18 Aug 2012

ပါတော်မူ


သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊
ကုန်းဘောင်နေမီး၊ မထိန်ညီးက၊


တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊
ထီးသုဉ်းနန်းသုဉ်း၊
မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊
ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊
ဖြစ်လာရလေ၊ တို့တတွေသည်၊
သေသော်မှတည့် သြော်ကောင်း၏။

ဆီးပန်းနီဆရာတော်
သခင် ကိုယ်တော်မှိုင်း ၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။

No comments:

Post a Comment