17 Mar 2013

Burma / Burmese ဆိုတာ မြန်မာနိုင်ငံ / မြန်မာလူမျိုး

အင်္ဂလိပ်အစိုးရ၏ ထီလက်မှတ်ပါ တရားဝင်အခေါ်အဝေါ်



 

ဘီအိုစီ (  Burmah Oil Company - မြန်မာပြည် ရေနံကုမ္ပဏီ၏  ) ၏ ကြေညာ - ဗမာ့ခေတ် သတင်းစာ



























၁၈၄၁ တွင် ထုတ်ဝေသည့် ဘိုးတော်ဘုရား ဗဒုံမင်း၏ သားတော် မက္ခရာမင်းသားကြီး၏ အဘိဓာန်ပါ ဝေါဟာရ





















 



































၁၈၄၉ တွင် ထုတ်ဝေသည့် ဆရာယုဒသန် ( ဂျပ်ဆင် ) ၏ အဘိဓာန်ပါ ဝေါဟာရ

















 























၁၈၅၃ တွင်ထုတ်ဝေသည့် မက်ကန်ဇီး ၏ Burmah & The Burmese စာအုပ်
( Burman သည် မြန်မာလူမျိုး၊ တလိုင်းသည် မွန်လူမျိုး ဖြစ်ကြောင်း ထင်ရှားစွာပြသည်။ )






16 Mar 2013

ဦးခင်ရီ ( မြန်မာလူမျိုး )

လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ( မြန်မာလူမျိုး )

08.10.2012 ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း- ဗွီအိုအေမြန်မာ


မူရင်းစာမျက်နှာ >> http://burmese.voanews.com/content/burma-forum-democracy-affairs-immigration-citizen-rights/1522252.html

အသံနားဆင်ရန် >> http://burmese.voanews.com/audio/audio/219464.html



(08.10.2012 ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဗွီအိုအေမြန်မာ သတင်းဌာနမှူး ဦးသန်းလွင်ထွန်းက အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကို မြန်မာနိုင်ငံသား ဥပဒေ၊ တိုင်းရင်းသားအရေး နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ဆောင်ပြင်ဆင်မှုများကို တွေ့ဆုံမေးမြန်း ဆွေးနွေးမှု )



COPY LINK
===================================================

RFA မှ ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းခြင်း

RFA Burmesevideo on Sep 13, 2012



ဦးခင်ရီ ။ ။ .... တိုင်းရင်းသား လူမျိုး (၈) မျိုး ... ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊  မြန်မာ ၊ ရခိုင်၊ ချင်း - ဒီ (၈) မျိုး plus ....
 

 [ ရခိုင်ပြည်နယ် အတွင်းကို နိုင်ငံခြားသား ဝင်ရောက်မှု အခြေအနေတွေ အပေါ် လူဝင်မှု ကြီးကြပ်ရေး ဌာနက ကိုင်တွယ်ဖြေရှင်းနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီကို ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းခြင်း ]

===================================================

ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ - ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်နေ့

 http://www.mizzimaburmese.com/news/inside-burma/9753-2012-07-31-09-34-52.html


COPY LINK:  

===================================================

ဦးခင်ရီရွတ်ဆိုပြသော တိုင်းရင်းသားလူမျိုး အစီအစဉ်မှာ မှန်ကန်ပါသည်။ ဤမှာ နားထောင်ကြည့်ပါ။



"တို့ သွေးချင်းပီပီ သီချင်း" မြတ်အဖွဲ့ (မြန်မာ့အသံ) မှ သီဆိုထားပါသည်။

တိုင်းရင်းသားလူမျိုးအမည်ကို အက္ခရာအစီအစဉ်အတိုင်း စီစဉ်ထားခြင်းဖြစ်သည်။ ကချင်-ကယား-ကရင်-ချင်း-မွန်-မြန်မာ-ရခိုင်-ရှမ်း (က - က- က - ခ - မ- မ - ရ - ရ )

မွန်-ဗမာ ဟူ၍ မအက္ခရာနောက် ဗအက္ခရာ ကပ်ပြီး (မ - ဗ) ဟူ၍ ပြောင်းပြန်စီစဉ်ရိုးမရှိ။

ဒေါ်အောင်ဆန်းစုကြည် - Burma / မြန်မာလူမျိုး


ဒေါ်အောင်ဆန်းစုကြည် - Burma / မြန်မာလူမျိုး

(၁) စစ်အစိုးရက ၁၉၈၉- ၁၉၉၀ မှာ Myanmar လို့အမည်ပြောင်းပါတယ်။ Myanmar ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ မမှန်ပါဘူး။

(၂) မြန်မာဆိုတာ ဗမာလို့ ခေါ်နေတဲ့ လူမျိုးစု၏ စာပေသုံးဝေါဟာရဖြစ်ပါတယ်။ တခြားလူမျိုးစုတွေကို ကိုယ်စားမပြုပါဘူး။

Aung San Suu Kyi speech East-West Center
HAWAII 25.JANUARY 2013

http://www.youtube.com/watch?v=Bf4qVLhHS-E

13 Mar 2013

အင်္ဂလိပ်အစိုးရထုတ် သူကြီးဂေဇက်ပါ မြန်မာနိုင်ငံ / Burma


သူကြီးဂေဇက် Headman's Gazette သည် အင်္ဂလိပ်အစိုးရမှ ထုတ်ဝေသည်။

Burma, မြန်မာနိုင်ငံတော်၊ မြန်မာလူမျိုး အသုံးအနှုန်းများကို လေ့လာနိုင်ရန် ကောက်နှုတ်ဖော်ပြပါသည်။


BOC - Burmah Oil Company ကို မြန်မာပြည် ရေနံဆီကုမ္ပဏီ ဟု ဖော်ပြချက်ကိုလည်း သတိပြုနိုင်ပေသည်။

အင်္ဂလိပ်တို့သည် "ဗမာပြည်၊ ဗမာလူမျိုး" ဟူ၍ သုံးစွဲခြင်းမရှိပေ။ မြန်မာဘုရင်များလက်ထက်၌လည်း "ဗမာပြည်၊ ဗမာလူမျိုး" ဟူ၍ သုံးစွဲခြင်းမရှိပေ။

"ဗမာပြည်" ဟူသော ဝေါဟာရကို တို့ဗမာအစည်းအရုံးမှ စတင်အသုံးပြုသည်။ ဗမာဟူသည် တိုင်းရင်းသားအားလုံး၊ ပြည်သူပြည်သားအားလုံးကို ခြုံငုံသောအမည်အဖြစ် သတ်မှတ်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ရန် စည်းရုံးခဲ့သည်။ ရည်ရွယ်ချက်၊ စေတနာကို ပွင့်လင်းစွာချပြစည်းရုံး၍ တိုင်းရင်းသားများ လက်ခံပြီး သခင်ဘွဲ့ခံကြသည်။











10 Mar 2013

ဘီအိုစီ Burmah Oil Company "မြန်မာပြည်ရေနံကုမ္ပဏိ"


Burma ဘားမား ဆိုတာ အင်္ဂလိပ်က "ဗမာ"ကို ကိုယ်စားပြုပြီး မှည့်ခေါ်ခဲ့တာ မဟုတ်ကြောင်း အထောက်အထားတခု ရရှိလာပြန်ပြီ။

သခင်ဖိုးလှကြီး ဦးဆောင်တဲ့ ရေနံမြေသပိတ်ကြီးဟာ "ဘီအိုစီ" ကုမ္ပဏီရဲ့ လုပ်အားခ ဂုတ်သွေးစုပ်မှုကြောင့် ဖြစ်ပေါ်လာရတာကို အများသိပြီး ဖြစ်ပါသည်။ ဘီအိုစီ ဆိုတာ Burmah Oil Company ပါ။ ၁၈၈၆ မှ စတင်ပြီး ၁၉၆၃ မှာ ဦးနေဝင်း ပြည်သူပိုင် သိမ်:ခံရပါတယ်။ဘီအိုစီရဲ့ ပိုင်ဆိုင်မှုတွေနဲ့  မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။

အဆိုပါ Burmah Oil Company ( BOC ) ရဲ့ မြန်မာအမည်က "မြန်မာပြည်ရေနံကုမ္ပဏိ" ဖြစ်ပါတယ်။ Burmah ဟာ မြန်မာပြည် ကို ရည်ညွန်:ကြောင်း အထောက်အထားပါ။ "ဗမာပြည်"အမည်ကို အင်္ဂလိပ်တို့ မည်သည့်အခါမျှ သုံးစွဲခဲ့ခြင်းမရှိပါ။

အောက်ဖော်ပြပါ ကြေညာမှာ ၁၉၅၃ ဗမာ့ခေတ်သတင်းစာမှာ ဖော်ပြပါရှိသော ဘီအိုစီရဲ့ ကြေညာတခုပါ။



သို့ဆိုပါလျှင် ဗမာပြည်ဟူသော အမည်ကို မည်သူတွေ စတင်သုံးစွဲပါသနည်း။ တို့ဗမာအစည်းအရုံးမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အစည်းအရုံး၏ အမှတ်တံဆိပ်မှာ "ဗမာပြည်"ဟု အထင်အရှားဖော်ပြထားပါတယ်။ ထိုမှအစပြု၍ လွတ်လပ်ရေးဦးဆောင်အဖွဲ့အစည်းတိုင်း ဗမာအမည်ကို အသုံ:ပြုလာပါတယ်။

အစိုးရတရပ်အနေဖြင့် "ဗမာနိုင်ငံတော်"ဟု သုံးစွဲခြင်းမှာ အဓိပတိ ဒေါက်တာဘမော် ၊ တပ်မတော်သေနာပတိ ဗိုဟ်ချုပ်အောင်ဆန်းတို့ဦးဆောင်သော ဗမာနိုင်ငံအစိုးရ ၁၉၄၃-၁၉၄၅ ဖြစ်ပါတယ်။ 


6 Mar 2013

၁၉၃၅ မြန်မာနိုင်ငံ စီရင် အုပ်ချုပ်မှုအက်ဥပဒေ - ရွေးကောက်ပွဲများစစ်တမ်း (၂)

၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပဒေ ( ၉၁ ဌာန အုပ်ချုပ်ရေး )


 မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၂)

သန်းဝင်းလှိုင်
မတ်လ ၅၊ ၂၀၁၂
 
မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားလာမှုကြောင့် နယ်ချဲ့ဗြိတိသျှတို့သည် တထစ်လျှော့၍ ၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပဒေအရ (၉၁)ဌာနအုပ်ချုပ်ရေးကို ပေးခဲ့သည်။
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါ် အမတ်များက အုပ်ချုပ်ရေးဌာနပေါင်း ၉၁ ဌာနကို စီမံအုပ်ချုပ် ခွင့်ရသောကြောင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု ခေါ်ခဲ့သည်။
အုပ်ချုပ်ရေးအသစ်အရ လွှတ်တော်နှစ်ရပ်ထားရှိပြီး၊ အောက်လွှတ်တော်အတွက် အမတ် (၁၃၂) ယောက်နှင့် အထက်လွှတ်တော်အတွက် အမတ်(၃၆)ယောက် ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။

 အောက်လွှတ်တော်အမတ် (၁၃၂) ယောက်ထဲတွင် နယ်များမှ ရွေးကောက် ရမည့် အမတ်ဦးရေ (၉၂) ဦး၊ ကရင်အမျိုးသား (၁၂) ဦး၊ အိန္ဒိယအမျိုးသား (၈) ဦး၊ အင်္ဂလိပ်-မြန်မာကပြား (၂) ဦး၊ ဥရောပတိုက်သား (၃)ဦး၊ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ် (၁၁) ဦး၊ ရန်ကုန်တက္ကသိုလ်မှ (၁၂) ဦး၊ အိန္ဒိယအလုပ်သမားကိုယ်စားလှယ် (၂)ဦး၊ အိန္ဒိယမဟုတ်သော အလုပ်သမား ကိုယ်စားလှယ် (၁) ဦးတို့ ဖြစ်သည်။

လွှတ်တော်ထဲ၌ မြန်မာတို့၏ မဲကိုထိန်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် စက်မှုလက်မှုကုန်သည်ကြီးများ အသင်း၏ကိုယ်စားလှယ် (၁၁) ဦးထဲ၌ ဥရောပတိုက်သားကုန်သည်ကြီးများအသင်းမှ (၆) ဦး၊ အိန္ဒိယကုန်သည်ကြီးများအသင်းမှ (၃) ဦး၊ တရုတ်ကုန်သည်ကြီးများအသင်းမှ (၁) ဦး၊ မြန်မာကုန်သည်ကြီးများအသင်းမှ (၁) ဦး စသည်ဖြင့် ခွဲဝေခဲ့ပြန်သည်။

(၉၁)ဌာန အုပ်ချုပ်ရေးဆိုသည်မှာ ဌာနပေါင်း (၉၁) ဌာနသာရှိ၍ ခေါ်ဝေါ်ခဲ့ခြင်းမဟုတ်ပေ။ ၁၉၃၅ အုပ်ချုပ်ရေးဥပဒေအရ မြန်မာနိုင်ငံတွင် ဌာနပေါင်း (၉၈)ဌာန ရှိသည့်အနက် ဗြိတိသျှဘုရင်ခံက အရေးကြီးသည့် ခုနစ်ဌာနကိုအုပ်ချုပ်ပြီး ကျန် (၉၁) ဌာနကို မြန်မာကိုယ်စားလှယ် များနှင့် ၀န်ကြီးအဖွဲ့အားအုပ်ချုပ်စေခဲ့သည်။ မြန်မာအမျိုးသားများအုပ်ချုပ်ရသည့် (၉၁) ဌာနကိုအစွဲပြု၍ (၉၁) ဌာနအုပ်ချုပ်ရေးဟု အမည် တွင်ခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် ၄င်းအုပ်ချုပ်ရေးသည် နိုင်ငံရေးစိတ်ဓာတ် တက်ကြွနိုးကြားနေသော မြန်မာတိုင်းရင်းသားများကို ဗြိတိသျှအစိုးရက ဒုတိယအကြိမ် ဖြိုခွဲဖျက်ဆီးခဲ့သည့် နိုင်ငံရေးလက်နက်ကြီးများပင်ဖြစ်သည်။ ဗြိတိသျှတို့သည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် နယ်ချဲ့ဆန့်ကျင် ရေး ဆင်နွှဲခဲ့သော ၀ံသာနုလှုပ်ရှားမှုများကို ဒိုင်အာခီအုပ်ချုပ်ရေး လက်နက်ဖြင့် ပထမအကြိမ်အောင်မြင်စွာ နှိမ်နင်းခဲ့သည်။ အလားတူပင် တို့ဗမာသခင်များဦးဆောင်သည့် လုံးဝလွတ်လပ် ရေး ကြိုးပမ်းမှုကြီးကို (၉၁)ဌာနအုပ်ချုပ်ရေးဖြင့် ချွေးသိပ်ရန် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးကို ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက် အရ ဦးဘဘေ၊ ၀တ်လုံတော်ရဦးသိမ်းမောင်၊ ဦးချစ်လှိုင်၊ ဒေါက်တာဘမော်၊ အိန္ဒိယလူမျိုးအမတ် ထရပ်ဂျီ၊ ဒေါက်တာ ဒေါ်စောစ၊ ဆရာရွှေဘ၊ မစ္စတာကင်းပက်နက်၊ မစ္စတာဟာဂျီ၊ မစ္စတာကောဝပ်စ်ဂျီ၊ မစ္စတာဟာပါး၊ ဦးရွှေသား စသည့် မြန်မာကိုယ်စားလှယ် (၁၂)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်များသည် ဗြိတိသျှကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် မိမိတို့လိုလားချက်များကို အခြေအတင် ဆွေးနွေးခွင့် မရခဲ့ပေ။ ဗြိတိသျှအစိုးရစီစဉ်ထားသော အချက်များကိုသာ အခြေခံကာ ၄င်းတို့အလိုကိုလိုက်လျော၍ တိုင်ပင်နှီးနှောကြရသည်။ ဤသို့ တိုင်ပင်နှီးနှောခဲ့သည်များကို အခြေခံပြီး ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေကို သတ်မှတ်ပြဋ္ဌာန်းသည်။

အဆိုပါဥပဒေသည် စာမျက်နှာ ၁၀၅၊ ပုဒ်မပေါင်း ၁၅၆၊ အခန်းပေါင်း ၁၄ ခန်း ပါဝင်၍ ဥပဒေအရ (၉၁) ဌာနအုပ်ချုပ်ရေး ပေါ်ထွက်ခဲ့သည်။ ဗြိတိသျှအစိုးရက ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အုပ်ချုပ်ရေးဥပဒေအရ ပေးအပ်သည့် (၉၁) ဌာနအုပ်ချုပ်ရေးသည် မြန်မာပြည်သူများကို ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးအပ်ခြင်းဖြစ်သည်ဟု အသံကောင်းလွှင့်ခဲ့သည်။ ၄င်းအုပ်ချုပ်ရေးသည် ဗြိတိသျှတို့ ဆက်လက်စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးဖြစ်သည်။ တနည်းဆိုသော် ၄င်းအုပ်ချုပ်ရေးသည် ဗြိတိသျှဗျူရိုကရက်ကြီးများနှင့် လူမှုရေးတို့တွင် ခြယ်လှယ်သွေးစုပ် အမြတ်ထုတ်ရန် အကာအကွယ်ပေးသည့် အုပ်ချုပ်ရေးမျှသာဖြစ်သည်။

(၉၁) ဌာနအုပ်ချုပ်ရေးကို လေ့လာဆန်းစစ်ကြည့်ပါက ထိုအုပ်ချုပ်ရေးသစ်သည် အသွင်သဏ္ဌာန်အဆောင်အယောင် အားဖြင့် ဒိုင်အာခီအုပ်ချုပ်ရေးထက် ခမ်းနားထည်ဝါသော်လည်း အနှစ်သာရအားဖြင့် ကွာခြားမှုမရှိချေ။ အုပ်ချုပ်ရေးဌာနပေါင်း (၉၈) ဌာနရှိသည့်အနက် ဗြိတိသျှ ဘုရင်ခံက အရေးကြီးသည့် (၁) ကာကွယ်ရေးနှင့် စစ်တပ်၊ (၂) နိုင်ငံခြားဆက်သွယ်ရေး၊ (၃) ငွေဒင်္ဂါးသွန်းထု ထုတ်လုပ်ရေးနှင့် ငွေစက္ကူ ရိုက်နှိပ်ထုတ်လုပ်ရေး၊ (၄) သာသနာရေး၊ (၅) အိုင်စီအက်စ် ခေါ် အိန္ဒိယပဋိညာဉ်ခံရာထူးများအား စောင့်ရှောက်ကာကွယ်ရေး၊ (၆) တောင်တန်းဒေသခေါ် ခြွင်းချန်သောဒေသများအား သီးခြားတိုက်ရိုက်အုပ်ချုပ်ရေးနှင့် (၇) အခွန်ကိစ္စအပါအ၀င် ဘဏ္ဍာရေးများကို တိုက်ရိုက် တာဝန်ယူအုပ်ချုပ်ခဲ့သည်။ ဘုရင်ခံသည် ထိုခုနစ်ဌာနနှင့် ပတ်သက်၍ မြန်မာဝန်ကြီးများနှင့် တိုင်ပင်ရန်မလိုပေ။ မြန်မာကိုယ်စားလှယ်အမတ် များနှင့် ၀န်ကြီးအဖွဲ့က စာတိုက်နှင့်ကြေးနန်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လယ်ယာနှင့် သစ်တော၊ အခွန်အကောက်၊ တရားစီရင်ရေး စသည့် (၉၁) ဌာနကို ဘုရင်ခံနှင့် ညှိနှိုင်းအုပ်ချုပ်ရသည်။

ဤသို့ဖြင့် အုပ်ချုပ်ရေးသစ်တွင် ဗြိတိသျှဘုရင်ခံက အချက်အချာ အကျဆုံး ခုနစ်ဌာနကို မိမိတဦးတည်းချုပ်ကိုင်ပြီး သာမာန်ဌာနများကို မြန်မာတို့အား တွဲဖက်အုပ်ချုပ်ခွင့်ပေးမည်ဖြစ်သည်။ အချုပ်အခြာ အာဏာမှာ ဘုရင်ခံ၌သာရှိသည်။ မြန်မာပြည်သူတို့အဖို့ (၉၁) ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီအုပ်ချုပ်ရေးနှင့်စာလျှင် ရာထူးတိုးချဲ့သတ်မှတ်ပေးထားသည်မှလွဲ၍ မည်သို့မျှမထူးခြားပေ။

ထို့အပြင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ (ကယား) စသော တောင်တန်းဒေသများ အုပ်ချုပ်ရေးကို ပြည်မမပူးပေါင်းစေဘဲ သီးခြားခွဲထားခြင်းဖြင့် မြန်မာတိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကင်းကာ သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြစ်ကြောင်း သိသာထင်ရှားပေ သည်။

ဥပဒေပြုလွှတ်တော်နှစ်ရပ်လုံးတွင် ပါဝင်ရသည့် အမတ်ဦးရေသတ်မှတ်ပုံနှင့် ရွေးချယ်ပုံများမှာ တရားမျှတမှု လုံးဝမရှိပေ။ ဘုရင်ခံက မိမိအလိုတော်ရိများကို အမတ်အဖြစ် ခန့်ထားနိုင်ခွင့် ရှိပြန်သည်။ ထို့ကြောင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်စလုံးတွင် အချုပ်အခြာအာဏာ လုံးဝမရှိချေ။ ဘုရင်ခံသည် အရေးကြီးသည့် ခုနစ်ဌာနကို ချုပ်ကိုင်ထားသည့်အပြင် ဗီတို (Veto) ခေါ် တချက်လွှတ်ကန့်ကွက်ပိုင်ခွင့် အာဏာကိုလည်း ပိုင်ဆိုင်ထားသည်။

ဘုရင်ခံသည် မြန်မာနိုင်ငံကို အုပ်ချုပ်သည့် အချုပ်အခြာအာဏာပိုင်ဖြစ်သော်လည်း အင်္ဂလန်ရှိ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှပါလီမန်၏ အမိန့်ကို နာခံရသည်။ ဘုရင်ခံသည် ဥပဒေပြု လွှတ်တော်နှစ်ရပ်စလုံးမှ ဆုံးဖြတ်ပြဌာန်းပြီးသော ဥပဒေများကို သဘောတူစေကာမူ ဗြိတိသျှဘုရင်ဧကရာဇ်က ၄င်းဥပဒေများသည် ဗြိတိသျှနိုင်ငံနှင့်ဗြိတိသျှလူမျိုး အတွက် ထိခိုက်နစ်နာရာရောက်သည် ဟုယူဆပါက တစ်နှစ် အတွင်း ဖျက်သိမ်းပေးရသည်။

ဤသို့ဖြင့် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ရေးအသစ် တိုးမြှင့်ပေးသည်ဆိုသော်လည်း မြန်မာတို့၌ အုပ်ချုပ်ရေးအာဏာ လုံးဝမရှိ ပေ။ ဗြိတိသျှဘုရင်၊ ဘုရင်မနှင့် ဘုရင်ခံတို့သာလျှင် မြန်မာနိုင်ငံကို စိတ်တိုင်းကျ ခြယ်လှယ်ကြီးစိုးရန် ဖန်တီးထားသော ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးသာဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံရေး အသင်းအဖွဲ့များက (၉၁)ဌာန အုပ်ချုပ်ရေးကို မလိုလားခဲ့ကြပေ။

 ဒေါက်တာဘမော်၏ ဆင်းရဲသား ၀ံသာနုအဖွဲ့က (၉၁)ဌာန အုပ်ချုပ်ရေးကို တွန်းလှန်မည်။ နိုင်ငံရေးအသင်း အဖွဲ့များအားလုံး ညီညွတ်ပါက ရာထူးလက်မခံဘဲ တိုက်ဖျက်မည်ဟု ကြွေးကြော် ခဲ့သည်။ ငါးပွင့်ဆိုင်အဖွဲ့က အုပ်ချုပ်ရေးအသစ်ကို တိုက်ဖျက်ရန် စီစဉ်ခဲ့သည်။ ဦးချစ်လှိုင်အဖွဲ့က ဒေါက်တာဘမော်အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်ရန် လိုလားခဲ့သည်။

တို့ဗမာသခင်များက ရာထူးလက်မခံဘဲ အုပ်ချုပ်ရေးအသစ်ကိုတိုက်ဖျက်မည်ဟု ကြွေးကြော်ခဲ့ပြန်သည်။

အုပ်ချုပ်ရေးသစ်တိုက်ဖျက်ရေး ကြွေးကြော်သံများ ကြားမှပင် ဗြိတိသျှအစိုးရသည် ၁၉၃၆ နိုဝင်ဘာ ၁၀ ရက် မှ ၁၄ရက်နေ့အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအောက် လွှတ်တော်အမတ် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်ပါတီမှ (၄၆) ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓားမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင် ဂျီစီဘီအေမှ (၁၂)ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ (၃) ဦး၊ ဖေဘီယန်ပါတီမှ (၁) ဦး (ဦးမောင်မြစ်) နှင့် ရွှေတောင်ကြားပါတီမှ (၂)ဦး၊ သက်ပန်းဂျီစီဘီအေမှ (၁)ဦးနှင့် တသီးပုဂ္ဂလအမတ် (၁၇)ဦးတို့ ရွေးခံရသည်။

သို့သော် ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်အဖွဲ့သည် အမတ်အများစုအနိုင်ရရှိသော်လည်း အမတ်ဟောင်းများလျာထားစဉ်ကပင် အတွင်းရေး အားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ အစိုးရမဖွဲ့နိုင်သောအခြေနှင့် ကြုံတွေ့ရသည်။

ထိုအခါ ဒေါက်တာဘမော်သည် ငါးပွင့်ဆိုင်တွင် သဘောကွဲပြားနေသော အမ်အေဦးမောင်ကြီး၊ ၀တ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာဦးဘရင်၊ မန္တလေးဦးဘဦးစသည်တို့နှင့် အိန္ဒိယတိုင်းရင်းသားအမတ်များ၊ ကရင်အမျိုးသား အမတ်များ၊ ရခိုင်အမျိုးသားအမတ်များ၊ ဦးချစ်လှိုင်အဖွဲ့၊ တသီးပုဂ္ဂလအမတ်များနှင့် ညှိနှိုင်းရာ အမတ်ဦးရေအဖွဲ့ဝင် ၇၀မျှ ရရှိသွားလေသည်။ ထိုစဉ်အတွင်း အစိုးရအဖွဲ့ မဖွဲ့နိုင်ကြောင်း ကို ဦးဘဘေသည် ဘုရင်ခံထံသို့ ၁၉၃၇ခုနှစ် မတ်လ၁၁ရက် နေ့တွင် အကြောင်းပြန်လိုက်လေသည်။ ထို့ကြောင့် ဘုရင်ခံက ဒေါက်တာ ဘမော်အား အစိုးရအဖွဲ့စေရာ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ၁၉၃၇ခုနှစ် မတ်လ၂၆ ရက်နေ့တွင် အတည်ပြု၍ ၁၉၃၇ခုနှစ် ဧပြီလ၁ရက်မှစ၍ အုပ်ချုပ်ရန် ရွေးချယ်လိုက်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များမှာ -
(၁) ဒေါက်တာဘမော် – နန်းရင်းဝန်နှင့်ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ရွှေကျင်ဦးပု (ငါးပွင့်ဆိုင်အဖွဲ့) – သစ်တောရေးရာဝန်ကြီးချုပ်
(၃) ဦးပေါ်ထွန်း (ဦးချစ်လှိုင်အဖွဲ့) – ပြည်ထဲရေးဝန်ကြီးချုပ်
(၄) သာယာဝတီဦးမောင်မောင် (ဒေါက်တာဘမော်အဖွဲ့) – ပညာရေးဝန်ကြီးချုပ်
(၅) ဦးထွန်းအောင်ကျော် – ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်
(၆) စောဖေသာ – မြေနှင့်အခွန်ဘက်ဆိုင်ရာဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

သို့သော် ထိုနေ့မှာပင် ဦးဘဘေခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့က ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရ တဖွဲ့လုံးကို အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဌဦးချစ်လှိုင်က ၀န်ကြီးအဖွဲ့အသစ်ကို မတ်လ ၁၁ရက်နေ့ တွင် ရွေးချယ်ခဲ့ပြီးဖြစ်သော် လည်း ၁၉၃၇ခုနှစ် ဧပြီလ ၁ရက်နေ့မှသာ တာဝန်ထမ်းဆောင် ကြရမည့်သူများဖြစ်ကြောင်း၊ ယခု တင်သွင်းသောအဆိုသည် ဘောင်လွတ်ပြီး အချိန်မကျသေးကြောင်း အကြောင်းပြကာ အဆိုကိုပယ်ချလိုက်သည်။

ဗြိတိသျှအစိုးရအနေဖြင့် (၉၁) ဌာနအုပ်ချုပ်ရေးအသစ်လည်ပတ်ရေးအတွက် ပါဝင်ဆောင်ရွက်မည့်အမှုထမ်းများအား ရာထူးအဆင့်အတန်း အလိုက် အခွင့်အရေးများပေးခဲ့သည်။ နန်းရင်းဝန်အား လစာငွေ ကျပ် ၃၀၀၀၊ ၀န်ကြီးချုပ်တစ်ဦးလျှင် လစာငွေ ၂၅၀၀ကျပ်၊ လွှတ်တော်ဥက္ကဌ အတွက် လစာငွေ ကျပ် ၇၅၀၊ အမတ်တစ်ဦးလျှင် လစာငွေ ကျပ် ၂၅၀ နှင့်တကွ နေ့တွက်ခရီးစားရိတ်များပေးရန် သတ်မှတ်ပေးခဲ့သည်။ ယင်းမက်လုံးများဖြင့် ဆွဲဆောင်သဖြင့် အချို့နိုင်ငံရေးခေါင်းဆောင် များမှာ (၉၁) ဌာနအုပ်ချုပ်ရေးတည်တံ့ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

ဤသို့ဖြင့် ၁၉၃၇ ဧပြီ ၁ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အိန္ဒိယမှသီးခြားခွဲထုတ်ပြီး ၁၉၃၅ မြန်မာနိုင်ငံစီရင် အုပ်ချုပ်မှု ဥပဒေအရ စတင်အုပ်ချုပ်ခဲ့လေသည်။

သို့သော် တို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ (၉၁) ဌာန အုပ်ချုပ်ရေးကို အမြို့မြို့အရွာရွာ၌ ကန့်ကွက်ပွဲ ကျင်းပခဲ့ကြသည်။

အထက်ဖော်ပြပါ အုပ်ချုပ်ရေးအသစ် ရှုတ်ချပွဲများအပြင် ဥပဒေပြုအောက်လွှတ်တော်တွင် အစည်းအဝေးကျင်းပတိုင်းလည်း အတိုက်အခံတို့ က အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ကြသည်။ ဤသို့ဖြင့် ဥပဒေပြုလွှတ်တော်တွင် အဆိုတင်သွင်းကြ၊ အပေးအယူလုပ်ကြနှင့် နိုင်ငံရေး အတွက် အကျိုးမပြုနိုင်ကြောင်းကို ဒေါက်တာဘမော်က ၁၉၅၉ ခုနှစ် အောက်တိုဘာထုတ် The Guardian Magazine တွင် အောက်ပါအတိုင်း ရေးသားခဲ့လေသည်-
 “လိမ္မာစွာရေးသားပြဌာန်းထားသောပြုပြင်ချက်များပါသည့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်သည် ထိရောက်စွာအုပ်ချုပ်နိုင်စွမ်းမရှိသော အစိုးရ အဖွဲ့ များကိုသာ ဖော်ထုတ်ခဲ့လေသည်။ အစိုးရအဖွဲ့များသည် အုပ်ချုပ်ရန်အာဏာအခွင့်လည်း မရှိကြ။ အခွင့်အရေးအချို့ကို ဝေငှ၍ခံစားကြ ခြင်းဖြင့်သာ ပြီးရသည်။ ရာထူးတည်မြဲရေးအတွက် အပေးအယူလုပ်ခြင်းဖြင့်သာ အချိန်ကုန်ရသည်က များခဲ့၏….”

အထက်ဖော်ပြပါ ကောက်နုတ်ချက်ကို လေ့လာခြင်းဖြင့် (၉၁) ဌာနအစိုးရတွင် အာဏာမရှိကြောင်း၊ မြန်မာပြည်သူလူထုကို မည်သို့မျှ အကျိုးမပြုကြောင်းနှင့် ဗြိတိသျှစိုးမိုး အုပ်ချုပ်ရေးတည်တံ့ရန် အသက်ဆက်ပေးသည့် နည်းပရိယာယ်တစ်ရပ်သာ ဖြစ်ကြောင်း သိသာထင်ရှား လေသည်။ (၉၁)ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီနှင့်မခြားဘဲ အုပ်ချုပ်ရေးမျက်လှည့်ပြခြင်းသာ ဖြစ်သဖြင့် မြန်မာလူထုက မလိုလားခဲ့ပေ။ ထိုအုပ်ချုပ်ရေးကို လက်ခံသည့်အမတ်များ၊ ဝန်ကြီးချုပ်များနှင့် နန်းရင်းဝန်များ သာလျှင် လခကြီးများနှင့် အခွင့်အရေးများ ရရှိခံစားကြရသည်။

 မြန်မာတိုင်းရင်းသားအများစုမှာ တနေ့တခြား ဆင်းရဲကျပ်တည်းလာခဲ့သည်။ နယ်ချဲ့အရင်းရှင်များ၏ ဖိစီးနှိပ်စက်မှုဒဏ်ကြောင့် နောက်ဆုံး တွင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် ဆရာစံဦးဆောင်သော တောင်သူ လယ်သမားအရေးတော်ပုံများ ပေါ်ပေါက်ခဲ့ရသည်။ (၉၁) ဌာန အစိုးရ၏ အာဏာကင်းမဲ့ပုံနှင့် ဗြိတိသျှအစိုးရက အရင်းရှင်တို့ဘက်မှ ရပ်တည်ခဲ့ပုံများကို ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင် ဖြစ်ပွားခဲ့သော ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးက သိသာထင်ရှားလှသည်။

ဤသို့ဖြင့် နယ်ချဲ့လက်ပါးစေညွန့်ပေါင်းအစိုးရကသည် ပြည်သူတို့၏ အရေးအခင်းတွင် အရင်းရှင်တို့ဘက်မှ ရပ်တည်၍ ပြည်သူတို့အား တဖက်သတ် ဖိနှိပ်ခဲ့သည်။
သို့သော် ဒေါက်တာဘမော်ဦးဆောင်သော နယ်ချဲ့လက်ပါးစေညွန့်ပေါင်း အစိုးရသက်တမ်းအတွင်း ၁၉၃၈ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖြစ် ပွားခဲ့သော ချောက်ရေနံမြေသပိတ်၊ ၁၉၃၈ ဇူလိုင်လ ၂၆ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကုလား-ဗမာ အဓိကရုဏ်း၊ ၁၉၃၈ ဇူလိုင် ၃၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေး ကုလား-ဗမာအဓိကရုဏ်း၊ ၁၉၃၈ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပဲခူးခရိုင်နှင့် သထုံခရိုင်တို့မှ တောင်သူလယ် သမားရှစ်သောင်းကျော် လယ်သီးစားဥပဒေကြမ်းနှင့် လယ်မြေလွှဲပြောင်းရေးဆိုင်ရာ ဥပဒေကြမ်းများ အတည်ပြုရေးအတွက် တောင်းဆို ဆန္ဒပြပွဲများ၊ ၁၃၀၀ပြည့် အရေးတော်ပုံ၊ ၁၉၃၈ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗိုလ်အောင်ကျော် ကျောင်းသားအရေးအခင်း၊ ၁၉၃၉ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေးအာဇာနည်(၁၇) ဦးကျဆုံးခဲ့ရသည့် လူထုအရေးအခင်းများကြောင့် ၁၉၃၉ ဖေဖော်ဝါရီ ၁၆ရက်နေ့တွင် ဒေါက်တာဘမော်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသည် အယုံအကြည်မရှိအဆို တင်သွင်းခံရကာ ပြုတ်ကျ သွားခဲ့သည်။

ထို့နောက် ၁၉၃၉ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရွှေကျင် ဦးပုခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရ တက်လာခဲ့သည်။ ဦးပု ညွန့်ပေါင်းအစိုးရကို ၁၉၃၀ပြည့်နှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ဥပဒေပြုအောက်လွှတ်တော်အစည်းအဝေးတွင် ဦးဘဘေက ရွှေကျင်ဦးပုညွန့်ပေါင်းအစိုးရကို အယုံအကြည်မရှိ အဆို တင်သွင်းရာ အဆိုဘက်မှ ထောက်ခံမဲ ၈၁မဲ၊ ကန့်ကွက်မဲ ၃၂ မဲဖြင့် အနိုင်ရရှိသောကြောင့် အစိုးရသက်တမ်း (၇) လသာ ရှိသေးသော ဦးပုညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားခဲ့ရပြန်သည်။

၁၉၄၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ဂဠုန်ဦးစောဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။
အစိုးရအဖွဲ့ဝင်များမှာ-
(၁) ဂဠုန်ဦးစော – နန်းရင်းဝန်၊ သစ်တောရေးနှင့်ပညာရေးဝန်ကြီးချုပ်
(၂) ဆာပေါ်ထွန်း – အခွန်တော်ဝန်ကြီးချုပ်
(၃) ဦးသာယာဝတီမောင်မောင် – သယ်ယူပို့ဆောင်ရေးဝန်ကြီးချုပ်
(၄) ဦးအေး – ပြည်ထဲရေးဝန်ကြီးချုပ်
(၅) ဦးဘသန်း – ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်
(၆) စောဖေသာ – တရားရေးဝန်ကြီးချုပ်
(၇) ဦးဘသီ – ဘဏ္ဍာရေးဝန်ကြီးချုပ်
(နောက်ပိုင်းတွင် အစိုးရအဖွဲ့အတွင်းသို့ ဦးထွန်းအောင်ကျော်၊ ပုသိမ်ဦးဘအုန်းနှင့် မိတ္ထီလာဦးဘရင်တို့ ပါဝင်လာကြသည်။)

ဤသို့ မြန်မာပြည်သူတို့မလိုလားသည့် (၉၁) ဌာနအုပ်ချုပ်ရေးမှာ ဆက်လက်တည်မြဲနေဆဲပင်ဖြစ်သည်။
ဂဠုန်ဦးစောအစိုးရ လက်ထက်တွင် နိုင်ငံရေးသမားများကို ပိုမိုဖိနှိပ်နှိပ်စက်ခဲ့သည်။ ဂဠုန်ဦးစောသည် ဗမာ့ထွက်ရပ်ဂိုဏ်းကြီး၏ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ချေ။ ထို့အပြင် ဦးစောသည် မြန်မာနိုင်ငံရဟန်းပျိုအဖွဲ့ချုပ်မှ ကြီးမှူး၍ လုံးဝလွတ်လပ်ရေးအတွက် တမျိုးသားလုံးပါဝင်ရန် တိုက်တွန်းချက်ကိုလည်း မိမိတစ်ဦးတည်းအနေ ဖြင့် လွတ်လပ်ရေးတောင်းမည်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။ ထို့အပြင် ဦးစောအစိုးရလက်ထက်တွင် ဗြိတိသျှအစိုးရအလိုကျ စင်ပြိုင်နိုင်ငံရေးအဖွဲ့မှ နိုင်ငံရေးသမားအများအပြား ဖမ်းဆီးခဲ့သည်။ တို့ဗမာအစည်းအရုံးကြီး၏ ဂုဏ်သိက္ခာကျဆင်း ပျက်စီးစေရန်လည်း အမျိုးမျိုးကြိုးပမ်းခဲ့သည်။ 

ဤကဲ့သို့သော မတရားမှုများ နှင့် ဖိနှိပ်မှုများကြောင့် နိုင်ငံတဝှမ်းလုံးတွင် ဆူပူအုံကြွမှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ၁၉၄၁ ဖေဖော်ဝါရီ ၁၈တွင် အောက်လွှတ်တော် အစည်းအဝေး၌ အတိုက်အခံခေါင်းဆောင် ဦးဘဘေက ဦးဆောင်သောအစိုးရအပေါ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့သည်။ သို့သော် ၁၉၄၁ မတ်၁၉တွင် အောက်လွှတ်တော်တွင် အဆိုကိုမဲခွဲရာ ထောက်ခံမဲ ၄၇မဲ၊ ကန့်ကွက်မဲ ၇၂မဲရရှိသဖြင့် အဆိုရှုံးနိမ့်ကာ ဦးစောအစိုးရ တည်မြဲခဲ့သည်။

နန်းရင်းဝန်ဂဠုန်ဦးစောသည် လုံးဝလွတ်မြောက်ရေးကိုတောင်းဆိုမည်ဟုကြေညာကာ ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်္ဂလန်သို့ ထွက်ခွာခဲ့သည်။ ဦးစောမရှိခိုက် ဆာပေါ်ထွန်းက တာဝန်ယူကာ (၉၁) ဌာနအုပ်ချုပ်ရေးကို ဆက်လက်လည်ပတ်ခဲ့သည်။

သို့သော် (၉၁) ဌာနအုပ်ချုပ်ရေးခေတ် ၅နှစ်တာကာလအတွင်း ညွန့်ပေါင်းအစိုးရများသာ ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုညွန့်ပေါင်းအစိုးရများမှာလည်း မကြာခဏ အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခြင်းခံခဲ့ရသဖြင့် (၅) နှစ်အတွင်း အစိုးရ (၄) ကြိမ်ပြောင်းခဲ့သည်။ 

၁၉၄၂ ဇန်နဝါရီလဆန်းတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်များသည် မြိတ်၊ မော်လမြိုင်၊ စစ်တောင်းစသည့်မြို့များကိုသိမ်းပိုက်သောအခါ ဗြိတိသျှဘုရင်ခံနှင့် အစိုးရ အဖွဲ့ဝင်များ ၁၉၄၂ မတ် (၁) ရက်နေ့ ရန်ကုန်မှ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် (၉၁) ဌာန အုပ်ချုပ်ရေး ချုပ်ငြိမ်း သွားခဲ့လေသည်။

(ဆက်လက်ဖော်ပြပါမည်။)

 http://moemaka.com/?p=21386

၁၉၂၂ ဒိုင်အာခီ - ရွေးကောက်ပွဲများစစ်တမ်း (၁)


မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၁)

သန်းဝင်းလှိုင်
မတ်လ ၄၊ ၂၀၁၂
ဗြိတိသျှနယ်ချဲ့တို့ မြန်မာနိုင်ငံ စစ်ပွဲသုံးကြိမ်ဆင်နွှဲခဲ့ပြီးနောက် ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင် (Lord Dufferin – 1826-1902) က “အင်ပိုင်ယာပြည့်ရှင် ဘုရင်မကြီး၏ အမိန့်အရ ယနေ့မှစ၍ ဘုရင်ခံနှင့်ဘုရင်ခံချုပ်တို့က သဘောအရ ခန့်ထားလိုက်သော အရာရှိများနှင့် ဆက်လက်အုပ်ချုပ်စေ” ဟူ၍ ကြေညာချက်ထုတ်ပြန်ခဲ့လေသည်။ သို့သော် သူ့ကျွန်ဘ၀၌ မနေလိုသော ၀ံသာနုမျိုးချစ်ခေါင်းဆောင်တို့က ရရာလူသူလက်နက်စုဆောင်းပြီး ဆက်လက် တွန်းလှန်တိုက်ခိုက်ခဲ့သဖြင့် ကြေညာချက်ထုတ်ပြီး (၁၀) နှစ်တိုင်အောင် ယင်းတို့ထင်သလို အုပ်ချုပ်၍မရခဲ့ပေ။
ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေး၊ မြန်မာ့အနုပညာ၊ စာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးတို့ကိုရည်ရွယ်၍ ရန်ကုန်မြို့ ၂၈ လမ်း၊ အမှတ် ၈၆ ဦးမောင်ကြီးနေအိမ်၌ ၁၉၀၆ ခု မေလ ၁၀ ရက်နေ့တွင် ဦးဘဘေ၊ ဒေါက်တာဘရင်၊ ဦးမောင်ကြီးတို့ စတင်စည်းရုံးလှုံ့ ဆော်၍ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းခေါ် YMBA ကို စတင်တည်ထောင်ခဲ့သည်။ ၀ိုင်အမ်ဘီအေအသင်းသို့ နောက်ပိုင်းတွင် ကော လိပ်ကျောင်းသားများ၊ ပင်စင်စားများနှင့် လူငယ်များပါဝင်လာကြသည်။ ၀ိုင်အမ်ဘီအေသည် အစပိုင်း၌ သာသနာရေး၊ ပညာရေးနှင့် လူမှု ရေးသာဖြစ်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် ဖြစ်လာခဲ့ သည်။

ဝိုင်အမ်ဘီအေအသင်းချုပ်ကြီး၏ ပထမဆုံးနိုင်ငံရေးဆောင်ရွက်ချက်မှာ အိန္ဒိယသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍ အုပ်ချုပ်ရေး တိုးမြှင့်ပေး ရန်တောင်းဆိုမှုပင်ဖြစ်သည်။ ၁၉၁၇ တွင် ၀ိုင်အမ်ဘီအေမှ ဦးစု၊ ဦးဖေ၊ ဦးဘဘေနှင့် ဦးမေအောင်တို့ကို အိန္ဒိယသို့စေလွှတ်၍ အရေး ဆိုတင်ပြခဲ့သည်။ ထို့နောက် အိန္ဒိယကို အုပ်ချုပ်ရေးတိုးမြှင့်ပေးသည့် မွန်တေဂူချမ်းစဖို့စီမံကိန်း ထွက်လာသောအခါ မြန်မာကိုချန်ထား၍ ပြည်သူတို့လိုလားသော အုပ်ချုပ်ရေးတောင်းဆိုရန်အတွက် အင်္ဂလန်သွားကိုယ်စားလှယ်အဖြစ် ၀ိုင်အမ်ဘီအေမှ ဦးဘလေ (ဘကြီးဘဘေ)၊ ဦးပု (၀တ်လုံတော်ရ ရွှေကျင်)၊ ဦးထွန်းရှိန် (ကျောင်းအုပ်ဆရာကြီး မန္တလေး) (ဘေ၊ ပု၊ ရှိန်) တို့ကိုရွေးချယ်၍ ၁၉၁၉ ဇူလိုင်လ ၇ ရက် အင်္ဂ လန်ပြည်သို့စေလွှတ်ခဲ့သည်။

ထို့နောက် ဗြိတိသျှတို့သည် မွန်တေဂူချမ်းစဖို့စီမံကိန်းအရ အိန္ဒိယကို ဒိုင်အာခီအုပ်ချုပ်ရေးပေးသောအခါ မြန်မာနိုင်ငံကိုချန်ထားပြီး ကရက် ဒေါက်စီမံကိန်းဖြင့် နှစ်သိမ့်ရန် လှည့်စားခဲ့ပြန်သည်။ ၁၉၂၀ပြည့်နှစ် မေလ ၂၉ ရက်နေ့တွင် ၀ိုင်အမ်ဘီအေအသင်းနှင့် နိုင်ငံလုံးဆိုင်ရာ အသင်းအဖွဲ့များ၏ဆုံးဖြတ်ချက်အရ ကရက်ဒေါက်စီမံကိန်းကိုဆန့်ကျင်၍ မြန်မာနိုင်ငံအား ဒိုင်အာခီခေါ် ပူးတွဲတာဝန်ခံအုပ်ချုပ် ရေးရရှိ အောင် တောင်းဆိုရန် ဦးဘဘေ၊ ဦးပု၊ ဦးသိမ်းမောင် (၀တ်လုံတော်ရ) (ဘေ၊ ပု၊ မောင်) ကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်ပြည်သို့ စေလွှတ်ခဲ့ ပြန်သည်။

ယင်းသို့ အမျိုးသားရေးလှုပ်ရှားမှုများကြောင့် အမျိုးသားစိတ်များတက်ကြွနေစဉ်အတွင်း ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ မှ ၃၁ ရက် အထိကျင်းပခဲ့သော ၀ိုင်အမ်ဘီအေ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အဋ္ဌမအကြိမ်မြောက်ညီလာခံကို ပြည်မြို့၌ကျင်းပ၍ ၀ိုင်အမ်ဘီအေ အသင်း ကြီးကို မြန်မာတိုင်းရင်းသားအသင်းများ၏ အသင်းချုပ်ကြီး (General Council of Burmese Association – G-C-B-A) ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုစဉ်အတွင်းမှာပင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားတို့ဦးဆောင်၍ ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံဥပဒေပြုကောင်စီမှ လက်ခံအတည်ပြုခဲ့သည့် တက္ကသိုလ်အက်ဥပဒေကိုပါ မကျေနပ်ချက်များကို ကန့်ကွက်သည့် သပိတ် မှောက်ပွဲကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်ခဲ့လိုက်ကြသည်။ ပထမတက္ကသိုလ်ကျောင်းသားသပိတ်သည် နယ်ချဲ့အစိုးရ ကို တော်လှန်ရမည်ဆိုသည့် ရဲစိတ်ကိုမွေးပေးပြီး ရဲဆေးတင်ပေးသည့် သပိတ်လည်းဖြစ်သည်။ ကျောင်းသားသပိတ်နှင့်အတူ တပြည်လုံး တွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာ၍ အမျိုးသားရေးအုံကြွမှုများ ပိုမိုပြင်းထန်လာခဲ့ခြင်းကြောင့် နယ်ချဲ့အစိုးရသည် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ တွင် ဒိုင်အာခီရွေးကောက်ပွဲများကို ကျင်းပပေးခဲ့ရသည်။

ဒိုင်အာခီ (Dyarchy) ဆိုသည်မှာ နှစ်ဦးနှစ်ဖွဲ့အုပ်ချုပ်ခြင်းဟု အဓိပ္ပါယ်ရသည်။
ထိုရွေးကောက်ပွဲများသည် နယ်ချဲ့တို့က ၎င်းတို့လိုချင်သည့်ပုံစံရအောင် လုပ်ဆောင်နိုင်ရေးအတွက် လူထုတရပ်လုံးကို လှည့်စားခဲ့ခြင်း ဖြစ် သော်လည်း ထူးခြားမှုမှာ လူထုအုံကြွမှုကြောင့် ပြည်သူလူထုမှမဲပေးဆုံးဖြတ်ရသည့် ရွေးကောက်ပွဲပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။
ဗြိတိသျှဘုရင်ခံနှင့် ပြည်သူ့ကိုယ်စားလှယ်တို့ ပူးတွဲအုပ်ချုပ်ခဲ့သည် ဒိုင်အာခီအုပ်ချုပ်ရေးသည် ၁၉၂၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံကို ၁၈၉၇ မှစ၍ ဒုတိယဘုရင်ခံက အုပ်ချုပ်ခဲ့ရာမှ ဒိုင်အာခီအုပ်ချုပ်ရေးစသည့်အချိန်မှစ၍ ဘုရင်ခံက အုပ်ချုပ်ခဲ့ သည်။ ထို့ကြောင့် အုပ်ချုပ်ရေးဖွဲ့စည်းပုံတွင် ဘုရင်ခံ၏လက်အောက်၌ အဖွဲ့ဝင် ၁၀၃ ဦးပါဝင်သော ဥပဒေပြုကောင်စီနှင့် ၀န်ကြီး လေးဦးပါ သော အုပ်ချုပ်မှုကောင်စီတို့ ရှိလာသည်။

ဥပဒေပြုကောင်စီအဖွဲ့ ၁၀၃ ဦးအနက် ၂၂ ဦးကို ဘုရင်ခံက တိုက်ရိုက်ခန့်ထားသည်။ ရာထူးအလျောက်ပါရသူက ၂ ဦးရှိသည်။ ကျန်သော ၇၉ ဦးကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ရသည်။ ထိုပြည်သူ့ကိုယ်စားလှယ် ၇၉ ဦးတွင် မြန်မာ ၅၈ ယောက်၊ ကရင် ၅ ယောက်၊ အိန္ဒိယသား ကိုယ်စားလှယ် ၈ ယောက်၊ တက္ကသိုလ်မှ ၁ ယောက်၊ ဥပရောပတိုက်သားကိုယ်စားလှယ် ၁ ယောက်၊ အင်္ဂလိပ်ကပြား ၁ ယောက်၊ ဥရောပတိုက်သားကုန်သည်ကြီးများအသင်းမှ ၂ ယောက်တို့ဖြစ်ကြသည်။

 ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ရာတွင်လည်း ကန့်သတ် ချုပ်ချယ်မှုများ ရှိသည်။ ငွေကြေးချမ်းသာသူလူတန်းစားများနှင့် အထက်တန်းလွှာများသာ ပြည်သူ့ကိုယ်စားလှယ်ရွေးပွဲ၌ မဲပေး ခွင့်ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ထိုစဉ်က လူဦးရေ ၁၂ သန်းကျော်ရှိရာ ၂ သန်းမျှသာ မဲပေးခွင့်ရကြသည်။ ထို့အပြင် အင်္ဂလိပ်ကုန်သည် ၁၀၀ လျှင် ကိုယ်စားလှယ် ၁ ယောက်ရွေးချယ်ခွင့်ရသော်လည်း မြန်မာတိုင်းရင်းသားတို့မှာ လူဦးရေ ၃ သောင်းမှ ကိုယ်စားလှယ် ၁ ယောက် သာ ရွေးခွင့်ရသည့်စနစ်လည်းဖြစ်သည်။ အုပ်ချုပ်ရေးကောင်စီအတွက် ၀န်ကြီး ၄ ဦးအနက် ၂ ဦးကို ဘုရင်ခံက တိုက်ရိုက်ခန့်သည်။ ကျန် ၂ ဦးမှာမူ ဥပဒေပြုကောင်စီက ထောက်ခံတင်ပြပြီး ဘုရင်ခံကလက်ခံသည့် ပြည်သူ့ကိုယ်စားလှယ်တို့ဖြစ်သည်။

အုပ်ချုပ်ရေးဌာနများကို သီးသန့်နှင့် လက်ပြောင်းဟု ခွဲထားသည်။ သီးသန့်ဌာနများကို ဘုရင်ခံကအုပ်ချုပ်ပြီး လက်ပြောင်းဌာနများကို ပြည်သူ့ကိုယ်စားလှယ်တို့က အုပ်ချုပ်ရသည်။  

သီးသန့်ဌာနများတွင် အရေးကြီးသည့် ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြား ဆက်ဆံရေး၊ တရားရေးနှင့် ရာဇ၀တ်မှုခင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အလုပ်သမားနှင့် ငွေစက္ကူထုတ်လုပ်ရေး၊ မြေခွန်နှင့် အမြတ်ခွန်၊ အထွေထွေအုပ်ချုပ်ရေး စသည်တို့ပါဝင်သည်။ 
 လက်ပြောင်းဌာနများမှာ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ် ရေး၊ ပညာရေး၊ ယစ်မျိုး၊ သမ၀ါယမနှင့် သစ်တောဌာနတို့ဖြစ်သည်။ 
ဒိုင်အာခီအုပ်ချုပ်ရေးပေးချိန်အထိ မြန်မာနိုင်ငံမှာ ဗြိတိသျှပိုင် အိန္ဒိယ နိုင်ငံ၏ ပြည်နယ်တစ်ခုပင် ဖြစ်နေသေးသည်။ ထို့ကြောင့် မြန်မာအစိုးရမှာလည်း ဗြိတိသျှအစိုးရလက်အောက်ခံ အိန္ဒိယဗဟိုအစိုးရ၏ လက်အောက်ခံပင်ရှိသေးသည်။ 
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကိစ္စများကို အိန္ဒိယဗဟိုအစိုးရ၊ မြန်မာနိုင်ငံရှိဘုရင်ခံနှင့် ပြည်သူ့ ကိုယ်စားလှယ်တို့ ခွဲဝေအုပ်ချုပ်သည့်စနစ်လည်းဖြစ်သည်။ ဥပဒေပြုကောင်စီနှင့် အုပ်ချုပ်မှုကောင်စီတို့၏ အစီအမံဆောင်ရွက်ချက် မှန် သမျှသည် ဘုရင်ခံက ကျေနပ်၍လက်ခံမှ အတည်ဖြစ်ရသည်။ ဥပဒေပြုကောင်စီနှင့် အုပ်ချုပ်မှုကောင်စီတို့၏ အစီအမံများကို ဘုရင်ခံက မကြိုက်လျှင် ဗီတိုအာဏာဖြင့် ပယ်ဖျက်နိုင်သည်။ ပြည်သူ့ကိုယ်စားလှယ်များသို့ ခွဲပေးထားသော အုပ်ချုပ်ရေးအာဏာများကိုလည်း ဘုရင်ခံက အချိန်မရွေးရုတ်သိမ်းနိုင်သည်။ ထို့ကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှာ ဘုရင်ခံသာဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ် တို့မှာ ဘုရင်ခံ၏ အတိုင်ပင်ခံမျှသာဖြစ်၍ ဥပဒေပြုကောင်စီတွင်ပါသော ပြည်သူ့ကိုယ်စားလှယ်များကို မြန်မာတို့က မင်းတိုင်ပင်အမတ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဗြိတိသျှတို့၏သွေးခွဲမှုအရ ဒိုင်အာခီအုပ်ချုပ်ရေးမှာ ပြည်မအတွက်သာဖြစ်ပြီး ကချင်၊ ကယား၊ ချင်း၊ ရှမ်း စသော ပြည်ထောင်စုဖွား တိုင်း ရင်းသားများ၊ နယ်စပ်ဒေသများနှင့် မဆိုင်ပေ။ ၄င်းတို့ကို ခြွင်းချန်ဒေသဟုသတ်မှတ်ပြီး ဘုရင်ခံက ဆက်လက်ချုပ်ကိုင်ထားသည်။ ထို့ ကြောင့် ဒိုင်အာခီအုပ်ချုပ်ရေးသည် ဧရိယာအားဖြင့် သုံးပုံတစ်ပုံအတွက် အကျိုးခံစားခွင့်မရသော အုပ်ချုပ်ရေးလည်းဖြစ်သည်။

ဒိုင်အာခီအုပ်ချုပ်ရေးကြောင့် ပြည်သူ့ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးလုပ်ငန်းများ၌ အတွေ့အကြုံရရုံမှတပါး နိုင်ငံရေးအာဏာ လုံးဝ မရှိပေ။ ထိုအချိန်က မြန်မာတို့လိုချင်သော အုပ်ချုပ်ရေးမျိုးမှာလည်း ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးပင်ဖြစ်သည်။ ထို့ကြောင့် မျိုးချစ်စိတ်ပြင်းထန်သည့် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူအများစုက ဒိုင်အာခီကို ဆန့်ကျင်၍ သပိတ်မှောက်ကြသည်။

 ဒိုင်အာခီဥပဒေပြုကောင်စီအတွက် ပထမဆုံး ပြည်သူ့ကိုယ်စားလှယ်ရွေးပွဲကို ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့တွင် ကျင်းပသောအခါ ဦးဘဘေခေါင်းဆောင်သော ၂၁ ဦးပါတီ (ထိုစဉ်က ၂၁ဦးအဖွဲ့ကို အမျိုးသားပါတီဟုခေါ်ပြီး၊ နောင်တွင် ပြည်သူပြည်သားအဖွဲ့အမည်မှ ငါးပွင့်ဆိုင်အဖွဲ့ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။) နှင့် ဆာဂျေအေမောင်ကြီးခေါင်းဆောင်သော ပရိုဂရက်စစ်ပါတီ (Progressive Party) ခေါ် ရွှေတောင်ကြားပါတီ (ဆာဂျေအေမောင်ကြီးတို့၏ ပရိုဂရက်စစ်ပါတီဝင်အများစုမှာ ကြေးရတက်များဖြစ်ပြီး ရွှေတောင်ကြားရပ်ကွက်တွင် နေထိုင်ခဲ့ကြ၍ ‘ရွှေတောင်ကြားပါတီ’ ဟု အမည်တွင်နေခြင်းဖြစ်သည်။) တို့သာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြသည်။ ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော် (လှိုင်၊ပု၊ကျော်) တို့၏ ဂျီစီဘီအေက သပိတ်မှောက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဒိုင်အာခီကို လက်ခံသင့် မသင့်ပြဿ နာပေါ်ပေါက်လာပြီး မြန်မာတို့၏ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတပ်ဦးဖြစ်သော ဂျီစီဘီအေအသင်းချုပ်ကြီးလည်း နှစ်ခြမ်းကွဲသွားခဲ့ရ လေသည်။

ဒိုင်အာခီအုပ်ချုပ်ရေးအရ မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံချုပ်သည် ဆာဟာကုတ်ဘတ္တလာဖြစ်လာပြီး၊ ထိုစဉ်က ဒိုင်အာခီအုပ်ချုပ်ရေးအစိုးရ အဖွဲ့ဝင်များမှာ-
(၁) ဆာဝီလျံဂျွန်ကိတ် (Sir William John Keith., C.I.E, I.C.S) – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) မောင်ခင် (ဆာမောင်ခင်)- ပြည်ထဲရေးဝန်ကြီးချုပ်
(၃) အမ်အေ ဦးမောင်ကြီး – ပညာရေးဝန်ကြီးချုပ်
(၄) ဂျေအေမောင်ကြီး [Joseph Augustus Maung Gyi (၁၈၇၂ - ၁၉၅၅)] -သစ်တောရေးရာဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်အရ ဒုတိယအကြိမ် ဥပဒေပြုလွှတ်တော်အမတ်ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပရာ ရွေးကောက်ပွဲတွင် ဂျေအေမောင်ကြီး (နောင်ဆာဘွဲ့ရ) ကြီးမှူးသော အင်ဒီပင်းဒင့်ပါတီ (Independent Party) ခေါ် ရွှေတောင်ကြားပါတီ (Golden Valley Party) က အမတ် ၂၀ ကျော် အရွေးခံရသည်။ သာယာဝတီဦးပု ဦး ဆောင်သည့် ဟုမ္မရူးလိဂ်ပါတီက အမတ် ၂ ဦး အရွေးခံရသည်။
ဒုတိယအကြိမ်ရွေးကောက်ပွဲအပြီး ဒိုင်အာခီအစိုးရအဖွဲ့ဝင်များမှာ -
(၁) ဆာဝီလျံကိတ် – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဦးမေအောင် – ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဆာလီအရိန် – သစ်တောရေးဝန်ကြီးချုပ်
(၄) ဒေါက်တာဘရင် – ပညာရေးဝန်ကြီးချုပ်တို့ဖြစ်ကြသည်။
သို့သော် ဒိုင်အာခီအုပ်ချုပ်ရေးဒုတိယသက်တမ်းအတွင်း ၁၉၂၈ ခု၊ မေလ ၁ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးချုပ် ဆာဝီလျံဂျွန်ကိတ်၏ ရာထူးနေရာတွင် မစ္စတာစမစ် (Samual Andrew Smyth, C.S.I, I.C.S) က ဆက်ခံခဲ့သည်။

ထို့နောက်တဖန် ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် တတိယအကြိမ် ဒိုင်အာခီဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲကျင်းပခဲ့ရာ ပြည်သူ ပြည်သားပါတီက အမတ် ၄၀ ဦး၊ ရွှေတောင်ကြားပါတီက အမတ် ၁၂ ဦး အရွေးခံရသည်။
ယင်းနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သုံးကြိမ်မြောက် ဒိုင်အာခီအစိုးရအဖွဲ့ကို ဖွဲ့စည်းရာ -
(၁) ဆာမြူရယ်အင်ဒရူးစမစ် – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဆာဂျေအေမောင်ကြီး – ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဆာလီအရိန် – သစ်တောရေးရာဝန်ကြီးချုပ်
(၄) ဦးဘတင် – ပညာရေးဝန်ကြီးချုပ်တို့တာဝန်ပေးအပ်ခံရသည်။
ထိုမှတဖန် မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေးအရ

စတုတ္ထအကြိမ်ဥပဒေပြုလွှတ်တော်အမတ်ရွေးကောက်ပွဲကို ၁၉၃၂ နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် လူဦးရေ ၁၄ သန်း ၈ သိန်း ကျော်ရှိပြီး၊ မဲပေးနိုင်သူဦးရေမှာ ၂ သန်း ၃ သိန်းကျော် ရှိသည်။ သို့သော် မဲပေးသူဦးရေ ၉ သိန်းကျော်ကသာ လာရောက်မဲပေးခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်းသာ ရှိသည်။
ရွေးကောက်ပွဲတွင် ပါတီအလိုက် ရွေးကောက်ခံရသည့် အမတ်ဦးရေမှာ -
ဒေါက်တာဘမော်ပါတီ – ၂၅ ဦး
ဦးချစ်လှိုင် ဂျီစီဘီအေ – ၂၀ ဦး
ဦးဘဘေ ပြည်သူပြည်သားပါတီ – ၂၀ ဦး တို့ဖြစ်ပြီး၊ ဆာဂျေအေမောင်ကြီး၏ ရွှေတောင်ကြားပါတီမှာ လူထုထောက်ခံမှုမရရှိသဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့ရသည်။ ထူးခြားချက်မှာ ရွေးကောက်ပွဲတွင် မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး မင်းတိုင်ပင်အမတ်အဖြစ် ဒေါ်နှင်းမြ (မော်လမြိုင်) အရွေးခံရခြင်းဖြစ်သည်။

စတုတ္ထအကြိမ်မြောက် ဒိုင်အာခီအုပ်ချုပ်ရေး အစိုးရအဖွဲကမဖွဲ့မီ မြန်မာနိုင်ငံ ဥပဒေပြုလွှတ်တော် အစည်းအဝေး၌ တွဲရေး ခွဲရေးနှင့်စပ်လျဉ်း၍ ခွဲရေးအဆိုတစ်ခုနှင့် တွဲရေး အဆိုငါးခုတင်သွင်းခဲ့ကြသည်။ ခွဲရေးအဆိုတစ်ရပ်မှာ ယူနီဗာစီတီအမတ် ဦးထွန်းဖေတင်သွင်းသည့် “မြန်မာနိုင်ငံကို အိန္ဒိယပြည်မှ အမြဲခွဲခွာပေးရန်ကို လက်ခံလိုသည်” ဟူ၍ ဖြစ်သည်။ တွဲရေးအဆို ၅ ရပ်အနက် အဆိုတစ်ရပ်မှာ တွဲရေးအမတ် ရမ်းဗြဲဦးမောင်မောင်တင်သွင်းသည့် အိန္ဒိယပြည်မှ မြန်မာပြည်ကို ခွဲခွာရန်စီမံခြင်းကို ဤလွှတ်တော်က ကန့်ကွက်သည်။ ထို့အပြင် အိန္ဒိယနှင့် အမြဲတွဲဖက်ထားခြင်းကိုလည်း ဤလွှတ်တော်က အလိုမရှိ၊ မြန်မာပြည်သည် ခွဲထွက်လိုသောအခါ ခွဲထွက်ခွင့်ရှိရမည်ဟူ၍ ဖြစ်သည်။ လွှတ် တော်ဥက္ကဌ ဦးချစ်လှိုင်က ဦးထွန်းဖေ၏ ခွဲရေးအဆိုကိုသာလက်ခံပြီး တွဲရေးအဆို ၅ ရပ်ကို ပယ်ချလိုက်သည်။ ဦးချစ်လှိုင်က ဦးထွန်းဖေ၏ ခွဲရေးအဆိုနိုင်လျှင် ခွဲရေးနိုင်မည်။ ခွဲရေးအဆိုရှုံးလျှင် တွဲရေးနိုင်မည်။ ဥပဒေပြုလွှတ်တော်တွင် တွဲရေးအမတ်များက ခွဲရေးအဆိုကို ကန့် ကွက်ပယ်ချလိုက်လျှင် တွဲရေး အလိုအလျောက်နိုင်ပြီဖြစ်သည်ဟု ယူဆခဲ့သည်။ သို့သော် တွဲရေးအမတ်များခေါင်းဆောင်သော ဒေါက်တာ ဘမော်နှင့် အခြားတွဲရေးအမတ်များက ရမ်းဗြဲဦးမောင်မောင်၏အဆိုသည် ဂျူဗလီဟောဆုံးဖြတ်ချက် အရဖြစ်သည်ဆို၍ ဦးချစ်လှိုင်နှင့် အယူအဆကွဲပြားကာ ဦးချစ်လှိုင်ကို ဆန့်ကျင်ခဲ့ကြသည်။

ယင်းနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဆက်လက်ကျင်းပသော ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင် ဆာဂျေအေမောင်ကြီးက လွှတ်တော်ဥက္ကဌဦးချစ်လှိုင်အား အယုံအကြည်မရှိအဆိုတင်သွင်းခဲ့ရာ အယုံအကြည်မရှိအဆို အနိုင်ရသောကြောင့် ဦးချစ်လှိုင် လွှတ်တော် ဥက္ကဌအဖြစ်မှ ပြုတ်ကျခဲ့ရသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် လွှတ်တော်အစည်းအဝေး၌လွှတ်တော်ဥက္ကဌအဖြစ် ဆာအောင်ဒီကလန်မီ ဆိုသူကို ရွေးချယ်ခဲ့ကြသည်။

၁၉၃၂ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆက်လက်ကျင်းပသော ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင် ရမ်းဗြဲဦးမောင်မောင်၏ အဆိုဖြစ် သည့် ၁၉၃၂ ဇန်န၀ါရီလ ၁၂ ရက်နေ့ မျက်နှာစုံညီအစည်းအဝေးမှ ဗြိတိသျှအစိုးရလျာထားသောစနစ်ကိုအခြေခံထား၍ အိန္ဒိယပြည်မှ မြန်မာနိုင်ငံကို ခွဲခွာရန်စီမံခြင်းကို ကန့်ကွက်ကြောင်း၊ ထို့အပြင် အိန္ဒိယပြည်နှင့် အမြဲတွဲဖက်ထားခြင်းကိုလည်း အလိုမရှိကြောင်း၊ ခွဲထွက် လိုသောအခါ ခွဲထွက်ခွင့်ရှိရမည်ဟူသည်ကို သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဘုရင်ခံ ဆာချားလ်စ် အလက်ဇန္ဒားအင်းနစ် ရာထူး စွန့်လွှတ်၍ မြန်မာနိုင်ငံဘုရင်ခံအသစ်အဖြစ် ဆာဟူးဂ်ျလင်းစဒေါင်း စတီဖင်ဆင် (Sir Hugh Lansdown Stephenson) က ၁၉၃၂ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲကျင်းပပြီး ၂ လအကြာ ၁၉၃၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် ဒိုင်အာခီအုပ်ချုပ်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ အစိုးရအဖွဲ့ဝင်များမှာ-
(၁) မစ္စတာကူးပါး (Mr.T. Couper, C.S.I, I.C.S) – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဆာမောင်ကြီး – ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဆာဂျေအေမောင်ကြီး – သစ်တောရေးရာဝန်ကြီးချုပ်
(၄) ၀တ်လုံဦးကျော်ဒင် – ပညာရေးဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ၂၀ ရက်နေ့တွင် ဦးဘဘေနှင့် ဒေါက်တာဘမော်တို့က အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်များဖြစ်ကြသော ဆာဂျေအေ မောင်ကြီးနှင့် ဦးကျော်ဒင်တို့ကို အယုံကြည်မရှိအဆိုတင်သွင်းရာ ဒိုင်အာခီအုပ်ချုပ်ရေးခေတ်တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ပထမဆုံး အကြိမ် အယုံအကြည်မရှိအဆို တင်သွင်းခြင်းခံခဲ့ရခြင်းဖြစ်သည်။ အယုံအကြည်မရှိအဆိုဖက်မှ အနိုင်ရရှိခြင်းကြောင့် ဆာဂျေအေမောင် ကြီးနှင့် ဦးကျော်ဒင်တို့ အစိုးရအဖွဲ့မှ နှုတ်ထွက်ပေးခဲ့ရပြီး ၁၉၃၄ ဧပြီလ ၉ ရက်နေ့တွင် ဒိုင်အာခီအစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း ခဲ့သည်။
ပဉ္စမအကြိမ်မြောက် ဒိုင်အာခီအုပ်ချုပ်ရေးအစိုးရအဖွဲ့ဝင်များမှာ -
(၁) မစ္စတာကူးပါး – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဆာမောင်ဘ – ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဦးဘဘေ – သစ်တောရေးရာဝန်ကြီးချုပ်
(၄) ဒေါက်တာဘမော် – ပညာရေးဝန်ကြီးချုပ်တို့ဖြစ်သည်။

ပဉ္စမအကြိမ်မြောက် ဒိုင်အာခီအုပ်ချုပ်ရေးသက်တမ်းအတွင်း ၁၉၃၅ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် " မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက် ဥပဒေ" ကို ထုတ်ပြန်ခဲ့သည်ဤဥပဒေအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ပြည်နယ်တစ်ခုမဟုတ်တော့ဘဲ ဗြိတိသျှအင်ပါယာအတွင်း သီးခြားနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် ၁၉၂၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှ စတင်ခဲ့သော ဒိုင်အာခီအုပ်ချုပ်ရေးသည် မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ – ၁၉၃၅ အရ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို ပြည်သူ့လွှတ်တော်ကိုယ်စားခေါ် အမတ်များက အုပ်ချုပ်ရေးဌာနပေါင်း ၉၁ ဌာနကို စီမံအုပ်ချုပ်ရ သော ၉၁ ဌာနအုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာသောကြောင့် ၁၉၃၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိဂုံးချုပ်သွားခဲ့လေသည်။
(ဆက်လက်ဖော်ပြပါမည်။)

မြန်မာအစ

by Aung Zaw Bo on Tuesday, March 5, 2013 at 6:21pm ·

မြန်မာအစ
ဦးဘမော် (မန္တလေးတက္ကသိုလ်)

 ၁၉၈၅ ခု ဇန်ဝါရီလထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးတဲ့၊ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဆရာကြီးဦးဘမော် ရဲ့ မြန်မာအစဆောင်းပါးကို၊ ဖတ်မိတာမို့၊ ကူးယူဖော်ပြ လိုက်ပါတယ်ခင်ဗျား။

 
မြန်မာအစဆောင်းပါး ဆောင်းပါးရဲ့ ငွေတာရီမဂွဇင်းစာမျက်နှာသရုပ်ဖော် ပန်းချီဆရာကို၊ ခေါါတ်ကာလအရ၊ ကောက်ကြောင်းပုံစံ Style အရကြည့်မယ်ဆိုရင် ဆရာမောင်မောင်သိုက်၊ ဆရာကျော်သောင်း၊ ဆရာမောင်ကျော်ညွန့်တို့နဲ့ ခေါါတ်ပြိုင် ဆရာတင်လှဝင်းထင် လို့ထင်ပါတယ်။ ဆရာဝသုန် ဆွဲလေ့ရှိတဲ့ ကောက်ကြောင်းပုံစံ Style နဲ့ အရောင်သဘောတရားအရ၊ အနည်းငယ်ကွဲပြား နေလို့ အခုလို ယူဆမိတာပါ။ မဂွဇင်းစာမျက်နှာသရုပ်ဖော် ပန်းချီနဲ့ ဆရာကြီးဦးဘမော် ရဲ့ ဆောင်းပါးအရ ၁၉၈၅ လောက်မှာ၊ မြန်မာလူမျိုး Fossil Geologist ရုပ်ကြွင်းဆိုင်ရာ ဘူမိဗေဒ ပညာရှင်တွေဟာ သမိုင်း၊ မနုဿဗေဒ နဲ့ ဒဿနိကဗေဒဆိုင်ရာ အယူအဆတခုကိုရှာဖွေခဲ့တယ်လို့ယူဆရပါတယ်။

မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော မြန်မာ၊ မွန်၊ ကချင်၊ ရှမ်း၊ ကရင်တို့ဖြစ်ပေါ်လာပုံ အကြောင်း ကို လွန်ခဲ့သော အနှစ် ၆၀လောက်ကပင် အစဉ်တစိုက် သမိုင်းပညာရှင် သုတေသီတို့များက ဖော်ထုတ်ခဲ့ကြသည်။ ၎င်းတို့မှာ ဟာဗေး၊ စကော့၊ မေဆင်၊ မာရှယ်၊ ဟန်တား၊ ဖရေဇာ၊ ဟာနီဘောခရစ်တီရင်၊ လူးဝစ်၊ ဖေမောင်တင်၊ ဟောလ်၊ ကေလစ်၊ မောင်မောင်၊ ဂျွန်စတုန်း၊ တရက်လာ၊ လုစ် အစ ရှိသူတို့ဖြစ်သည်။ ၎င်းတို့က တညီတညွတ်တည်းလိုပင် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ မွန်ဂို၊ တရုတ် အစရှိသည့် တိုင်းပြည်အမျိုးမျိုးမှ ၀င်ရောက်လာကာ နေထိုင်ကြသည်ဟု အဓိပ္ပာယ်ရရှိသော “ရေကြည်ရာ၊ မြက်နုရာ ရွေ့လျားသွားလာ နေထိုင်သည်ဟူသော အယူအဆ” ကိုပထမဆုံး ဖော်ထုတ်ခဲ့ကြသည်။

ဤပုဂ္ဂိုလ်ကြီးများ တင်ပြခဲ့သည့် အယူအဆသည် သမိုင်းဘာသာရပ်ဆိုင်ရာ သက်သေအထောက်အထားများ ဖြစ်ကြသော စေတီဘုရား၊ ကျောက်စာ၊ ဝေါဟာရစကား၊ ဓလေ့ထုံးတမ်းများဖြင့် တင်ပြခြင်း၊ ထိုပုဂ္ဂိုလ်ကြီးများသည် အရင်းရှင်လွှမ်းမိုးချိန် တင်ပြချက်များဖြစ်ခြင်း၊ နိုင်ငံခြားဂျာနယ်များ၌ ယင်းပုဂ္ဂိုလ်တို့၏ရေးသားတင်ပြချက်များကို တရားဝင်ရေးသား ပုံနှိပ်ထုတ်ဝေခွင့်ရခြင်း၊ မြန်မာပညာရှင်တို့သည် ယင်းပုဂ္ဂိုလ်များ၏ ရေးသားဖော်ပြချက် များကို ပြန်လည်ချေပနိုင်သော ခိုင်လုံသည့်သက်သေ အထောက်အထားများ မတွေ့သေးခြင်း၊ များစွာသောထိုပညာရှင် များကလက်ခံလာခဲ့သော အယူအဆတစ်ခုကို ပစ်ပယ်ရဲသော သတ္တိအားနည်းခြင်း စသော အကြောင်းများကြောင့် “မြန်မာတို့သည် တိုင်းတပါးမှ ၀င်ရောက်လာပါသည်” ၊“မြန်မာအစ တကောင်းက” နှင့်၊ “မြန်မာအစ ကျောက်ဆည်က” စသည့် အဆိုပြု ချက်များ ပေါ်ပေါက်လာခဲ့သည်။

ယင်းအယူအဆများကို မိမိတို့နှင့် နီးစပ်ရာ ပုဂ္ဂိုလ်များဖြစ်သည့်အတိုင်း ရှေးနှစ်ပေါင်းအတော်ကြာကာလမှ ယနေ့အထိစွဲမြဲစွာ ယုံကြည်ခြင်း၊ အခြားတင်ပြချက်ပေါ်လာပါက နိုင်ထက်ကလူပြုကာ အကျောက် အကန် အရှိန်အ၀ါပြ၍ ငြင်းပယ်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ လက်မခံနိုင်လောက်သော ဆင်ခြေပြု၍ ငြင်းချက်ထုတ်ခြင်းတို့ဖြင့် အချိန်အတော်ကြာသည်အထိ ဤအယူအဆကို ထိန်းသိမ်းလက်ခံခဲ့ကြပါသည်။

ယခုတင်ပြမည့် “မြန်မာအစ သမိုင်းမတိုင်မီက” အယူအဆသစ်သည် ဘူမိသိပ္ပံနှင့် မနုဿဗေဒ ရှုထောင့်မှ တွေ့ရှိလေ့လာထားချက်များကို အများပြည်သူ ရှင်လူအပေါင်းနှင့်တကွ ကျောင်းသားလူငယ်များကို ရှုထောင့်နှစ်မျိုးမှ အမြင်ကြည်လင်စွာဖြင့် ခံယူချက်အမှန်ရောက်အောင် ရည်သန်လျက် ရေးသားတင်ပြပါသည်။ ဤတင်ပြချက်တွင် ပထမဦးစွာ တင်ပြခဲ့သော ပညာရှင်များ၏ တင်ပြချက်နှင့် ယခုစာရေးသူ၏ အသစ်တွေ့ရှိချက်နှင့် ဆွေးနွေးတင်ပြချက်များကို စာရှုသူတို့ ဖတ်ရှုနှိုင်းချိန်နိုင်ရန် ရေးသားထားပါသည်။



Primate crania၊ အဆင့်မြင့်လူနှင့် လူဝံမျိုးနွယ် ပရိုင်းမိတ်















ပုံတောင် ဂျီးယား ကော်တာရိုင်း

မြန်မာလူမျိုး တိုင်းရင်းသားများ ပေါက်ဖွားဖြစ်ပေါ်ပုံဆင့်ကဲဖြစ်စဉ်ကို ဆက်လက်တင်ပြပါမည်။ မြန်မာနိုင်ငံ ပုံတောင်ဒေသ ယခုတွေ့ရသော အဆင့်မြင့်လူနှင့် လူဝံမျိုးနွယ် ပရိုင်းမိတ်၊ ပုံတောင် ဂျီးယား ကော်တာရိုင်း နှင့် အင်ဖီပိသိကပ်မိုးကောင်းဂျင်းနစ် တို့တွေ့ရှိရာဒေသဖြစ်သည်။ ဒေသ၏ ဘူမိသက်တမ်းသည် နှစ်ပေါင်းသန်း (၄၀) ခန့်က ဖြစ်၍ ကမ္ဘာပေါ်၌ အဆင့်မြင့်ပရိုင်းမိတ်အမျိုးအစားကို နှစ်အစောဆုံး တွေ့ရသည့် တစ်ခုတည်းသော နိုင်ငံသည် မြန်မာနိုင်ငံသာဖြစ်ပါသည်။ ဘူမိသက်တမ်း နှစ်ပေါင်းသန်း (၄၀) ခန့်မှ မွန်ဂိုလီးယားနိုင်ငံ၌ မြန်မာနိုင်ငံပုံတောင်မှ တွေ့ရသောကျောရိုးရှိ သတ္တ၀ါအုပ်စု၊ ရေမြင်း၊ ကြံ့၊ မိချောင်း အစရှိသည်တို့ကိုတွေ့ရသော်လည်း အဆင့်မြင့် ပရိုင်းမိတ်တို့ကိုမူ မြန်မာနိုင်ငံ ကဲ့သို့မတွေ့ရချေ။ ပုံတောင်သာလျှင်တစ်ခုတည်းသော လူဝံနှင့် လူမျိုးနွယ် အဆင့်မြင့် ပရိုင်းမိတ်တွေ့ရှိရာဒေသ ဖြစ်ပါသည်။





ထို့ကြောင့် လူ၊ မျောက်ဝံ၊ လူဝံတို့၏ အဆက်အနွယ်မှ ပေါက်ဖွားဆင်းသက်လာခဲ့ကြပုံအတိုင်းအစီစဉ်ဖြင့် ဖော်ပြရမည်ဆိုပါလျှင် ပရိုပလိုင်ယိုပိသိကပ်၊ အီဂျစ်တိုပိသိကပ်၊ ဒရိုင်ယိုပိသိကပ်၊ ရာမာပိသိကပ်၊ စီဗာပိသိကပ်၊ သြစတြေးလိုပိသိကပ်၊ ဂျိုင်ဂင်တိုပိသိကပ်၊ ဟိုမိုအီရက်တပ်၊ ဂေါ်ရစ်လာ နှင့်လူ ဟူ၍ အသီးသီးကွဲပြား၍ ဖြစ်ကြပါသည်။

ယင်းတို့၏စတင်ပေါက်ဖွားသော အခြေခံအစပျိုးသည့် အဆင့်မြင့်ပရိုင်းမိတ်မျိုးမှာ ပုံတောင်ဂျီးယားနှင့် အင်ဖီပိသိကပ်တို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ ရွှေမြင်တင်တောင်ပေါ်ရှိ နွယ်ခွေ ကျေးရွာအနီး၌ လူရိုး ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်သည့် အံသွား၊ ရှေ့အံသွားနှင့် အပေါ်မေးရိုးတွဲလျက်အနေအထားအတိုင်း တွေ့ရှိခြင်းသည် “လူဆင့်ကဲဖြစ် စဉ်၌ ဦးစောပိုင်းနှင့် နှောင်းပိုင်းဆက်နွယ်မှုကိုစတင်တွေ့ရခြင်းဟု ဆိုနိုင်ပါသည်။



ဤတွေ့ရှိထားသောလူကျောက်ဖြစ်ရုပ်ကြွင်းကို “ဘားမားမင်း” ဟုအမည်မှည့်ခေါ်ထားပါသည်။ ဤ ဘားမား မင်းသည် “ပီကင်းမင်း” တို့နှင့် တချိန်တည်းလောက်ကပေါ်ပေါက်လာနိုင်သည်။ ဤနွယ်ခွေ ဒေသမှကျောက်ဖြစ် ရုပ်ကြွင်းများသည်း ပီကင်းလူတွေ့ရှိသော တရုပ်ပြည် ဇောင်ဂိုဒီယမ် ကျောက်လိုဏ်ဂူ၌တွေ့ရသော နွား၊ ခွေး၊ သမင်နှင့် ချေတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ထပ်တူထပ်မျှ တူညီ နေသည်ကို တွေ့ရပါသည်။ ဤတွေ့ရှိချက်များသည် နှိုင်းယှဉ်လေ့လာမှုအတွက် အထောက်အထားဖြစ်ပါသည်။

ဆက်လက်၍ ယခုတင်ပြလိုသည်မှာ မြန်မာနိုင်ငံ၌ တွေ့ရှိခဲ့သော အခြေခံအဆင့်မြင့် ပရိုင်းမိတ်အမျိုးအစား ကို တရုတ်ပြည်၌မတွေ့ရသေးသဖြင့် လူ၏ဆင့်ကဲဖြစ်စဉ်စတင်ရာဒေသသည် မြန်မာနိုင်ငံသာ ဖြစ်မည်ဟု ကောက်ချက် ချရပါမည်။ ထို့ကြောင့်မြန်မာသည် မွန်ဂိုတရုတ်နွယ်မှ ဆင်းသက် လာခြင်းမဟုတ်ပဲ မွန်ဂိုတရုတ် အစရှိသည့်လူမျိုးများ သည်ပင် မြန်မာနိုင်ငံမှ ယင်းဒေသများသို့ ရေကြည်ရာ၊ မြက်နုရာ ရွှေ့သွား နိုင်စရာ အကြောင်းရှိပါသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့ ပေါ်ပေါက်ပုံအကြောင်းနှင့် ပတ်သက်၍ သမိုင်းပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များနှင့် ရှေးဟောင်းသုတေသန ပညာရှင်များသည် ထင်မြင်ယူဆချက် အမျိုးမျိုးကွဲလွဲခဲ့ကြသည်။ ထိုသို့ကွဲလွဲချက်များသည် သပွတ်အူကဲ့သို့ ရှုပ်ထွေးစေခဲ့ပါသည်။ ဤအခြေအနေများကို ယခုတွေ့ရှိရသော မြန်မာလူသားကျောက်ဖြစ်ရုပ်ကြွင်းက အဆုံးသတ် ဖြေရှင်းသွားပေလိမ့်မည်။ လူအများလက်ခံထား သော သမိုင်းပါမောက္ခဟာဗေး၏ မြန်မာလူမျိုးများပေါ်ပေါက်ပုံ အကြောင်းကို ပဏာမ တင်ပြပါမည်။ မြန်မာနိုင်ငံအတွင်း အစောဆုံးဝင်ရောက်နေထိုင်ခဲ့သော လူမျိုးတို့သည် “အင်ဒိုနီးရှား”လူမျိုးများဟုဖော်ပြသည်။ သို့ရာတွင် ယဉ်ကျေးမှု အထောက်အထားမရှိဟု အဆိုရှိပါသည်။ အချိန်ကာလကြာမြင့်သည့်အခါ တရုတ်ပြည်အနောက်ပိုင်းမှ ၀င်လာသော မွန်ဂိုများ လွှမ်းမိုး၍ပျောက်ကွယ်သွားခဲ့ပါသည်။ ဤအမျိုးအနွယ်များမှ “မွန်” လူမျိုးများဆင်းသက်ပေါက်ဖွားလာသည်။

တိဘက်ပြည်အရှေ့ပိုင်းမှ လူမျိုးတစ်မျိုးသည် တောင်ကြားများကိုဖြတ်ကျော်၍ မြစ်များစီးဆင်းရာမြစ်ကြောင်း အတိုင်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ခဲ့ကြသည်။ ဤလူမျိုးတို့သည် “တိဘက်တိုဘားမင်း” လူမျိုးများဖြစ်ကြောင်း ဟားဗေးက အခိုင်အမာရေးခဲ့သည်။ ဆက်လက်ဖော်ပြသည်မှာ ယင်းတိဘက်တိုဘားမင်းတို့သည် “သမိုင်းမတိုင်မီ နှစ်ပေါင်း ၅၀၀၀” ခန့်က၀င်ရောက်ခဲ့သည်ဟုဆိုခဲ့သည်။သို့သော်ယခုတွေ့ရသောလူ၏ကျောက်ဖြစ်ရုပ်ကြွင်းက ဤတိဘက်တိုဘားမင်းထက် နှစ်ပေါင်းသိန်းနှစ်ချီ၍ စောလျက် “ဘားမားမင်း” ရှိနေကြောင်း သက်သေအထောက်အထားအခိုင်အမာတင်ပြနိုင်ခဲ့ပြီ။ ထို့ကြောင့် မြန်မာသည် မြန်မာကစသည်။ “မြန်မာအစ သမိုင်းမတိုင်မီက” ဟုအဆိုပြုချက်သည် လုံးဝမှန်ကန်ပါမည်။။ ယခင်က ဟာဗေး၏ အရင်းရှင်ခေတ်နှင့်လျော်ညီသော ထင်မြင်ယူဆချက်များကို လူများက ယုံမှား သံသယနှင့် လက်ခံခဲ့ကြ ရပေသည်။

ဟာဗေး၏အဆိုပြုချက်ကို ဆက်လက်ရေးသားပါမည်။ “မွန်” တို့သည် ဟင်္သာတမြို့ တောင်ဘက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ နေထိုင်ခဲ့ကြပါသည်။ တိဘက်တိုဘားမင်းတို့မှ ပျူ၊ ကရင်နှင့် ရခိုင်တို့ ဆင်းသက်ပေါက်ဖွားကြ သည်။ သက်မျိုးနွယ်မှ ချင်းနှင့် ရခိုင်တို့ ဆင်းသက်လာသည်။ ပျူတို့သည် ယခုအချိန်ပျောက်ကွယ်သွား၍ လက်ရှိ “မြန်မာ” တို့၏မူလအဆက်အနွယ်မဖြစ်နိုင်ဟု ဟာဗေးက ယူဆသည်။ ပျူလူမျိုးပျောက်ကွယ်ခြင်းဟုမယူဆသင့်ပါ။ ပျုအခေါ်အဝေါ်မှ “မြန်မာ”သို့ ပြောင်းလဲခေါ်ခြင်းသာဖြစ်နိုင်သည်။ ဘူမိဗေဒပါမောက္ခ ဒေါက်တာသိန်းအဆိုအရမူ “မြန်မာ” များသည် နှစ်ပေါင်းတစ်ထောင်ခန့်ကမှ စတင်ပေါ်ပေါက်ခဲ့သည်။ ယခုမြန်မာတိုင်းရင်းသားလူမျိုးတို့သည် ရွှေမြင်တင်တောင်မှ စတင်အစောဆုံးပေါ်ပေါက်ခဲ့သော “ဘားမားမင်း” ဟူသောအယူအဆမှာ “ပြဒါးတလမ်း သံတလမ်း” ဖြစ်ကြောင်း မှတ်ချက်ရေးသားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရွှေမြင်တင်တောင်မှ တွေ့သော “ဘားမားမင်း” သည် ဟာဗေး၏ တိဘက်တိုဘားမင်းထက် နှစ် ပေါင်းသိန်းသောင်းစော၍ ပေါ်ပေါက်ခဲ့သည် ဟူသောအထောက်အထားမှာ ငြင်းဆိုရန် အကြောင်းမရှိချေ။

မြန်မာများသည် မိုးခေါင်ရေရှားရပ်ဝန်းဖြစ်သော မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်၏၀ဲယာမြေပြန့်လွင် ပြင်ဒေသများ၌ နေထိုင်ခဲ့ကြသည်။ မြန်မာပြည်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ မွန်လူမျိုးတို့ မြန်မာပြည် တွင်းသို့ ၀င်ရောက်လာခြင်းမှာ မိုးခေါင်ခြင်း၊ အစာရှားပါးခြင်း၊ လူဦးရေ တိုးပွားများပြားလာခြင်း စသည်တို့ကြောင့် တဖြည်းဖြည်း မြောက်ဘက်မှ တိုးဝင်လာကြရာ ရှေးယခင်က ၀င်ရောက်နေထိုင်ခဲ့သော လူမျိုးများကိုတောင်ဘက်သို့ တဖြည်းဖြည်း ရွေ့လျား၍သွားစေသည်။ လူအုပ်စုများသည် တစ်စုပြီးတစ်စု ဆက်ကာရောက်လာကြသည်။ ဤကဲ့သို့ဝင်ရောက်လာသော အချိန်သည် ခရစ်တော်မပေါ်မီ အချိန်က စတင်မည်ဟုဟာဗေးကခန့်မှန်းတင်ပြခဲ့သည်။

၎င်း၏ အဆိုအရ ရှမ်းလူမျိုးများသည် ရှမ်းကုန်းမြင့်မှ မြန်မာနိုင်ငံမြေပြန့်အရပ်သို့ ခရစ်နှစ် (၁၃)ရာစုနှစ်တိုင် အောင်ဝင်ရောက်နေထိုင်ခြင်း မပြုချေ။ ကချင်လူမျိုးများ မြောက်ဘက်မှ တဖြည်းဖြည်း ၀င်ရောက် လာမှုကို အင်္ဂလိပ် အစိုးရက မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး (၁၉)ရာစု အကုန်လောက်ရောက်မှ ပိတ်ပင်တားမြစ်ခဲ့ရသည်။ ကယားလူမျိုးများ နှင့် ကရင်လူမျိုးတို့သည် ရှမ်းကုန်းမြင့်၏ တောင်ဘက် ဒေသများ၌ နေထိုင်ပြီးဖြစ်ကြသည်။

ဟာဗေး၏ဆက်လက်တင်ပြချက်မှာ မြန်မာတို့သည် လူများစုဖြစ်၍ မွန်ဂိုအဆက်အနွယ်များဖြစ်ကြသည်။ သို့ရာတွင်မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့စသည်တို့မှာ တရုတ်၊ မွန်ဂိုတို့နှင့်မတူချေ။ ဗုဒ္ဓဘာသာ ကိုးကွယ်ခြင်းနှင့် စာပေ၊ ယဉ်ကျေးမှုတို့သည် အိန္ဒိယနိုင်ငံ ဟိန္ဒူများနှင့် တူကြ သည်။ ကိုးကွယ်သည့်ဘာသာ၊ စကား နှင့် စာပေတို့ သည် ပါဠိနှင့် သက္ကတတို့ဖြစ်ကြ၍ ဟိန္ဒူဘာသာစကား နှင့်ဆိုင်ရာ အမည်အခေါ်ဝေါဟာရ များကို ဧရာဝတီမြစ်ဝကျွန်း ပေါ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့၌တွေ့ရသည်။

အိန္ဒိယနိုင်ငံမှ ဟိန္ဒူယဉ်ကျေးမှုသည် ၀င်ရောက်လာသော လူမျိုးများနှင့်အတူရောက်ရှိလာခြင်းမှာ မှန်ကန်နိုင် ပါသည်။ သို့သော်ယခုတွေ့ရသော ဘားမားမင်းကျောက်ဖြစ်ရုပ်ကြွင်းက အခိုင်အမာ ပြောပြနေသောကြောင့် မြန်မာ နိုင်ငံ တိုင်းရင်းသားတို့သည် ဤပြည်တွင်းမှာပင် စတင်ပေါက်ဖွား သူများဖြစ်ကြသည်ဟု ဆိုနိုင်ပါသည်။ ဥဿာပဲခူးအမည်သည် အိန္ဒိယနိုင်ငံ သြရစ္ဆပြည်နယ်မှ စကားအသုံး အနှုန်းဖြစ်သည်။ ထို့ကြောင့်ပဲခူးသည် အိန္ဒိယနိုင်ငံ၏ ကိုလိုနီနိုင်ငံ တစ်ခုဖြစ်ခဲ့ဘူးသည်ဟုဟာဗေးကကောက်ချက်ချသည်။ ကိုလိုနီနိုင်ငံထူထောင်ခြင်းသည် ဒေသခံလူမျိုးများကို အာဏာလွှမ်းမိုးခြင်းဖြစ်၍ မူလကပင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့ကို အိမ်နီးခြင်းနိုင်ငံ၏ ယဉ်ကျေးမှုအယူဝါဒသြဇာလွှမ်းမိုးမှုခံရခြင်းကိုမူမငြင်းလိုပါ။ သို့သော် ဒေသခံလူမျိုးများသည် မြန်မာတိုင်းရင်းသားလူ မျိုးများသာ ဖြစ်ကြပါသည်။ တိုင်းတပါးသားအုပ်ချုပ်မှုကိုကား အများပြည်သူက လက်ခံဖွယ်မရှိ။

ခရစ်တော်မပေါ်မီနှစ်ပေါင်း (၂၆၀) ကအသောကမင်းလက်ထက်မှအစပြုလျက် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားမှုသည် ထိစပ် နေသော မြန်မာနိုင်ငံအတွင်းသို့သာမက တရုတ်ပြည်၊ ကမ္ဘောဒီးယား၊ လောနိုင်ငံနှင့် ယိုးဒယားတို့အထိ ရဟန်းရှင်လူများသာသနာပြုရန် ရောက်ရှိသွားကြသည်။ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခြင်းမှာ ပထ၀ီအနေအထားအရ အာသံပြည်ဘက်မှ အနောက်ဘက် တောင်တန်းကိုဖြတ်၍ တောင်ကြားလမ်းမှ ၀င်ခဲ့ကြသည်။ အခြားလမ်းကြောင်းမှာ ဘင်္ဂလားပင်လယ်ကိုဖြတ်၍ မြစ်ဝကျွန်းပေါ်ဒေသမှ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ “တလိုင်းလူမျိုး” ဟုခေါ်ခြင်းမှာ အိန္ဒိယပြည် တောင်ပိုင်းစကားအသုံးအနှုန်း တရပ်မှ ဆင်းသက်လာဖွယ်ရှိကြောင်း ဟာဗေးက ရေးသားခဲ့သည်။ “တလိုင်း” အမည်ကို ကျွန်ုပ် တို့၏ပင်ရင်းစကား “မွန်” နှင့်တွဲ၍ “မွန်”၊ “မွန်-တလိုင်း” ဟုခေါ်သောကြောင့် ဤစကားလုံးကိုဆန်းစစ်ကြည့်က ကျွန်ုပ်တို့မှာ မူလကပင် “မွန်” စကားလုံးရှိနေခြင်းသည် ခိုင်မာသောကြောင့် မြန်မာ နိုင်ငံ၌ ဒေသခံတိုင်းရင်းသားများ ရှိနေကြောင်းကို ထပ်ဆင့်တင်ပြလိုပါသည်။

ခရစ်နှစ် (၅)ရာစုလောက်တွင် ဗုဒ္ဓဘာသာထွန်းကားမှုသည် အိန္ဒိယပြည်၏ အရှေ့ဘက်နိုင်ငံများသို့ မြန်မာ နိုင်ငံအပါအ၀င် ပြန့်ပွားခဲ့သည်။ သို့သော်ဤထွန်းကားမှုသည် လူ့သမိုင်းဖြစ်စဉ် “အညာသီရံယဉ်ကျေးမှု” ခေတ်ထက် နှစ်ပေါင်းသောင်းနှင့်ချီ၍ နောက်ကျသည်။ မြန်မာ့ဘူမိသိပ္ပံပညာရှင် ကထိကဦးသော်တင့်က တင်ပြဖူးသည်မှာ မြန်မာ နိုင်ငံ၏ အညာသီရံယဉ်ကျေးမှု မြန်မာနိုင်ငံ၏ အညာသီရံ ယဉ်ကျေးမှုကာလဖြစ်သော ကျောက်ခေတ်ဦးမှသည် ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်းနှင့် သမိုင်းတင်သည်အထိ မူလကိုပင် ယဉ်ကျေးမှုများဆက်လက်တိုးထက် ထွန်းကားနေခဲ့သည်။ လူတို့၏ နေထိုင်ရာဒေသကြီးများ၌လည်း ယခုထိပြောင်းလဲ ရွေ့လျားခြင်းမရှိ၊ အစဉ်ဆက်လက် နေထိုင်ခဲ့ကြသည်။ ဤဗုဒ္ဓဘာသာပြန့်ပွားသည့်နှစ်ထက်စော၍ နှစ်ပေါင်း ထောင်သောင်းအချိန်ကစပြီး “မြန်မာတိုင်းရင်းသား များ ပေါ်ပေါက်ခဲ့ကြောင်း” ကျောက်လက်နက်အထောက်အထားဖြင့် တင်ပြနိုင်ပါသေးသည်။ အာရှတိုက် အရှေ့တောင်ပိုင်း နိုင်ငံများသို့ ဗုဒ္ဓဘာသာ ပြန့်ပွားခြင်းကြောင့် မြန်မာနိုင်ငံသို့ တစိတ်တဒေသအားဖြင့် အိန္ဒိယနိုင်ငံ သားများဝင်လာကြလိမ့်မည်ဟု အချို့သော သမိုင်းပညာရှင်များက ဖော်ပြခဲ့ကြသည်။

ဟာဗေး၏အဆိုအရ (၉)ရာစုနှစ်လောက်တွင် မြန်မာလူမျိုးတို့သည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် ရခိုင်ပြည်တို့ ကိုစတင်ဝင်ရောက်ခဲ့သည်။ ယင်းမြန်မာတို့သည် တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်နယ်မှ ၀င်ရောက်လာခဲ့ကြ သည်။ ခရစ်နှစ် ၈၃၅-ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် အထက်ပိုင်း၌နေထိုင်သော “ပျူ” လူမျိုးတို့ကို တိုက်ခိုက် ချေမှုန်းပစ်ခဲ့သည်။ ဤအကြောင်းကြောင့် “ပျူ”လူမျိုးများပျောက်၍ “မြန်မာ” လူမျိုးပေါ်လာနိုင်သော်လည်း ဤအယူ အဆတင်ပြချက်ကို လက်ခံနိုင်စရာအကြောင်းမရှိချေ။ “ပျူ” တစ်မျိုးလုံးပျောက်ကွယ်၍ လူမျိုးတုံးသည်အထိ သတ်ဖြတ်ခံရကြောင်း ခိုင်လုံသော သက်သေ အထောက်အထား လုံးဝမရှိခဲ့ချေ။ ယခုမြန်မာလူမျိုးများသည် ယခင်က “ပျူ”လူမျိုးများ၏ သားစဉ်မြေးဆက်ဖြစ်ကြပေမည်။ “ပျူ” မှ မြန်မာသို့တဖြည်းဖြည်းအခေါ်အဝေါ်ပြောင်းလဲခြင်းဖြစ်သည်။

“ပျူ”အခေါ်ကို အသုံးနည်းပြီးပျောက်ကွယ်သွားသည်။ ကျွန်ုပ်တို့အားအခြားတိုင်းတပါးနိုင်ငံတို့က အစဉ်အဆက် လူမျိုးအမည်နာမ သတ်မှတ်ချက်မှာ ခေတ်အလိုက် ပြောင်းလဲကွာခြားခဲ့မည် ဖြစ်သော်လည်း လူမျိုးကြီးတစု၏ မျိုးနွယ် ပေါက်ဖွားသက်ဆင်းခြင်းနှင့် ပင်မယဉ်ကျေးမှုကိုကား မည်သည့် အန္တရာယ်၊ မည်သူများကမှ ဖျောက်ဖျက်နိုင်မည် မဟုတ်ပေ။ လူမျိုးစုကြီးတခုလုံး ပျောက်သွားနိုင်မှုမှာ အဏုမြူခေတ်၌ပင် မဖြစ်နိုင်ပါ။

အစောဆုံးမြန်မာလူသားပေါ်ပေါက်ပုံကို ဆက်လက်တင်ပြပါဦးမည်။ ဤထင်မြင်ယူဆချက်နှင့်ပတ်သက်ပြီး “ပလိုင်ရက်စတိုဆင်း” ရေခဲခေတ် အတွင်း မြန်မာနိုင်ငံကိုဗဟိုပြု၍ ဂျဗားနှင့် ပီကင်းတို့သို့ လူမျိုးနွယ်များရွေးသွားနိုင် ဖွယ်ရှိခဲ့ကြောင်း ဒီတားရားနှင့် ဟယ်လင်မိုးဗီးယပ် တို့ကမြေပုံအထောက်အထားဖြင့် တင်ပြခဲ့ဖူးပါသည်။ သို့သော်ထို အဆိုကိုတင်ပြစဉ်အချိန်က ကျောက်ဖြစ်ရုပ်ကြွင်းဖြင့် အခိုင်အမာ သက်သေ မပြနိုင်သဖြင့် ထိုအဆိုမှာ မထင်မရှားဖြစ်ခဲ့ ရသည်။ ယခုအချိန်၌ကား “ဘားမားမင်း” ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိထားပြီးဖြစ်သောကြောင့် အထက်ပါအဆိုကို အခိုင်အမာ လက်ခံယုံကြည် သင့်ပါသည်။

ဆက်လက်တင်ပြလိုသည်မှာ အချို့သောမြန်မာဘူမိဗေဒပညာရှင်များက ပလိုင်ရက်စတိုဆင်းခေတ်ကမြန်မာ နိုင်ငံ၌တွေ့ရသော ဘားမားမင်း၏ ဘူမိသက်တမ်း သတ်မှတ်ချက်ဖော်ပြပုံကို ယုံကြည် လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ငြင်းဆိုကြသည်။ အချို့သော ဘူမိဗေဒပညာရှင်များက ရေဒီယိုဓါတ်ကြွနှုန်းသတ္တိကိုသုံး၍ တိုင်းတာသင့်ကြောင်း တင် ပြဆွေးနွေးဖူးသည်။ ဘူမိအချိန်ပြဇယား၌ ပလိုင်ရက်စတိုဆင်းနှစ်သက်တမ်းကို နှစ်အရေအတွက်အားဖြင့် နှစ်ပေါင်း နှစ်သန်း (၂-သန်း)ခန့်ကြာသည်ဟုခန့်မှန်းသည်။ ဤသက်တမ်းသည်ဘူမိအချိန်ပြဇယား၌ နှစ်အနည်းဆုံး နှင့် အသက် အနုဆုံး အပိုင်းအခြားဖြစ်သည်။ ထို့ကြောင့် ဘားမားမင်းကိုသက်တမ်းသတ်မှတ်ရာ၌ ရေဒီယိုဓါတ်ကြွနှုန်းသတ္တိ တိုင်းတာခြင်းကို အထူးမပြုနိုင်မီ “ပလိုင်ရက်စတိုဆင်းသက်တမ်းအပေါ်ဆုံးအပိုင်း” ခန့်မှန်းခြေနှစ်ပေါင်း တစ်သန်းခန့် ဟုသတ်မှတ်ခြင်းသည် အမှန်ဆုံးနှင့် အသင့်လျော်ဆုံး ဖြစ်ပါသည်။

ဘားမားမင်းသည် ကျောက်ခေတ်ဦးမတိုင်မီကပင် ပီကင်းမင်းနှင့် ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သော ဟိုမိုနစ် လူ အမျိုးအစား ဖြစ်သည်။ ဘားမားမင်းနှင့်အတူ ခွေးအံသွားကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရသည်။ ခွေးကိုအမဲလိုက်ရန် အတွက် အသုံးပြုပြီဟု ယူဆရသည်။ သမင်၊ နွား၊ ချေ အစရှိသည့် သတ္တ၀ါတို့၏ အရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းများကို ဘားမားမင်းနှင့် အတူတွေ့ရသည်။ ဤအရိုးစု ကျောက်ဖြစ် ရုပ်ကြွင်းများသည် ဘားမားမင်းတို့ ဖမ်းယူစားသောက်ပြီး ကြွင်းကျန်သော အရိုးများဖြစ်ကြသည်။ ဤအချက်သည် ပီကင်းမင်းကဲ့သို့ ဘားမားမင်းသည် အမဲလိုက်ခြင်း နှင့် အသက်မွေး၍ နေထိုင် ကြောင်းသိရသည်။ ပီကင်းမင်းနှင့်နေထိုင်ပုံကွာခြားသည်။ ပီကင်းမင်းသည် ဇောင်ဂိုဒီယမ် ကျောက်ဂူ၌ နေခဲ့သည်။ ဘားမားမင်းသည် ရေအလွယ်တကူရနိုင်သော ချောင်းဘေးကုန်းမြင့်ပေါ်၌ နေထိုင်ခဲ့သည်။ ကျောက်ဖြစ်နေသော အပိုင်းအစများစွာတွေ့ရသောကြောင့် ဘားမားမင်းသည် အုပ်စုဖွဲ့၍နေထိုင်ကြမည်။

ဘားမားမင်းသည် ယခုလက်ရှိမြန်မာနိုင်ငံ တိုင်းရင်းသား မြန်မာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်တို့၏ သမိုင်းမတင်မီ ကာလကပင် ပေါ်ပေါက်နေထိုင်ခဲ့သော လူမျိုးအဆက်အနွယ်ရင်းဖြစ်ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီက အလေးအနက်လက်ခံယုံကြည်သည်။ ၁၉၈၃-ခု စက်တင်ဘာလ ပထမအကြိမ်ထုတ်ဝေသော “သိင်္ဂါနဒီမြန် ပြည်မြောက်ဖျားသို့” စာအုပ်စာမျက်နှာ ၆၀၃-၆၀၄ ၌ မြန်မာပြည်ဖွား တိုင်းရင်းသားများသည် အမိမြန်မာနိုင်ငံအတွင်းရှိ ဘားမားမင်းနှင့် တပြိုင်တည်း ပေါက်ဖွားခဲ့ကြသော လူမျိုးနွယ်များဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ထို့ကြောင့် မုံရွာမြို့နယ် နှင့် ချောင်းဦးမြို့နယ် ကြားမှ မုံရွေးကျေးရွာ၏ အရှေ့ဘက်ရှိ ရွှေမြင်တင်တောင်တန်းသည် မြန်မာလူသား ဘားမားမင်း စတင်နေထိုင်ပေါ်ပေါက်ခဲ့သော ဒေသတခုအဖြစ်မှတ်တမ်းတင်ပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ တိုင်းရင်းသား အပေါင်းတို့သည် သမိုင်းမတိုင်မီကပင် နှစ်ပေါင်းသောင်းနှင့်ချီ၍ မြန်မာပြည်တွင်းမှ စတင်ပေါက်ဖွားခဲ့၊ နေထိုင်ခဲ့ကြသော လူမျိုးစုများ ဖြစ်ကြသည်ဟူသော အဆိုပြုချက်ကို အလေးအနက် တင်ပြပါသည်။

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားကူးယူဖော်ပြခြင်း : မန္တလေးတက္ကသိုလ် ဘူမိဗေဒ တွဲဖက်ပါမောက္ခ ဆရာကြီးဦးဘမော်၊ Myanmar type courtesy by Ko Saw Kyaw Htike (2002, DGGL), http://www.geolfriends.com/http://myanmartravelinformation.comhttp://www.ace.huhttp://www.sacred-texts.com

မြန်မာအင်ဂျင်နီယာဖိုရမ်မှ ကိုထွန်း ကူးယူဖော်ပြထားသော ဆောင်းပါးအား တဆင့်ကူးယူဖော်ပြပါသည်..

5 Mar 2013

ထီလက်မှတ်များက ပြောသော မြန်မာ / Burma



(၁) အချို့သူများ ထင်မြင်ကြသော  Burma မှ "ဗမာ" ဖြစ်လာသည်။ "ဗမာ" ကို အမှီပြု၍  အင်္ဂလိပ်တို့က Burma ဟု သတ်မှတ်သည်ဟူသော ယူဆချက်မှာ မှားယွင်းသည်။

(၂) မြန်မာနိုင်ငံ ဟူသော အမည်သည် မြန်မာမင်းများ၊ အင်္ဂလိပ်မင်းများက သတ်မှတ်သုံးစွဲသော အမည်ဖြစ်သည်။ အင်္ဂလိပ်တို့ ခေါ်ဝေါ်သော Burma ဟူသည် " မြန်မာနိုင်ငံ"ကို ရည်ညွန်းသည်

အင်္ဂလိပ်အစိုးရလက်ထက် အစိုးရထီလက်မှတ်တွင် တရားဝင် သတ်မှတ်သည်မှာ Burma State (မြန်မာနိုင်ငံ) ဖြစ်သည်။

(၃) အောက်ဖော်ပြပါ ထီလက်မှတ်များ ထုတ်ဝေကာလသည် ကိုလိုနီခေတ် ၁၉၃၈၊ ၁၉၃၉၊ ၁၉၄၀၊ ၁၉၄၁ ဖြစ်သည်။ ၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ Government of Burma Act, 1935 အာဏာတည်သော ( ၉၁ ဌာန ) အုပ်ချုပ်ရေးကာလ ဖြစ်၏။

မြန်မာမင်း၊ အင်္ဂလိပ်မင်းတို့ရည်ညွန်းသော "မြန်မာနိုင်ငံ"ဟူသည် မြန်မာမင်းပိုင်နယ်မြေများကိုသာ ရည်ညွန်းကြောင်း ထင်ရှားသည်။ တိုင်းရင်းသားပိုင်နယ်မြေအားလုံး (အထူးသဖြင့် ရှမ်း၊ချင်း၊ကချင်စသော တောင်တန်းဒေသ နှင့် ကယားပြည်နယ်) ကို ခြုံငုံခေါ်ဝေါ်သော အမည်မဟုတ်ချေ။

မက္ခရာမင်းသားကြီး၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်

၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပဒေ ( ၉၁ ဌာန အုပ်ချုပ်ရေး )

ဆက်လက် လေ့လာဆဲ ( ကူညီ အဖြေရှာပေးပါရန် ) ->  ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မြန်မာနိုင်ငံ ဟူသည် မည်သည့် အဓိပ္ပါယ်ဆောင်သနည်း