13 Aug 2012

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၁)

*ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၁)**

အမှာ။ ။ကျွန်တော့်တွင် ၁၉၆၆ ခုနှစ် ဇူလိုင်လထုတ်( လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်က) ကျုံပျော်စာပေက ထုတ်သော ဗိုလ်ချုပ်အကြောင်းစာအုပ်လေးကို ဖတ်ကောင်းလွန်းလှသဖြင့် မိတ်ဆွေထံမှ အပိုင်တောင်းရု် သိမ်းထားကာ သုံးလေးခေါက် ဖတ်ပြီးပေပြီ။ ဖတ်လို့မဝသေးသကဲ့သို့ ဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစားအားကျခြင်းများလဲ အစဉ်တိုးနေတတ်သည်။နောက်ပြီး မြန်မာပြည်လွတ်လပ်ရေးကို အသက် သွေး ချွေး ဇွဲ ဝီရိယ လုံလ စိတ်ဓါတ်တို့ဖြင့် ရွတ်ရွတ်ချွံချွံ ပေးဆပ် ယူထားရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသာမက အားလုံးသော ထင်ရှားသူေ၇ာ မထင်ရှားခဲ့ပဲ ပေးဆပ်ခဲ့သူတွေရော အစဉ်လေးစား ဦးခိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အားလပ်ချိန်ကလေးများ ရတိုင်း ကွန်ပြူတာရှေ့ထိုင်ရု် စာအုပ်မှ စာများကို ရိုက်ကာ မိတ်ဆွေများကို ဝေငှချင်သည့် စေတနာများပေါက်လာကာ ကိုယ်တိုင်၇ိုက်ပြီး ဝေငှပါသည်။ အကယ်ရု် ကှုစာအုပ်သည် ပြင်ပတွင် လွယ်ကူစွာ ဖတ်ရှုနိုင်သော ( သို့မဟုတ်) အများစုဖတ်ပြီးသားများဖြစ်နေပါက ကျွန်တော့ကို အကြောင်းပြန်ပေးပါရန်နှင့် ကှုစာအုပ်သည် ရှားပါးစာအုပ်ထင်ရု်သာ အပင်ပန်းခံ ပြီး မျှဝေမိကြောင်း ရိုးသားစွာ မဏာမတင်ပြအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုစိုးနိုင်

.............................
**ဗိုလ်ချုပ်နှင့် ကျွန်တော်**

(ဗိုလ်တာရာ)
ဘဝ၏အစ။

ကျောင်းခန်းတစ်ခန်းလုံး တိတ်ဆိတ်နေ၏။ ကျောင်းအုပ်ကြီး ဦးလှမောင်၏ ထက်မြက်ပိုင်နိုင်လှသော စကားပြေ ရှင်းလင်းချက် အသံသာလျှင် လွှမ်းမိုးနေတော့၏ ။ ကျွန်တော်တို့ ပျဉ်းမနားမြို့ရှိ ကေ-ဘီ- အမ် အထက်တန်း ကျောင်းကြီး၏ ရှစ်တန်းသင်တန်းကျောင်း ခန်းတွင် ညနေပိုင်းနောက်ဆုံး အင်္ဂလိပ်ဘာသာ သင်တန်း ပေးနေခိုက် ဖြစ်တော့သည်။

ဆရာကြီး ဦးလှမောင် (ဗိုလ်စင်္ကြာ ၏ဦးလေး မစ္စတာ ဂလူ့စမင်း )က ကမ္ဘာကျော် ရှိတ်စပီးယား ကဗျာဆရာကြီး ရေးသားသည့် ယိုမီယိုနှင့် ဂျူးလိယက် ပြဇာတ်ကို စကားပြေ အဓိပ္ပါယ်ရှင်းပြရု် ကောင်းနေခိုက် ဖြစ်ပါသည်။
ကျွန်တော်၏ စိတ်ထဲဝယ် တစ်ချီတစ်ချီ ရှိတ်စပီးယား၏ ကဗျာဂုဏ်နက်နဲမှု လှိုင်းဂယက်ထဲတွင် မြောကာ နစ်ကာ ပြဇာတ်၏ အရသာကို ခံစားရင်း တစ်ခါတစ်ခါ ကျောင်းခန်းထိပ်ရှိ နာရီကြီးကို ကြည့်မိ မြင်မိသည် တွင် ညနေ လေးနာရီထိုးရန် နာရီဝက်သာ လိုတော့သည်ကြောင့် ကျောင်းဆင်းလျှင် ကျွန်တော်၏ အလွန်ဝါသနာ ကြီးသည့် အလေးမ လက်ဝှေ့ထိုးလေ့ကျင့်မှု တို့ကို ပြေးရု်စိတ်စောပြီး ပညာနှင့် ကစားခုံစား မှုတို့ လွန်ဆွဲမှုအကြားတို့ဋ္ဌ် လူးလားတုန့်ပြန် ပါရှိနေလေသည်။

ယိုမီယို၏ ကြေကွဲဝမ်းနည်းဖွယ်ရာ မမှာတမ်းတစ်ပုဒ်ကို စိတ်ဝင်စားစွာလေ့လာရု် အလွမ်း၏ အ၇သာလေးကို ခံစားနေခိုက်တွင် မမြှော်လင့်သော ခြေသံပြင်းပြင်းကြောင့် စာအုပ်မှ မျက်နှာကို အသာခွာရု် ကြည့်လိုက်မိသည်။
အရပ် ၅ ပေ ၃ လက္မခန့်မြင့်ရု် ဘိုကေတိုတိုတွင် ဖိုးရိုးဖားရားဖြင့် ဖီးလိမ်းပြုပြင်မှု ကင်းဝေးခဲ့ကြောင်းကို နီကြောင်ကြောင်အရောင်နှင့် ထိုးထိုးထောင်ထောင် ဖြစ်ပျက်နေသည့် အဖြစ်က အတိုင်းသား ဝန်ခံရု်နေသော အသားနီစပ်စပ် လူတစ်ယောက်ကို စာသင်ခန်းဝတွင် မပြုံးတပြုံးနှင့် တွေ့ရပါတော့သည်။

ပင်နီကြမ်း အပေါ်ဖုံးအင်္ကျီကို ကဘိုကရိုဝတ်ရု် အောက်ခံ ပေါ်ပလင် အဖြူအင်္ကျီမှာလည်း အရောင် သိတ်မပေါ်ပါ။ အောက်ပိုင်းမှ ယောလုံချည်အနက် သာလျှင် အနက်ရောင်မပျက်ကောင်းရု် တော်တော်ဟောင်း နေသည့်အဖြစ်နှင့် ခြေဖဝါးနှစ်ဖက်တွင် လေယဉ်ပျံဖိနပ်ကို စီးထားသည့် ဧည့်သည်တစ်ယောက်ကို ခပ်ကြောင်ကြောင်နှင့် တွေ့ရတော့၏။ ထိုဧည့်သည်၏ ညာဘက်လက်တွင် ရှမ်းလွယ်အိတ်တစ်ခုကို ဆွဲကိုထားသည်ကို တွေ့ရပြီး ၄င်း၏ မျက်နှာမှာ ကရင်လိုလို ချင်းလိုလိုနှင့် သူကလွဲလျှင် အခြားလူများကို ဂရုမစိုက်သည့် မျက်နှာပေါက်မျိုးကို အကဲခတ်ရု် ဧကန်တ ဒီလူဟာ လယ်တီစံကျောင်း (ကျွန်တော်တို့ကျောင်း အနောက်ဘက်ဋ္ဌ် ကပ်လျှက်တည်ရှိသည်)ကို လာဖူးရင်း ဒို့ကျောင်းသားတွေကို စာသင်ပုံမမြင်ဘူးရု် ခေတ္တဝင်ကြည့်သည့် တောနယ်က ဧည့်သည်တစ်ယောက်ပဲ`` ဟုမှတ်ချက်ချကာ ခပ်အေးအေး နေလိုက်ပါသည်။

ကျောင်းအုပ်ကြီး ဦးလှမောင်က စိတ်ပါလက်ပါ သင်ကြားနေသော အင်္ဂလိပ်ဘာသာကို ခေတ္တရပ်နားလိုက်ပြီး မျက်မှန်ကို နေသားတစ်ကျပြန်လည်ရု နှာခေါင်းရိုးပေါ်သို့တင်ကာ အခန်းဝသို့ ခြေသံပြင်းပြင်းနှင့် ရဲရဲဝန့်ဝန့် လာရပ်ဝံ့သည့် ထိုဧည့်သည်လူထူးကို စူးစူးစိုက်စိုက် လှည့်ကြည့်လိုက်တော့သည်။

ဆယ်စက္ကန့်လောက်ကြာမှ ကျောင်းအုပ်ကြီးက ဗြုန်းကနဲ သတိရဟန် ဖြင့် အားရပါးရ ပြုံးလိုက်ပြီး အခန်းဝဆီသို့ ခပ်သွက်သွက်လှမ်းသွားကာ ထိုဧည့်သည်၏ ပုခုံးကို ခပ်ဆတ်ဆတ်လေး ပုတ်လျှက် ---

``မင်း ဘယ်တုန်းက ရောက်နေသလဲဟေ့---- အမယ်လေးကွာ --- ဘာသံမကြား ညာသံမကြားနဲ့``

``ခုဘဲ``

မျက်နှာ နီစပ်စပ်နှင့် အခန်းဝရှိ ဧည့်သည်က ခပ်တိုတို မပွင့်တပွင့်နှင့် ဖြေဆိုလိုက်သည်။

ကှုတွင် ဆရာကြီး ဦးလှမောင်က ``အေး အေး --နေဦး မင်းကို ငါ့တပည့်တွေနဲ့ မိတ်ဆက်ပေးရဦးမယ် ကိုင်း အထဲ လာစမ်း---``

သူ၏ဝါသနာ အတိုင်း ကျောင်းအုပ်ကြီးက ဝမ်းသာအားရနှင့် ထိုဧည့်သည်၏ ဘယ်ဘက်လက်ကို ဆွဲကိုက်ရု် အခန်း၏ အလယ်သို့ ဆွဲခေါ်ခဲ့ပြီး -

`` ဟေ့ ငါ့တပည့်တို့ ဒီဟာပေါ့ကွ--- သေသေချာချာ မှတ်ထား မင်းတို့ ကျောင်းသားတွေရဲ့ ခေါင်းဆောင် သခင်အောင်ဆန်းဆိုတာ ပေါ့ကွာ -- ဟဲ ဟဲ ဟဲ``
ထိုအခါကျမှ ဟိုကရင်လိုလို ချင်းလိုလို မျက်နှာ နီစပ်စပ် တောကျကျ ဧည့်သည်မှာ ကျွန်တော်တို့ ခေါင်းဆောင် ကိုအောင်ဆန်းမှန်းသိလိုက်ရတော့သည်။

သခင်အောင်ဆန်းကလည်း ကျွန်တော်တို့ကျောင်းသားတစ်သိုက် ဘယ်ပြန်ညာပြန်ကြည့်ရု် မပြုံးတပြုံးနှင့် တဟဲဟဲ အရယ်ကလေးရယ်လိုက်တော့ သည်။ ကျောင်းသားတွေကလည်း ဘာသဘောမှန်းမသိ တဟဲဟဲ နှင့် ပြန်ရု်ရယ်သူရယ် တခွီးခွီးနှင့် ပါးစပ်ပိတ်ရု် ရယ်သံများ၏ အသံများပါ ထွက်ပေါ်လာတော့သည်။ အနားရှိ ကျောင်းသားတစ်ယောက်က ``ဒါလားကွ ကျောင်းသား ခေါင်းဆောင် လူကြည့်ရတာ ဘယ့်နှာကြီးမှန်း မသိဘူး အချိုးအစားမကျ ဂွကျကျကြီး`` ဟုမှတ်ချက်ချလိုက်သည်။

ကျွန်တော့ အဘို့မှာတော့သခင်အောင်ဆန်းအား လူထဲမှလူတစ်ယောက်အနေနှင့် တွေ့ရပြီး ဆက်ဆံပုံ ဝတ်ပုံစားပုံ ထူးခြားချက် ဂွကျကျ အမူအရာ ကိုလက်ဦးဆုံး ပထမ မှတ်သားမိလိုက်ရု် ``သြော် နိုင်ငံရေးသမားခေါင်းဆောင် ဆိုတာ ဒီလိုပါလား ``ဟူရု် မှတ်ချက်ချမိလိုက်ပါတော့သည်။

**နိုင်ငံရေးသံသရာ ၏ လမ်းကူး**

ကျွန်တော်ကား နိုင်ငံရေး ရောဂါ ရခဲ့ပေပြီ--------------။

ကျောင်းသားခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့လေပြီ--------------။

ထိုမှ တစ်ဆင့် ခရိုင်ဒို့ဗမာအစည်းအရုံးဋ္ဌ်လည်း အမှုဆောင်တစ်ဦးအဖြစ် နိုင်ငံရေးဇာတ်ခုံသို့ တတ်ရောက်မိတော့သည်။ ဗမာ့တပ်ရုံးတပ် ခရိုင်ရဲ စည်းအုပ် တာဝန်ကိုလည်း သဘောတွေ့တွေ့ မနောခွေ့ ရု် ကျောင်းစာတွေမေ့ခမန်း တာဝန်တွေယူမိပြန်သည်။

ထို့ကြောင့် ယခုအခါဋ္ဌ် ရန်ကုန်ဗဟိုလ် ဒို့ဗမာအစည်းအရုံးသို့ သာယာဝတီမြို့တွင် ကျင်းပမည့် ညီလာခံကျင်းပရေး စီစဉ်မှု အစည်းအဝေးသို့ တတ်ရောက်ရန် ပျဉ်းမနားအပိုင်မှ ကိုယ်စားလှယ်အဖြစ်နှင့် သခင်သိန်းမောင် (ဖြုတ်ခွဲ)နှင့် ကျွန်တော် ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ခဲ့ပြန်သည်။

မီးရထားကကျပ် ခရီးကလည်းရှည်ရု် ကျွန်တော်တို့ နှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ်နေကြးသည်---။ ရေကျော်ဘက်သို့ ကျွန်တော်တို့နှစ်ယောက်ကို ဆွဲပြေးနေသော လန်ခြားကုလားကား ခြေကုန်နေပုံရအောင် နှေးသည့်အတွက် ထမင်းဆာနေသည်ကြောင့် ဒေါသထွက်နေသူ သခင်သိန်းမောင်က``ဂျာလတီး ဂျာလတီး``ဟု အတင်းနှင်နေသည်။ ဘေးမှ ကျွန်တော်က ``ဗျို့ဆရာ သိတ်ဂျာလတီးမနေနဲ့ ဘေးက ကားတွေကိုလည်းကြည့်ဦး`` ဟုဝင်ရောက်ဖျောင်းဖျရင်း ရေကျော်ရှိ ဒို့ဗမာအစည်းအရုံးသို့ ဟောဟော ဒိုင်းဒိုင်းဆိုက်ရောက်ခဲ့သည်။ ရုံးကြီးပေါ်တွင် ပုပုကွကွ၊ ရှည်ရှည် မဲမဲ ဖြူဖြူ ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ဗမာတစ်ပြည်လုံးရှိ သခင်ကိုယ်စားလှယ်တွေ ဆင်းချီ တတ်ချီနှင့် ခြေရှုတ်နေကြလေသည်။

ကျွန်တော်တို့နှစ်ယောက်က ကိုယ့်သားရေအိတ် ကိုယ်ဆွဲရု် ရုံးကြီးပေါ် သို့ တတ်ရောက်ခဲ့ပြီး စုံစမ်းရေးဋ္ဌာန ဧည့်ခံကော်မတီဟူသော ဆိုင်းဘုတ်များရှိရာသို့ ခပ်သွက်သွက် ခြေလှမ်းခဲ့ပြီး ကျွန်တောတို့၏ သက်ဆိုင်ရာလက်မှတ်နှင့် အစီရင်ခံစာများကို တင်ပြလေသည်။ မျက်မှန်တဝင့်ဝင့်နှင့် အသက်သုံးဆယ်အတွင်း ရှိ ဆံပင်တိုတိုညှပ်ထားသော စုံစမ်းရေးဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ လက်မှတ်များကိုစစ်ဆေးပြီး ဧည့်ခံရေး ဋ္ဌာနသို့ ပို့လေသည်။ ထိုဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ကို ကြည့်ရု် ``ကောင်းပြီလေ---``ဟု ပါးစပ်မှ တစ်ခွန်းတည်း မှတ်ချက်ချလိုက်လေသည်။ ကျွန်တော်တို့က နေရာထိုင်ခင်း ချပေးလိမ့်မည်ဟူသော တွေးလုံးနှင့် အသာစောင့်နေသည်။ သို့ရာတွင် နောက်ထပ်ဘာမှ နောက်ဆက်တွဲ မှတ်ချက်မပေါ်လာ။

ဆယ်မိနစ်ခန့်တိုင် သားရေအိတ်ကိုယ်စီကိုင်ကာ စောင့်နေရသော်လည်း ဘာမှစကားပြန်မရသည့် အဆုံးတွင် ကျွန်တော်က ဧည့်ခံကော်မတီရဲဘော်ထံသို့ ``ဘယ့်နှယ့်လဲဗျို့ လုပ်စမ်းပါဦး -- ကျွန်တော်တို့ ဘယ်မှာတည်းရမလဲ--``

ကှုတွင် ဧည့်ခံရဲဘော်ကြီးက ဘိုရှုးတိုတိုကလေးကို အသာကုတ်ကာ စုံစမ်းရေးရဲဘော်ထံသို့ ``ဟောဒီမှာ သခင်လေးမောင် ---ပျဉ်းမနားရဲဘော်တွေက မေးနေပြန်ပြီဗျ --။ ဟဲဟဲ သူတို့ သခင်ဆိုတဲ့အဓိပ္ပါယ် မသိကြသေးဘူးထင်တယ် --ပြောရမှာ ခက်တယ်ဗျာ``ဟုညီးညီညူညူ ရယ်မောရင်း လှမ်းပြောလိုက်ပြီး ``ဟော ဟိုဘက်ခန်းမှာ ကံကောင်းရင် နေရာလွတ်ကလေး ရှိပါလိမ့်မယ် ဒီလိုပေါ့ဗျာ --ကြည့်ပြီးနေကြပေါ့``ဟု တစ်ဖက်ခန်းသို့ လက်ညှိုးထိုးပြသောကြောင့် ကျွန်တော်တို့က ထွက်ခွာရန် ချေလှမ်း ပြင်လိုက်စဉ် -- သခင်လေးမောင်က ``ခင်ဗျားတို့ပစ္စည်းတွေ နေရာချထားပြီးရင် --အထွေထွေ အတွင်းရေးမှုး ဆီသွားပြီး တစ်ဆိတ် အစီရင်ခံလိုက်ကြဦးဗျို့``ဟု လှမ်းပြောလိုက်သေး၏။

ကျွန်တော်တို့ နှစ်ယောက် စိတ်တိုတိုနှင့် အလုပ်အမှုဆောင်များ အလုပ်လုပ်နေရာ ခန်းမကြီးသို့ ခပ်တင်းတင်း ဝင်ရောက်ခဲ့သည်--။ ဒေါင့် တစ်ဒေါင့်ရှိ စားပွဲရှည်ကြီးတွင် မျက်မှန်ဝိုင်းကြီးဖြင့် သခင်စိုး။ စာကုန်းရေးနေသော သခင်သန်းထွန်း ။ သခင်စံထွန်းလှစသည့် ဧရာမခေါင်းဆောင်ကြီးများကို တွေ့ရပြီး စားပွဲတစ်လုံးတွင် ရေးမှတ်နေသည့် သခင်အောင်ဆန်းနှင့် အခြားရဲဘော်နှစ်ယောက်ကို တွေ့ရကာ --အထွေထွေ အတွင်းရေးမှုး ဟူသော စာတမ်းကြောင့် သူတို့ စားပွဲရှိရာသို့ ချဉ်းကပ်မိခဲ့သည်။ ပြီးလျှင် ကျွန်တော်တို့က အစီရင်ခံစာများကိုထုတ်ရု် သခင်အောင်ဆန်းရှေ့မှောက် တင်ပြလိုက်သည်။ တခဏတွင် သူက စာကုန်းရေးနေရာမှ ဖျပ်ကနဲ မော့ကာ ကြည့်လိုက်ပြီး ----
``ခင်ဗျားတို့ ဘယ်ကလဲ ဆိုစမ်း``

``ကျွန်တော်က ပျဉ်းမနားခရိုင်ကလေဗျာ၊ ကဲ အစီရင်ခံစာ ဖတ်ကြည့်ပေတော့။

``ခင်ဗျားတို့ ရုံးဆင်းခါနီးမှ ဘာလို့လာသလဲ၊ သိပ်ဂွကျတဲ့ လူတွေ``

မဆီမဆိုင် သခင်အောင်ဆန်းက စရ်ျဆူပါတော့သည်။ သခင်သိန်းမောင်ကလည်း နဂိုကပင် ကျွဲမြီးတိုနေရာ ပိုမိုဒေါပွလာပြီး ``ခုမှ မီးရထားဆိုက်တယ်၊ ခု ခင်ဗျားတို့ဆီရောက်တယ်၊ ခုလို---ခင်ဗျားက အချောက်တိုက် နောက်ကျတယ်လို့ဆူနေတာ ဘာကောင်းးသလဲဗျ``ဟု မခံမရပ်နိုင် ပြန်ပက်လေတော့၏။ သခင်အောင်ဆန်းကလည်း ရှူးရှူးရှဲရှဲ ဖြစ်လာပြီး---

``ဘာဖြစ်လို့ ခင်ဗျားတို့ ရက်စောစောကြိုမလာတာလဲ၊ ဒီမှာ ကျုပ်တို့တတွေ ဘယ်လောက် ခင်ဗျားတို့အတွက် ခေါင်းရှုပ်နေရသလဲဆိုတာသိရဲ့လား``ဟု ခုနှစ်မောင်းတင်လာပြန်တော့သည်---။ ကျွန်တော့်တွင် ``ဘယ်လိုလူစားတွေနဲ့ တွေ့ရပြန်ပြီလဲ`` ဟု နိုင်ငံရေးသမားမဟုတ်ဘဲ လူမိုက်ကန်းကန်းတွေလို လူစားဟူသောအတွေးနှင့် ရှေ့စခန်းကို စဉ်းစားနေခိုက်တွင် စားပွဲကြီးမှ သခင်စိုးက ကြားဝင်ရ်ျ ``ဒီမှာ---သခင်အောင်ဆန်း ဖြေးဖြေးမှ စကားပြောပါ၊ ဒီလူတွေ ခရီးပန်းလာကြတယ်ထင်တယ်၊ ရဲဘော်တို့ ထမင်းသွားစားကြအုန်း၊ ပြီးမှ အေးအေးဆေးဆေးပြောကြပေါ့ဗျာ``ဟု ဖြန်ဖြေလိုက်သည်တွင် အားလုံးသဘောတူပြေအေးသွားတော့၏။ ကျွန်တော်တို့နှစ်ယောက်လည်း ကိုယ့်ပစ္စည်းများကို စနစ်တကျ ပြန်လည်ထားရှိရန်---တည်းခိုခန်းလုပ်ထားသော အခန်းထဲသို့ စိတ်ဆိုးဆိုးနှင့် ပြန်ဝင်ခဲ့သည်။

ကျွန်တော်တို့နှစ်ယောက်က ရေမိုးချိုးပြီး အ၀တ်အစားလဲကာ -- ရေကျော်ရပ်ရှိ အစည်းအရုံးနှင့် ခပ်နီးနီး ဗမာထမင်းဆိုင်တစ်ဆိုင်ရှိရာသို့ ခပ်သွက်သွက်ချေလှမ်းတင်ခဲ့၏။ သပ်သပ်းယပ်ယပ် ခင်းကျင်းထားသော လေးယောက်စား စားပွဲများဖြင့် သန့်ရှင်းပုံရသည့် ရုပ်ချောချော မိန်းမသုံးဦးတို့ ရောင်းချနေသော ထမင်းဆိုင်ဝသို့ ချေစုံရပ်ကာ နေရာထိုင်ခင်းရှာမိသည်။ သို့ရာတွင် နေရာကွက်လပ် မရှိသလောက် ထမင်းစားချိန်ဖြစ်ရု် -- လူကျပ်နေသည့်အတွက် နောက်ပိုင်းသို့ ပြန်လှည့်မည်အလုပ်တွင် ---

``ဟေ့လူတွေ လာကြ ဒီမှာ နှစ်ယောက်စာ နေရာရှိတယ်``

ထမင်းပလုပ်ပလောင်းစားနေသည့် လူအုပ်ထဲမှ အသံတစ်သံကြောင့် ခြေလှမ်းတွန့်သွားရာမှ ဂရုတစိုက်ဖိတ်ခေါ်ရာသို့ ပြန်ကြည့်မိသည်တွင် ကျွန်တော်တို့နှစ်ယောက်ကို တမင်ကလာ ခေါ်နေသူမှာ ဗဟိုလ်ဒို့ဗမာ အစည်းအရုံးကြီးမှ အထွေထွေအတွင်းေ၇းမှု ဘောက်ဆရာကြီး သခင်အောင်ဆန်းဖြစ်နေတော့ သည်။ သူက ပါးစပ်က ခေါ်ရုံတွင်မကသေး သူနှင့်ထမင်းလွေးနေသော သခင်စိုး ကပါ ကမန်းကတန်းထလာကာ အခန်းဒေါင့်ကျကျ သူတို့ထိုင် နေရာတွင် ကုလားထိုင်နှစ်ခု ပြင်ဆင်ပေးနေမှုကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ အားနာစွာနှင့်ပင် ထမင်းဆိုင်ထဲသို့ စွတ်ဝင်ခဲ့မိသည်။ သခင်အောင်ဆန်းက ထမင်းရောင်းသူ မိန်းမငယ်တစ်ဦးကို ထမင်းနှစ်ပွဲ ဝက်သားဟင်း စသည်တို့ကို လှမ်းမှာရင် ရယ်ရယ်မောမောနှင့် ကျွန်တော်တို့ နှစ်ဦးအား နှုတ်ဆက်ရု် အလ္လာပ သလ္လာပ စကားပြောတော့၏။

ထိုအခါကျမှ သခင်သိန်းမောင် ပြုံးလာဘော်ရ၏။ ကျွန်တော့အဘို့ ယခင် သခင်အောင်ဆန်းကို တွေ့စက တော်တော် အပေါက်ဆိုးသောလူ တစ်ယောက်ဟု သဘောထားခဲ့သည့်နောက် ယခုထမင်းဆိုင် တွင် တော်တော်ဖော်ဖော်ရွေရွေ တွေ့ရပြန်သဖြင့်---အစဉ်းစားရ ကျပ်ရလေ၏။

သခင်အောင်ဆန်းက ကျွန်တော့ကို ဂရုတစိုက်ခြေဆုံးခေါင်းဆုံးကြည့်ကာ ``နေပါဦးဗျ ခင်ဗျားကို ကျုပ်ဘယ်တုန်းကလဲမသိဘူး မြင်ဘူးပါတယ်```

``ခင်ဗျား ကျုပ်တို့ ကေ-တီ-အမ် ကျောင်းလာတုန်းက ဖြစ်မှာပေါ့။ ဆရာကြီးလှမောင်နဲ့ လာတွေ့တုန်းကလေ`` ကျွန်တော်က ကူညီထောက်ပေးမှ---

``ဟား ဟား ဟား ဟုတ်တယ် ဟုတ်တယ် အခုမှ အမှတ်ရတယ် ၊ ဒါနဲ့နေပါဦး ၊ ခု ခင်ဗျား ကျောင်းနေတုန်း လား ``

``ခု ၁၀ တန်းမှာပေါ့ဗျ -- တဖက်က နိုင်ငံရေးလုပ်ပြီး တဖက်က ကျောင်းနေသေးတယ် --ဆိုစမ်းပါဦး ဘယ်လိုဝေဖန်ဦး မလို့လဲ``

``ကျုပ်က ဒီလိုလူမျိုးတွေ ရှာနေတာ ---- နေပါဦး ---- ခုခင်ဗျားအသက် ဘယ်လောက်လဲ--လူကောင်က ထွားသလောက် မျက်နှာက နုနေလို့ဘဲ---``

စူးစူး စိုက်စိုက် ဖြင့်ကြည့်ကာ ကျွန်တော့ကို စစ်တမ်းထုတ်ပြန်တော့သည်။

ကျွန်တော်က လက်ဆေးခွက်တွင် လက်ကိုဆေးကာ နှစ်ရင်း ``ဆယ့်ရှစ်နှစ် ထဲမှာဘဲ``ဟု ထမင်းဆာနေသည်ကြောင့် ခပ်တိုတိုဖြေလိုက်ပါသည်။

သို့ရာတွင် သခင်အောင်ဆန်း အလိုက်ကန်းဆိုးမသိပါ။ သူကထမင်းစားနေသော ဇွန်း ခရင်းကို ပစ်ချလိုက်ပြီး ဝမ်းသာအားရနှင့်----

``ဟေ့---- သခင် ခင်မောင်ဦး ခင်ဗျားကျုပ်ကို ကတိပေးရမယ်-- မပေးရင်မနေရဘူး သိလား ခင်ဗျားနိုင်ငံရေးကို ကျုပ်နဲ့အတူ မခွဲတမ်းလုပ်ရမယ် ကျုပ်လုပ်သမျှ ခင်ဗျားလိုက်လုပ်ရမယ် ပြောစမ်း``
သူ၏ ညာဘက်လက်ကို ကျွန်တော့်ဆီသို့ ကမ်းပေးရင်း အတင်းကတိတောင်းသည်ကြောင့် ကျွန်တော့်မှာ မတတ်သာသည့်အဆုံးတွင် လက်ဆေးနေသော ကျွန်တော်၏ ညာဘက်လက်ကို ပြန်ရု် သူ့လက်တွင်းသို့ ပေးလိုက်ပြီး

``ကောင်းပါပြီဗျာ --- ခင်ဗျားခင်ဗျားဆန္ဒ အတိုင်း ပြည့်စုံပါစေ့မယ် ကျွန်တော် ကတိပေးအပ်ပါပြီ``

ဘေးမှ ထမင်းလွေးနေသော သခင်စိုး ၊ အလုပ်အမှုဆောင်အချို့နှင့် နယ်မှ သခင်အပေါင်းတို့က ထမင်းစားပွဲများကို ပုတ်ကာ လက်သီးလက်မောင်းတန်းရု် ``ဒို့ဗမာကွ အောင်၇မယ်`` ဟူသော ဆူညံစွာ ကြွေးကြော် ချီးကျူးသံများက ထမင်းဆိုင်ကလေးကို တခဏအတွင်း ဖုံးလွှမ်းလိုက်ပါသည်။

အငွေ့တထောင်းထောင်းနှင့် ကျွန်တော့ရှေ့လာချသော ထမင်းပန်းကန်ကို ကျွန်တော်က ဆာလောင်စွာဖြင့်ကြည့်ရု် ဟင်းပန်းကန်အလာကို စောင့်မျှော်နေမိသည်။ ဗြုံးကနဲ သခင်အောင်ဆန်းက သူ့ထမင်းပန်းကန်ထဲက ဝက်သားတုံးကြီးတစ်တုံးကို မပြောမဆိုနှင့် ကျွန်တော်၏ထမင်းပန်းကန် ထဲသို့ ထည့်ပေးရင်း ----

``စားဗျာ --- စားဗျာ---- ခင်ဗျားဆာနေရော့မယ်--``

သို့ရာတွင် ကျွန်တော် မှန်သည့်အတိုင်းဝန်ခံရလျှင် ထမင်းစားချင်စိတ်ပျောက်သွားပါပြီ။ အကြောင်းမှာ သခင်အောင်ဆန်း အနည်းငယ်ဖဲ့ထားပြီးသား ၀က်သားတုံးကို ကျွန်တော်စားလိုသည့်ဆန္ဒမရှိပါ။ ကျွန်တော်
ငယ်ငယ်ကတည်းက ကြောင်တတ်သောဗီဇ(၀ါ) ရွံတတ်မှုက ကျွန်တော့်ကိုကောင်းကောင်းကြီး ဒုက္ခပေးလေ၏။ ဤကား သခင်အောင်ဆန်း၏ ဒုတိယမြောက် အလိုက်ကန်းဆိုး မသိမှုပင်။ ထို့ကြောင့် ဟင်းပန်းကန်လာချသည်တွင် ကမန်းကတန်း ကျွန်တော်က ဟင်းတုံးတတုံးကိုဆယ်ကာ သူပေးထားသော ဟင်းတုံးလိုလို အမှတ်တမဲ့စတင် စားသောက်ရင်း သခင်အောင်ဆန်း၏ ထမင်းစားရင်း နားမညည်းတမ်းပြောနေသော ဗမာ့နိုင်ငံရေး သဘောတရားကို နားစွင့်မိပါတော့သည်။


(ဆက်လက်ဖော်ပြပါမည်)
**ကိုစိုးနိုင်**

No comments:

Post a Comment