အောင်သင်း
‘တို့ဗမာအစည်းအရုံးဝင်’
‘သခင်’ လက်ဟောင်းကြီးများမှာ သက်ရှိထင်ရှားရှိနေကြပါသေးလျှင် အတော်ကြီး
သက်ရွယ်အိုမင်း ဖြစ်နေကြပါလေပြီ။ လက်ကျန်ထက် ကွန်လွန်ကပင်
အဆမတန်များနေပြီဟု ဆိုကြရ ပါ တော့မည်။ တစ်ခါတရံ
သတင်းစာနာရေးကြော်ငြာများတွင် သခင်ဘယ်သူ ဘယ်ဝါ စသည်ဖြင့် တွေ့လိုက် ရလျှင်
ဘာရယ်မဟုတ်၊ သူတို့တစ်တွေ ‘သခင်’ဟူသောဘွဲ့ကိုရနိုင်အောင်
ကြိုးပမ်းခဲ့ကြပုံကို ရော်ရမ်းစဉ်းစား မိပြီး အံ့သြချီးကျူးခြင်းလည်း
ဖြစ်မိသည်။ ပြုံးလည်း ပြုံးမိပါသည်။စာဖတ်သူက အသက် ငယ်ငယ်ရွယ်ရွယ် မျှသာ ရှိပါသေးလျှင် ‘သခင်’ဆိုတာ ဘာများထူးလို့လဲဟု သာမန်ပေါ့ပေါ့ဆဆသာ သဘောထားကောင်း ထားပါလိမ့်မည်။ အကြောင်းစုံကို သိရလျှင်မူကား ကျွန်တော်ကဲ့သို့ပင် ချီးကျူး အံ့သြခြင်း၊ နှစ်သက်စွာ ပြုံးမိခြင်းတို့ ဖြစ်လိမ့်မည်ထင်ပါသည်။



