတ်ပါဘူး။ အဲဒီ အချိန်မှာ သက်ရှိထင်ရှား ရှိနေသေးတဲ့ တို့ဗမာ အစည်းအရုံးဝင် သခင်၊ သခင်မဟောင်းကြီးတွေ အားလုံး နီးပါးက ၀ိုင်းဝန်း ပြုစုခဲ့ကြတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ဘက်စုံထောင့်စုံ ပြီးပြည့်စုံတဲ့ သမိုင်း မှတ်တမ်းကြီး ဖြစ်လာရတာပါ။

၁၉၆၄ မှာ တို့ဗမာအစည်းအရုံး နာယက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ဈာပန အခမ်းအနားကို အမြို့မြို့အနယ်နယ်က သခင်၊ သခင်မကြီးတွေ တက်ရောက်လာ ကြတယ်။ ခုလို လူစုံတုန်းမှာပဲ ညီလာခံ ဆန်ဆန် ဆွေးနွေးပွဲကြီး တစ်ခုပြုလုပ်ပြီး တိုဗမာ အစည်းအရုံးသမိုင်းကို ပြုစုဖို့ အချိန် တန်ပြီလို့ ဆုံးဖြတ်ခဲ့ကြတယ်။

13 Aug 2012

“သခင်နိုင်ငံတော်” သို့မိတ်ဆက်ခြင်း

စာအုပ်လေးတအုပ်ပါ။

ဒေါက်တာတင်မောင်သန်း သင့်ဘ၀မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ဆောင်းပါးတွေကိုပြန်ပြီး စုစည်းထားတဲ့စာအုပ်ပါ။

ဆရာတင်မောင်သန်းရေးတဲ့စာတွေ ပြန်ဖတ်ချင်တယ်လို့ပြောမိလို့ ဂျပန်ကသူငယ်ချင်းတယောက်က တကူးတကပို့ပေးတဲ့အတွက် ကျနော်ပြန်ဖတ်ခွင့်ရသလို သူငယ်ချင်းတွေကိုလည်း ဖတ်စေချင်လို့မိတ်ဆက်ပေးတာပါ။

မာတိကာပါအကြောင်းအရာတွေကတော့---


  • ဆရာတင်မိုး၏အမှာစာ (သခင်ကျင့်ကိုကျင့်ကြပါ သခင်မျိုးဟေ့တို့ဗမာ)
  • မောင်သစ်ဆင်း၏အမှာစာ (ဖွတ်ကျားစိတ်ဓာတ်မှသည် သခင်နိုင်ငံတော်သို့)
  • တင်မောင်သန်း၏အမှာစာ (သခင်တွေရဲ့နိုင်ငံ)
  1. သခင်စိတ်ဓာတ် သခင်အကျင့်
  2. ကျွန်ပညာရေးနှင့် သခင်ပညာရေး
  3. ဆယ်နှစ်သားကလေးနှင့် ခင်ဗျားတို့ ကျနော်တို့အကြောင်း
  4. ကုသိနာရုံမှ သီဟိုဠ်၊ သီဟိုဠ်မှ မြန်မာသို့
  5. ကျွန်ုပ်တို့အယ်ဒီတာ၊ ကျွန်ုပ်တို့မဂ္ဂဇင်း၊ ကျွန်ုပ်တို့အလုပ်
တို့ ဖြစ်ပါတယ်။

စာအုပ်ရဲ့ရည်ညွှန်းချက်မှာ ဒီလိုဆိုထားပါတယ်။

ဤစာအုပ်တွင်ပါဝင်သောစာတမ်းများမှာ စာရေးသူတင်မောင်သန်း “သင့်ဘ၀” မဂ္ဂဇင်းအယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့စဉ် ၁၉၉၅ မှ ၉၇-ခုနှစ်အတွင်း ရေးသားခဲ့သော စာတမ်းများဖြစ်ပါသည်။

“သခင်စိတ်ဓာတ် သခင်အကျင့်” စာတမ်းကို မဂ္ဂဇင်းတွင်ဖော်ပြခွင့်ရခဲ့သော်လည်း ဆင်ဆာဖြတ်တောက်ခံခဲ့ရပါသည်။ ယခုစာအုပ်တွင် ဆင်ဆာဖြတ်ခံရသောစာပိုဒ်များကို စာလုံးအမဲအစောင်းဖြင့်ဖော်ပြထားပါသည်။

“ကျွန်ပညာရေးနှင့် သခင်ပညာရေး”၊ “ကုသိနာရုံမှ သီဟိုဠ်၊ သီဟိုဠ်မှ မြန်မာသို့”၊ “ကျွန်ုပ်တို့အယ်ဒီတာ၊ ကျွန်ုပ်တို့မဂ္ဂဇင်း၊ ကျွန်ုပ်တို့အလုပ်” စာတမ်းသုံးစောင်လုံး ပိတ်ပင်ခြင်းခံခဲ့ရပါသည်။ လုံးဝဖော်ပြခွင့်မရခဲ့ပါ။

“ဆယ်နှစ်သားကလေးနှင့် ခင်ဗျားတို့ ကျနော်တို့အကြောင်း” စာတမ်းမှာ မဂ္ဂဇင်းတွင်ဖော်ပြခွင့်ရခဲ့သော်လည်း ဆောင်းပါးပေါင်းချုပ်အဖြစ်ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရပါသည်။ ကလောင်အမည် မောင်ဖိုးတင် ဖြင့်ရေးခဲ့ပါသည်။

ထိုစာတမ်းများကို စာရေးသူ၏မူရင်းအတိုင်းစုစည်း၍ “သခင်နိုင်ငံတော်” အမည်ဖြင့် ပုံနှိပ်ထုတ်ဝေပါသည်။

ဤစာအုပ်အတွက် အမှာစာရေးသားပေးသော ဆရာတင်မိုး၊ ဆရာမောင်သစ်ဆင်းနှင့် စာရေးသူ ဆရာတင်မောင်သန်းတို့အား ကျေးဇူးတင်ပါသည်။

စာအုပ်ဖြစ်မြောက်ရေး ၀ိုင်းဝန်းကူညီကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါသည်။

ဤစာအုပ်ကို ဂျပန်နိုင်ငံမှ အာဟာရစာကြည့်တိုက်၊ သုတသဟာရစာကြည့်တိုက်နှင့် ကိုရီးယားနိုင်ငံမှ ရွှေသင်္ဂဟာ-မြန်မာအသင်းစာကြည့်တိုက်တို့၏ စာအုပ်ထုတ်ဝေမှု ဒုတိယအစီအစဉ်အဖြစ် ထုတ်ဝေပါသည်။

သင်ချစ်သောမိတ်ဆွေတဦးအား ဤစာအုပ်ကိုလက်ဆောင်ပေးခြင်းဖြင့် သခင်နိုင်ငံတော်တည်ဆောက်ရေးတွင် တထောင့်တနေရာမှ ပါဝင်စေလိုကြောင်း။

(စီစဉ်သူများ)

အမှာစာများမှ တချို့ကိုကောက်နှုတ်ဖော်ပြရသော်........

ဆရာတင်မောင်သန်းရဲ့ သခင်နိုင်ငံတော်စာအုပ်ဟာ သခင်စိတ်ဓာတ်ကို အုတ်မြစ်ချပေးမယ့် စာအုပ်။ ဖတ်ရင်းဖတ်ရင်း သခင်သွေးတွေ ဖြန်းဖြန်းထစေမယ့်စာအုပ်။ ဒီနေ့ခေတ်မှာ အလွန်ထူးခြားပြီး အလွန်လိုအပ်နေတဲ့ စာအုပ်။ ဒီလို ကျနော်ထင်မြင်တယ်။ အဲဒီလို ရဲရဲယုံကြည်တယ်။
(ဆရာတင်မိုး)

လူသည်အရေးကြီး၏။ လူ့တန်ဖိုးသည် အရေးကြီး၏။ နိုင်ငံကြီးသားစိတ်ဓာတ်မွေးကြဖို့ အထူးလို၏။ ဖွတ်ကျားစိတ်ဓာတ်ဖြင့်တော့ လူတယောက်၊ အသင်းအဖွဲ့တခု၊ နိုင်ငံတနိုင်ငံအား ပေမီဒေါက်မီဖြစ်အောင် ပုံဖော်နိုင်မည်မဟုတ်။
(ဆရာမောင်သစ်ဆင်း)

ယနေ့တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက မျှော်မှန်းခဲ့တဲ့ မြန်မာပြည်သူတိုင်းကို သခင်ဖြစ်အောင် လူဇာတ်ဝင်အောင် ဆောင်ရွက်ရမယ့်အစား ကိုယ့်ကိုယ်ကိုမာစတာဖြစ်အောင် နေထိုင်ဆောင်ရွက်မိလျက် ဖြစ်နေပါပြီ။ သမိုင်းကိုလည်း ပြန်လှည့်ကြည့်ဖို့ သခင်စိတ်ဓာတ်၊ သခင်အကျင့် ဆောင်းပါးကို ဖတ်ကြည့်လိုက်ပါခင်ဗျား။
(ဆရာတင်မောင်သန်း)

စာအုပ်ကောင်းတအုပ်မို့ စာဖတ်ဝါသနာပါသူများ ၀ယ်ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

12 Aug 2012

သခင်ဘသောင်း၏ စာအုပ်များ

(၁) ဒီမိုကရေစီဆိုတာ   ရယူရန်
  
(၂) ခြေလေးချောင်းတောင်လှန်ရေး ရယူရန်  ရယူရန်

(၃) ဘဂ္ဂဒက်မြို့ မှသူခိုးအာမက် ရယူရန်  ရယူရန်