29 Aug 2012

စာပေမြင့်မှ လူမျိုးမြင့်လို့ တင့်တယ်

- -စစ်အာဏာရှင်စနစ်ဆိုးဖြင့် မြန်မာပြည်သူ များအား လူမှုဒုက္ခ မျိုးစုံပေးနေခြင်းကို ရပ်တန်းကရပ်ဖို့ အချိန်ရောက်ပြီ ဖြစ်ပါတယ်။ ကျနော်ဟာ ဒီဆောင်းပါးလေး မရေးခင်မှာ ကျနော်တို့မွေးဖွားကြီးပြင်း လာရတဲ့ခေတ်ကို ယာက်တည်း ကျနော် ဘာသာ ပြန်ပြီး စဉ်းစားနေ မိပါတယ်၊ ကျနော်မွေးဖွား လာရတဲ့ ခေတ်ဟာ သေသေ ချာချာပြန်ပြီး စဉ်းစား လိုက်တဲ့ အခါကျတော့ မှောင်ခေတ်လို့ ပြောလို့ရတဲ့ ခေတ် စံနစ်ကြီးမှာ မွေးဖွားလာ ခဲ့ရတယ် ဆိုတာကို ကျနော်ဘာသာ ကျနော်နားလည် လိုက်ပါတော့တယ်..

အဲဒီ ကနေဆက်စပ်စဉ်းစားလိုက်တယ်..
ဗိုလ်နေ၀င်း အာဏာ သိမ်းခဲ့တဲ့ခေတ်.။

နောက်ပြည်သူ တဦးချင်း ပိုင်ဆိုင်မှု့ ကိုလဲ အဓမ္မနည်းနဲ့ အနိုင်ကျင့်နှိပ်စက် ပြီးတော့ ပြည်သူပိုင်ဆိုတဲ့ စကားလှလှ လေးတွေ သုံးပြီး တဦးတည်းပိုင်လုပ်တဲ့စံနစ်၊ ဆိုရှယ်လစ် စံနစ် ဆိုပြီး ဗိုလ်နေ၀င်း ခေါင်းဆောင်တဲ့ အာဏာသိမ်း အုပ်စိုးသူ တွေဟာ ဆိုရှယ်ကျကျ နေ .. လစ်ရင် လစ်သလို ခိုးတတ်တဲ့ ခေတ်စံနစ်ကြီးမှာ ကျနော် သင်ကြားခဲ့တဲ့ ပညာေ၇း အကြောင်းလေး ကိုလဲ စဉ်းစားမိပါတယ်.။

တော်လှန်ရေးကောင်စီအာဏာသိမ်းစစ်အုပ်စုဗိုလ်နေ၀င်း ပြီးရင် ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီးပါ...
သူတို့ တွေဟာ စီမံကိန်းချပြီးတော့အသေအချာကို ပြင်ဆင်ပြီးအာဏာ သိမ်းလာခဲ့တဲ့ သူတွေလို့ ဆိုရင်မှန်ပါတယ်..

တက်လာကတဲက ကျောင်းသား တွေကိုသတ်ဖြတ်. အလုပ်သမား တွေကို သတ်ဖြတ်.. ထောင်ချ.. နိုင်ငံေ၇းသမား မှန်သမျှတွေ ကိုလဲ ထောင်ချ. တကျွန်းပို့.. ၀င်ငွေကောင်းတဲ့ လုပ်ငန်းမှန်သမျှ အားလုံးကို စစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ စစ်တပ် လက်ဝါးကြီးအုပ်ပြီး တိုင်းသူပြည်သားများ ကိုတော့ အမျိုးမျိုးညှင်းပန်းနှိပ်စက်ဒုက္ခပေးခဲ့ညှင်းဆဲခဲ့တာချည်းပါပဲ...


နောက်ပြီး ကျောင်းသားသမဂ္ဂ ကိုလဲ ဟိုကောင်ဖြိုတာ.. သူမသိဘူး.. ဒီကောင်ဖျက်တာ ...သူကအမိန့် မပေးဘူး.. ဆိုပြီး ဗိုလ်နေ၀င်း နဲ့ ဗိုလ်အောင်ကြီး တို့ တယောက်နဲ့ တယောက် လက်ညှိးထိုးပြီး ဆင်သေကို ဆိတ်ရေနဲ့ဖုံးသလို ဖုံးပြီး လူထုကို လိမ်ညာ လှည့်စားခဲ့ကြပေမဲ့ တိုင်းပြည်သူ လူထုကတော့ သဘော ပေါက်လို့ နားလည်နေခဲ့ကြပါပြီ၊

ရွှေတိဂုံဘုရားရဲ့စိန်ဖူးတော်မှ ရတနာများမှ အစ တိုင်းပြည် ချမ်းသာသမျှ သယံဇတနှင့် ရတနာများကို ခိုးဝှက်ပြီး နိုင်ငံခြား ကို သွားရောက်သုံးဖြုံးခဲ့သည်သာမက တိုင်းပြည်တခုလုံးကို မွဲပြာကျစေသည် အထိ ခိုးဝှက်ပြီး သားစဉ်မြေးဆက် အထိစားသုံး နိုင်အောင် နိုင်ငံခြားသို့  ပို့ခဲ့ကြ သူတွေပါ..
ဒီနေ့ခေတ် နအဖ ဗိုလ်ချုပ်ကြီးနဲ့ စစ်တပ်က အရာရှိများကတော့ ဦးနေ၀င်း ခေတ်ကလို လစ်မှ ခိုးတာမျိုး. .မသိအောင် ခိုးတာမျိုး မလုပ်ကြတော့ဘဲ ဗြောင် စံနစ် ကို ပြောင်ပြောင် တင်းတင်း ခိုးနေပါ တော့တယ်၊
ဗိုလ်သန်းရွှေသမီး သန္တာရွှေ မင်္ဂလာဆောင်မှာ တိုင်းပြည်က ခိုးထားတဲ့ ငွေတွေနဲ့ စိန်တွေကို ထုတ်ဝတ် ပြပါတယ်.. အဲဒီတုန်းက သန္တာရွှေ တကိုယ်စာ ဆင်ထားတဲ့ စိန်တွေရဲ့တန်ဖိုးဟာ လက်ရှိကျနော်တို့ တိုင်းပြည်ရဲ့ တနိုင်ငံလုံးရဲ့ ကျမ္မာရေး အသုံးစားရိတ် ထက် သုံးဆ ပိုပါတယ်လို့ ပညာရှင်တွေက ခန့်မှန်းတွက်ချက် ကြပါတယ်၊

ဦးနေ၀င်းလက်ထက်က ဦးနေ၀င်းကျုးလွန်ခဲ့တဲ့ရာဇ၀တ်မှု့များစွာ အနက်က အကြီးဆုံးသော အမှုမှာ သူ၏ လက်ထက်မှသူ လွန်သော ဒီဖက်ခေတ်ထိ စစ်တပ် အုပ်စိုးသူ အဆက်ဆက် နောက်ပေါက် လူငယ်မှန်သမျှကို ပညာမတတ်အောင် အထက်တန်း ပညာသင် ကျောင်းများကို ပိတ်ထားခဲ့မှုနဲ့ ဒီထက်ပိုပြီးယုတ်မာချက် ကတော့ မြန်မာစာကို ဖျက်စီးခဲ့မှု့ ပင်ဖြစ်သည်လို့ ပညာရှင်က မှတ်ချက်ချ ကြပါတယ်၊

ထို ..မင်း ၏ ပါယ်မယားတယောက်သော်ကား တြိလောက ၀ဋ် သကာဒေ၀ီ မည်၏..ထို ပါယ် မယား သားတဦးလည်း ကုဇကုမာရ် မည်၏ '' သက္ကရာဇ် ၄၇၄ ခု.က ပုဂံမြို့တွင် ထွင်းထု၍မှတ်တမ်း တင်ခဲ့သော မြစေတီ ကျောက်စာခေတ်မှ စတင်၍ မြန်မာစာ ပေါ်ပေါက်ထွန်းကား ခဲ့ပါသည်။


မြန်မာ ပြည်တွင် တွေ့ နိုင်သည့် ရှေးဟောင်း ကျောက်စာ ချပ်

ထိုမှတဆင့်
'' သိုး ကလေ၊ ပုပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊ နံရှားကြိုင်လွင့်၊ ခါတန် ပွင့်သည်၊ ရွှေနှင့်ယိုးမှား၊ ပန်းစကား။
စသော ကြည်နူး သာယာ ရသဖြာစေသည့် ကဗျာလင်္ကာများ ပေါ်ထွန်းလာခဲ့သည်၊
မြန်မာနိုင်ငံသည် စာပေဖွံ့ဖြိုးသဖြင့် ယဉ်ကျေးမှု့ တိုးတက်ခါ စီးပွားေ၇းပါ တာင့်တင်းခိုင်မာသော နိုင်ငံ တနိုင်ငံ အဖြစ် ရပ်တည်ကြီးပွား ထွန်းကား လာခဲ့သည်။ ယင်းသို့ နိုင်ငံတိုးတက်ကြီးပွားမှု့၏ အဓိက အင်အားဖြစ်သော မြန်မာစာပေ အင်အားသည် လူမျိုးခြား အင်္ဂလိပ်တို့ လက်အောက် ရောက်ရှိသော အခါ နိမ့်ကျယို ယွင်း သွားခဲ့တော့သည်။

မြန်မာမင်းများခေတ်အဆက်ဆက်က အစဉ်အဆက် ထွန်းကားခဲ့သော၊ ပျို့၊ကဗျာ၊ ရတု၊ ရကန် စသည်တို့မှ စကားပြေ အထိသော မြန်မာစာပေသည် ပေစာ၊ ပရပိုက်များ ပေါ်တွင်သာ တည်ရှိလေသဖြင့် အင်္ဂလိပ်တို့၏ ကျွန်ဘ၀ ရောက်သည့် အခါ တိမ်ကော ပပျောက်ရတော့မည့် အခြေအနေသို့ ရောက်ခဲ့ ရသည်၊။

အညွန့်တလူလူဝေဆာပွင့်လန်းခဲ့သော မြန်မာစာပေ နိမ့်ကျ ပျက်ပြား ပါလျှင် မြန်မာတို့အဖို့ ချစ်မြတ်နိုးရန် စာပေ ယဉ်ကျေး မှု့ ရှိတော့မှာ မဟုတ်သဖြင့် နိုင်ငံေ၇း မျိုးချစ်စိတ်ဓါတ် သည်လည်း ဆုတ်ယုတ် အားလျှော့ နေပေမည်၊ လွတ်လပ်ရေးတိုက်ပွဲ အားမာန်မှာလည်း တင်းမာမှု့ ရှိတော့မည် မဟုတ်ပေ။

လူမျိုးတမျိုး အဖို့ စာပေမြင့်မှ လူမျိုးမြင့်မည် တင့်ပေလိမ့်မည်'' ဟူသော သဘောတရားကို ဆင်ခြင်မိသူ တဦးသည် မြန်မာစာပေ ပြန်လည်ဖေါ်ထုတ် မြင့်တင် ရေးကို အားထုတ် ကျိုးပမ်း ခဲ့လေသည်၊
ထိုသူမှာ မြန်မာမဟုတ် ပဲ အင်္ဂလိပ်အစိုးရ ၏ ၀န်ထမ်းအရာရှိကြီး တဦးပင် ဖြစ်နေတော့သည်၊

ဒေါက်တာ ဂျေ အက်စ် ဖာနီဗယ် (၁၈၇၈-၁၉၆၀)သည် ၁၉၀၂ ခုနှစ်တွင် အိန္ဒ္ဒိယ၀န်ထမ်း(အိုင်စီအက်) အဖြစ် မြန်မာနိုင်ငံသို့ေ၇ာက်ရှိလာ ခဲ့သည်၊ မြန်မာနိုင်ငံတွင် အရပ်ရပ်ကြေးတိုင် မင်းကြီးအဖြစ် အမှုထမ်းခဲ့ရာမှ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူ မျိုးချစ်တဦး ဖြစ်လာ တော့သည်၊ မြန်မာရှမ်းအမျိုးသမီး တဦး နှင့်အိမ်ထောင်ကျကာ မြန်မာတဦး အသွင်နေထိုင်ခဲ့လေသည်။


မြန်မာ့ယဉ်ကျေးမှု့နှင့် စီးပွားရေးအခြေအနေကျဆင်း နေသဖြင့် မြန်မာလူမျိုးတို့အဖို့  မြန်မာစာပေ ထွန်းကားမှု့  မရှိပါက လက်ရှိဘ၀ ထက်အောက်ကျ နောက်ကျဖြစ်ကာ နစ်မြုပ်နေသော ကျွန်တွင်းမှ ထွက်နိုင်မည် မဟုတ်သဖြင့် စာပေဖွံ့ဖြိုးမှု့ကို ကူညီပါဟု မစ္စတာ ဖါနီဗယ်က ပြည်ထဲေ၇း ၀န်ြကီး ဦးမေအောင်အား ချည်းကပ်ခဲ့ရာမှ-မြန်မာနိုင်ငံ သုတေသန အသင်းကြီး ကို ၁၉၁၀ ခုတွင် တည်ထောင်နိုင်ခဲ့သည်၊

အသင်းဖြစ်ပေါ်လာသောအခါ ပညာကျော်ဆ၇ာကြီး ဦးဖေမောင်တင်နှင့် ပူးပေါင်းကာ ဂန္တလောက ဂျာနယ်ကို တည်ထောင် ထုတ်ဝေခဲ့သည်၊

မြေ များပြိုလေသော် ကျောက်အုပ်များဖြင့် တည်ဆောက်အံ့'' ဟူသော ဆောင်ပုဒ် ကို ချမှတ်ကာမြန်မာစာပေ ဟောင်းများ တည်းဖြတ် ပုံနှိပ်ေ၇းကို စတင်အားထုတ်ခဲ့ သည်။

ဂျီစီဘီအေအသင်းကြီးက မြန်မာများကိုယ်ပိုင်အုပ်ချုပ်ရေးက တဆင့် လွတ်လပ်ေ၇းပေးရန် တောင်းဆိုသောအခါ အင်္ဂလိပ် အစိုးရနှင့် အရာရှိကြီးများက မြန်မာများ အရည်အသွေး မပြည့်သေးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မတန်သေး ဟု ခေါင်းခါ ခဲ့ကြသည်၊။


ထိုစဉ်တွင် အင်္ဂလိပ်လူမျိုး အင်္ဂလိပ်အရာရှိဖြစ်သူ ဖာနီဗယ်က မိမိလူမျိုးနှင့် မိမိအစိုးရကို ဆန့်ကျင်ကာ မြန်မာတို့သည် ရှင်သန်ကြီးထွားသော စာပေ ယဉ်ကျေးမှု့အရ လွတ်လပ်ရေးနှင့် ထိုက်တန် နေပါပြီဟု ၀ှိုက် ကော်မတီစုံစမ်းေ၇း အဖွဲ့ကို ထုတ်ဖေါ် ထွက်ဆိုကာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးသင့်ပါပြီ ဟု အကြံပေးခဲ့သည်၊

မြန်မာနိုင်ငံအားလွတ်လပ်ရေးပေးရန် နှောင့်နှေးခဲ့သဖြင့် အမှုထမ်းသက် ၂၀ တွင်ရာထူးမှ ထွက်ခဲ့သည်အထိ စေတနာ ကြီးမား ခဲ့သည်၊

မြန်မာနိုင်ငံတွင်ပင်ဆက်လက် နေထိုင်ကာ လွတ်လပ်ေ၇း အတွက်တိုက်ပွဲတွင် မြန်မာလူငယ်များ ဗဟုသုတဖွံ့ဖြိုးစေရန် အတွက် စာအုပ်ဆိုင်ဖွင့်ကာ အားထုတ် ခဲ့သည်။

မြန်မာလူငယ်များ ကွန်မြူနစ်ဝါဒ၊ ဖေဘီယံဝါဒ၊ ဆိုရှယ်လစ်ဝါဒ စသည်တို့မှအနောက်တိုင်း စာပေ ယဉ်ကျေးမှု့ များ နိုင်ငံေ၇း လမ်းစဉ်များကို လေ့ လာဆည်း ပူးနိုင်စေရန် အားထုတ်ခဲ့သည်၊။

ဂျာနယ်အယ်ဒီတာမောင်ဘသောင်းမှ သခင်ပါတီ ၏ ဗိသုကာ သခင်ဘသောင်း ဖြစ်လာခဲ့သည်၊ သင်္ချာဘွဲ့ ရ ကိုသိန်းမောင်အား စာအုပ်ရောင်းဝယ်မှု့ အတတ်ပညာ သင်ကြား၇န် ဘိလတ် သို့ စေလွှတ်ရာမှ အပြန်တွင် သခင် ပါတီကိုအစဉ် တစိုက်ဦးစီးသော သခင် သိန်းမောင် ဖြစ်လာခဲ့သည်၊ဖာနီဗယ်မရှိလျှင် တို့ဗမာ အစည်း အရုံး ပင် ပေါ်ပေါက် လာကောင်းမှ ပေါ်ပေါက်ပေမည်။

၁၉၃၀ခုနှစ်တွင် ဖာနီဗယ် သည် အင်ဒိုနီရှား နိုင်ငံသို့ ဆယ်နှစ်တိုင် သွားေ၇ာက်ကာ ကိုလိုနီ လက်အောက်ခံ နိုင်ငံများ၏ စီးပွားေ၇း စံနစ်ကိုလေ့လာနေခဲ့ စဉ် မြန်မာနိုင်ငံ လွတ်လပ်သော ခေတ်သို့ ရောက်သောအခါ ကြီးမားသော သူကျေးဇူးကို သိရှိသူ ၀န်ကြီးချုပ် သခင်နု က ပင့်ခေါ်၍ အစိုးရစီမံကိန်း ပါရဂူအဖြစ် ရာထူး ပေး ခဲ့သည်၊

ရန်ကုန်တက္ကသိုလ်ကဒေါက်တာဘွဲ့ ကို ချီးမြင့်သည်၊
၁၉၄၉ခုနှစ်တွင် သတိုးသီရိသုဓမ္မဘွဲ့ ကို ပေးအပ်သည်၊
၁၈၆၂ ခုနှစ် မှ ၁၉၄၁ခုနှစ် ခေတ်သစ်မြန်မာပြည်၏လူမှုေ၇းနှင့် စီးပွားေ၇းဖွံ့ဖြိုးတိုးတက်မှု့ကျမ်းကြီးကို ပြုစုခဲ့သည်၊

ဒေါက်တာဖာနီဗယ်သည် အင်္ဂလိပ်လူမျိုး၏ုပ်အဆင်းသဏ္ဍာန်ရှိသော်လည်း စိတ်ဓါတ်က မြန်မာ တယောက် အသွင် ထင်ဟပ်ပြီး စကားကို မြန်မာလို ပီသစွာပြောသည်၊


ပညာမာန၊လူမျိုးမာန၊ ရာထူးမာနမရှိ၊ သူ၏ အတွေးအခေါ်တို့သည် သင်းတုံးဓါးနှင့် တိတိ ပိုင်းပိုင်းရှိသည်၊
သူသည်မထောက်မညှာပြောတတ်သော်လည်း၊ အကြင်နာတ၇ား အရှိဆုံးဖြစ်သည်၊
အစိုးရလောက၌ဖြစ်စေ၊ သတင်း လောက၌ဖြစ်စေ၊ နိုင်ငံေ၇း လောက၌ ဖြစ်စေ၊ အယုတ်တရားကို တွေ့ငြားအံ့၊ ပြစ်တင် ရှုံ့ချရန် ၀န်မလေးပေဟု ပညာရှင်တချို့က ချီးကျူး၏ ၊

အဘယ်ကြောင့်အကြောင့်မသိ၊ ဗိုလ်နေ၀င်းက ဖာနီဗယ် အားကြီးမားစွာ မုန်းတီးခဲ့သည်၊ ၁၉၅၈.ခုနှစ်အိမ်စောင့်အစိုးရတက်သည်နှင့် ဗိုလ်နေ၀င်းက အကြံပေး အရာရှိကြီး ဖာနီဗယ်အား ရာထူးမှဖြုတ်ချ ခဲ့သည်၊။

ဗိုလ်နေ၀င်းမှတပါး ကျန်သောခေါင်းဆောင်များ၊ စာပေပညာရှင်များက ဖာနီဗယ် အားချစ်မြတ်နိုးကြသည်၊ မြန်မာနိုင်ငံသားတို့အတွက် ၊ သူ၏အကျိုးဆောင်မှုလုပ်ငန်းတို့က ချီကျုးဖွယ်ရာဖြစ်ပေသည်၊ မြန်မာနိုင်ငံသုတေသနအသင်း၏ ကျေးဇူးကြောင့်မြန်မာ ပညာရပ်များတိမ်ကော ပပျောက်နေရာမှ မိုးဦး မြက်ခင်းပမာ ပြန်လည်လန်းဆန်း စိုပြည် လာခဲ့သည်၊
မြန်မာစာအုပ်အသင်း၏ ကျေးဇူးကြောင့် မြန်မာတို့၏ စာဖတ်ဝါသနာသည် ဒီေ၇အလား တိုးတက် လာခဲ့ပေသည်၊ မြန်မာနိုင်ငံပညာပြန့်ပွားေ၇း အသင်း၏ ကျေးဇူးကြောင့် မြန်မာ ဘာသာပြန် ကမ္ဘာ့စာပေနှင့် သိပ္ပံ ပညာရပ်များ သည် ဆန်းသစ်စ လ ပမာ တိုးတက်ပြည့်ဝလာခဲ့သည်၊ မြန်မာနိုင်ငံသည်လည်း အရှေ့တောင်အာရှတိုက်တွင် လူတလုံး သူတလုံးအိမ် တဆောင် မီးတပြောင်နှင့် နေနိုင်ခဲ့လေသည်၊


ဒေါက်တာဖာနီဗယ်နှင့် ဆရာကြီး ဦးဖေမောင်တင်တို့ အားထုတ်ကြသည့် မြန်မာနိုင်ငံ သုတေသန အသင်းကြီး ၏ စာတမ်း ဖတ်ပွဲများသို့ မြန်မာမှု့ကို စိတ်ဝင်စားကြသော အင်္ဂလိပ်အများနှင့် ဦးကောင်း၊ ဦးကျော်ထွန်း၊ ဦးခင်ဇော်၊ ဦးချစ်သောင်း၊ ဦးစံရွှေဘု၊ ဦးပွား၊ တော်စိန်ခို၊ ဦးဖေ၊ ဦးဘကျား၊ ဦးဘသိန်း၊ ဒေါက်တာ ဘဟန်၊ီးဘိုးကျား၊ ဦးဘီ၊ ဦးဘိုးဖြူ၊ ဦးမေအောင်၊ ဦးမြ၊ ဦးစံရွှေအောင်၊ ဦးလင်း၊ ဆရာလွန်း၊ ဒေါက်တာ လှဖေ၊ ဦးအောင်သိန်း၊ ဦးစောမောင်၊ ဦးစောကြွယ်၊ ဦးဝန်၊ ဦးသိန်းဟန်၊ စသော ပညာရှင်များ၏ စာတမ်းများ တင်ကြသည်ကို စာစောင် ၄၅ စောင်ထုတ်ဝေကာ မှတ်တမ်းတင်နိုင်ခဲ့ သည်၊ ယင်းသို့ မြန်မာ စာပေကို ဖေါ်ထုတ်ကာ မျိုးချစ်စိတ်ကို နှိုးဆွ၍ မြန်မာ့ လွတ်လပ်ေ၇းကို တိုက်ခိုက်ခဲ့သော အသင်း ကြီးမှာ ၁၉၈၀ ခုနှစ်တွင် ရုတ်တရက် သတ်ဖြတ် ဖျက်ဆီးခြင်း ခံလိုက်ရသည်၊


မဆလအဖွဲ့ကြီး၏ ဥက္ကဌကြီး အာဏာရှင် ဗိုလ်နေ၀င်း

မဆလအဖွဲ့ကြီး၏ ဥက္ကဌကြီး အာဏာရှင် ဗိုလ်နေ၀င်းက ပညာရေးဝန်ကြီး ဒေါက်တာညီညီအား အိမ်တော်သို့ဆင့်ခေါ်၍ ဒီအသင်းကိုဖျက်လိုက်လို့ တချက် လွှတ်အမိန့်ပေး လိုက်သည်၊။

ဒေါက်တာဖာနီဗယ်နှင့် ဆ၇ာကြီးဦးဖေမောင်တင်နှင့် မြန်မာပညာရှိကြီးများ နှစ်ပေါင်း ၇၀ တိုင်ပြန်လည်ဖေါ်ထုတ်ခဲ့သော မြန်မာစာပေ အထောင် အသောင်းမှာ ဗိုလ်နေ၀င်း ၏ '' ဒီအသင်းကို ဖျက်လိုက် '' ဟူသော စကားလုံးခြောက်လုံးနှင့် ကျေပြုံးရရှာတော့သည်၊

အဘယ်ကြောင့် ဖျက်ပစ်သည်ကို သတင်းထောက်တဦးကမူ သုတေသန အသင်းကြီးကို ဗိုလ်နေ၀င်းက ဖျက်မိန့်ပေး သည်နှင့် ပတ်သက်၍ ဗိုလ်နေ၀င်း ကတော် ဒေါ်ခင်မေသန်းက သူ့ ဖင်တုံအကြီးကြီးနဲ့ ဟိုတိုက် ဒီတိုက် တိုက်လေ့ ရှိတာကိုး ဟု ပြောသည်၊

သူ့တွင်မှတ်တမ်းရှိ၏ ၊။ ၄င်းအပြင် ဗိုလ်နေ၀င်းက ဆရာ မင်းသုဝဏ် အား '' မကျက်တကျက် ပေါင်မုံ '' ဟု ပုတ်ခတ် စော်ကားသည် အထိ ပါးစပ် သရမ်းသူ ဖြစ်သည်၊၊ ခက်သည်က သူက မြန်မာစာကို မြင့်တင်လို သည် ပြောကာ ဖျက်ဆီးမှု့ ဖြစ်သည်၊ ဒေါက်တာမောင်မောင်က မြန်မာစာအသုံးအနှုန်းကို ညီညွတ်စေချင်တယ်၊ သတ်ပုံက ကိုးရို့ ကားယား၊ အကြောင်းအရာ ကလဲ ကိုးရိုးကားယား ပျက်နေသဖြင့် စာပေကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ သည်ဟု ဖား ယားပြီး မဟုတ်တာကို အဟုတ်လုပ်ေ၇းပေးထားခဲ့သည်၊

မြန်မာနိုင်ငံ၏အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သဖြင့် ဗြိတိသျှ နိုင်ငံသားတို့ အတွက်လဲ ဂုဏ်မညှိုးအောင် ဆောင်ရွက်ခဲ့သူ ဖြစ်သဖြင့် ဂုဏ်ယူဖွယ်ရာ ကောင်း သော ယောင်္ကျားထူး ယောင်္ကျားမြတ် ဖြစ်သည့်အပြင် မြန်မာနိုင်ငံသားများ စာပေ မြင့် မှ လူမျိုး တင့်စေ၊ လူမျိုးမြင့် စေအောင် ဒေါက်တာ ဖာနီဗယ်ကဲ့သို့  စိတ် ထား၍ မြန်မာနိုင်ငံ၏ ပညာေ၇းကို ဖျက်ဆီးနေသူ အာဏာရှင်များကို အမြစ်ပါမကျန် တွန်းလှန် သင့်ပါကြောင်း တင်ပြလိုက်ရ ပေသတည်း။



-စစ်ကိုနိုင် ,- 31,Mar, 2010 hittai.net မှ ကူးယူဖော်ပြသည်

No comments:

Post a Comment