===================================
http://blogs.yahoo.co.jp/w111412002/29446982.html
(မူရင်းအရေးအသားအတိုင်း ဘာသာပြန်ထားခြင်း ဖြစ်သည်။ သတ်ပုံ၊ ဝါကျဖွဲ့စည်းပုံ မှားယွင်းလွဲချော်ပါက အကြံပြုပေးပါ။မူလက ဓာတ်ပုံသက်သက် တင်ပြရန်ရည်ရွယ်သော်လည်း ဂျပန်တို့၏ အမြင်မှာ တမူထူးခြားနေသဖြင့် တတ်နိုင်သမျှ ဘာသာပြန်ပေးလိုက်ပါတယ်။)
၂၀၁၂ မတ် ၅ ရက်။ Ryohei Koisoရဲ့ ၁၉၄၄ ဗမာ့လွတ်လပ်ရေးအခမ်းအနား ပန်းချီတွေကို ကြည့်ဖို့ အမျိုးသားခေတ်သစ်အနုပညာပြတိုက်သို့ မနေ့က ရောက်ခဲ့တယ်။

၁၉၄၁ ဒီဇင်ဘာ ၈ မှာ မဟာအရှေ့အာရှစစ်ပွဲဟာ ပုလဲဆိပ်ကမ်းက စတင်တယ်။ စင်္ကာပူ နဲ့ မြန်မာက လွတ်လပ်ရေးကြိုးပမ်းနေတယ်။ အမေရိကန်နဲ့ ဗြိတိသျှတို့ကို ပိတ်ဆို့တားဆီးဖို့ တရုတ်အမျိုးသားတပ်မတော် (လက်နက်တပ်ဆင်ပြီး) နဲ့ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော် (စတင်တည်ထောင်)တို့ ကူညီကြတယ်။

အင်္ဂျင်နီယာချုပ်၊ ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး )

ဗိုလ်မှူးကြီး ဆူဇူကီး နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော် တည်ထောင်သူများ ။

(ဗိုလ်ချုပ်) အောင်ဆန်း နှင့် နေဝင်း ( ၁၉၆၂မှာ စစ်အာဏာသိမ်းပြီး မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်နိုင်ငံ ထူထောင်သူ)

နိပွန်ဧကရာဇ်တပ်မတော် ဒုတိယ ဗိုလ်ချုပ်ကြီး လီဒ ရဲ့ ကြည်းတပ် ( ဗမာနိုင်ငံထဲ မဝင်မီ)

၁၉၄၂ မတ် ၉ ။ ရန်ကုန်ကို သိမ်းပိုက်။
၁၉၄၃ ဩဂတ် ၁ ။ ဗမာ့လွတ်လပ်ရေး




၁၉၄၃ ဩဂတ် ၁ ။ ဗမာ့လွတ်လပ်ရေး
" သမိုင်းစဉ်ဆက် ရှည်ကြာစွာ တည်တံ့ခဲ့သော်လည်း၊ ဗြိတိသျှတို့၏ အနှစ် ၅၀ ကျော် သိမ်းပိုက်ခြင်း ခံရခဲ့ရသည်။ ဗမာနိုင်ငံသည် ယနေ့မှ စ၍ လွတ်လပ်ရေးကို ကြေညာသည်။ အချုပ်အခြာ အာဏာပိုင်သော၊ လွတ်လပ်သော အခြေအနေသို့ တဖန်ပြန်လည်ရောက်ရှိသည်။ "
အင်ဖာစစ်ဆင်ရေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မုတ ရဲ့ နိပွန်တပ်တွေ ချေမှုန်းခံရတယ်။
ဗမာ့တပ်မတော်ဟာ နိပွန်တပ်တွေ နဲ့ အတူ စစ်ပွဲပါဝင်ရင်း ၁၉၄၅ မတ် ၂၇ မှာ ဗိုလ်ချုပ် အောင်ဆန်းဟာ နိပွန်ကို သစ္စာဖောက်ခဲ့တယ်။ ဗြိတိသျှတို့ ကြိုးကိုင်မှုနဲ့ လုပ်ကြံခံရတယ်။
"၁၉၄၈ ဇန်နဝါရီ ၄ ထက် စောစီးစွာ ဗမာ့အာရုံဦးဟာ မှန်ကန်တဲ့ လွတ်လပ်ရေးနဲ့အတူ ၁၉၄၃ မှာ ဖန်တီးခဲ့ကြပါတယ်" ဟု ဝန်ကြီးချုပ်ဟောင်း မိုဘာက ၁၉၆၈ မှာ ပြောခဲ့တယ်။ " နိပွန်စစ်ပွဲဟာ ဂုဏ်ယူစရာကောင်းတာ မမေ့ကြပါနဲ့။ မဟာအရှေ့အာရှကြေညာချက်ဟာ (ဗမာ့ လွတ်လပ်ရေး တပ်မတော်အပါအဝင် *) တောင်ပိုင်းအဖွဲ့အစည်း စစ်သားတွေနဲ့ ဗိုလ်မှူးကြီး ဆူဇူကီးတို့ အကြားမှာ ရဲ့ ရင်းနှီးချစ်ကြည်မှုနှင့်အတူ အမှန်တကယ် ပြန့်နှံ့သက်ဝင်ယုံကြည် ကြတယ်။ အာရှတိုက်ကြီး တဝက်လောက် ချေမှုန်းခံရသည့်တိုင် လူထုအများစုရဲ့ သစ္စာရှိမှု၊ ကျေးဇူးတင်မှုကို မဖယ်ရှားနိုင်ပါဘူး။ဘယ်လိုမှ ဖြိုဖျက်ဖို့ မလွယ်ကူတဲ့ ကိုလိုနီစနစ်အောက်က ပြည်သူတို့ လွတ်မြောက်ရေးအတွက် နိပွန်တို့ဟာ မြင့်မြင့်မားမား အရေးပါခဲ့တယ်။
No comments:
Post a Comment