12 Feb 2013

လူမျိုးရေး ဆိုတာ ဘာလဲ (ဗိုလ်ချုပ်အောင်ဆန်း)

လူမျိုးကြီးဆိုတာ ဘာလဲ

ဒီနေရာမှာ လူမျိုးရေးကိစ္စကို ကျွန်တော်ဆွေးနွေးလိုတယ်။ အင်္ဂလိပ်လိုမှာ (Nation or Nationality, Race, Tribe) အစရှိသည် အားဖြင့် လူမှုရေးးတွေကို အသီးသီး ခေါ်ထားတာရှိတယ်။

(Nation or Nationality) ဆိုတာမျိုးကတော့ ဗမာလို တိတိကျကျ ဘယ်လိုပြန်ရမယ် ဆိုတာ ဗမာ့ အဘိဓါန် ကျကျနန ထွက်မှဘဲ ဖြစ်နိုင်မှာဘဲ။ အဓိပ္ပာယ်ကတော့ ဥပမာ ဗြိတိသျှ လူမျိုးဆိုယင် အင်္ဂလိပ်၊စကော့၊ဝေလ၊အိုင်းရစ်လူမျိုးတွေ ပေါင်းထားတာကို ခေါ်တာပဲ။ အမေရိကန်လူမျိုး ဆိုယင်လ ဥရောပ လူမျိုစုံ၊အမေရိကန်မှာ လာနေပြီး အမေရိကန် လူမျိုးလိုနေတဲ့ လူအားလုံးကို ခေါ်တာပဲ။ ဒီတော့ (Nation) သို့မဟုတ် (Nationality) ခေါ်တဲ့ လူမျိုးကြီးကို ဆိုကြပါစို့၊အဲဒီ လူမျိုးကြီးဆိုတာ ဘယ်လို အချင်းအရာတွေနဲ့ ပြည့်စုံမှ လူမျိုးကြီးလို့ ခေါ်မလဲ။ အဲဒီလူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး အခု ကမ္ဘာကျော် ဆိုဗီယက် ယူနီယံ ခေါင်းဆောင်ကြီး ဖြစ်တဲ့ စတာလင်က ဘယ်လို သရုပ်ဖော်ထားသလဲ ဆိုယင် -

A nation is a historically evolved stable community of language,territory ,economic life, and psychologicsl make - up manifested in a community culture;

လူမျိုးကြီး ဆိုတာ ရာဇ၀င်အရ ဖြစ်ပွားပြီး တည်တည်တံ့တံ့ နေလာတဲ့ သူ့ဘာသာစားနဲ့၊ သူ့နယ်မြေနဲ့၊သူ့စီးပွားရေးနဲ့၊သူ့ယဉ်ကျေးမှု ပညာထုံးစံဓလေ့တွေနဲ့ ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုဘဲလို့ စတာလင်က သရုပ်ဖော်ပြခဲ့တယ်။ ဒီနေရာမှာ လူပေါင်းစုဆိုတာဟာ (A nation is not a racial or trible community of people) လို့ အတိအလင်း ဖော်ပြထားတယ်။ အဓိပ္ပာယ်ကတော့ လူမျိုးကြီးဆိုတာ အသွေးအဆင်းတူတဲ့ (Race) တို့ (Tribe) တို့ ခေါ်တဲ့ လူမျိုးစုမျိုး မဟုတ်ဘူး။ အဲဒီ (Race) တို့များ ပေါင်းစပ်ထားခြင်း ဖြစ်လို့ တယ်ရှင်းလင်း ပြန်တယ်။

အဲဒီမှာ စကားတူရှိရုံနဲ့ လူမျိုးကြီး မဖြစ်နိုင်ဘူးတဲ့။ စကားတမျိုးထဲ ပြောကြတဲ့ အင်္ဂလိပ် အမေရိကန်ဟာ လူမျိုးကြီးနှစ်မျိုးဖြစ်နေတာ အထင်အရှားဘဲ မဟုတ်လားတဲ့။ လူမျိုးခြားတိုင်း စကားမခြားဘူး။ စကားတူတိုင်း လူတမျိုးတည်း မဟုတ်ဘူး။ အကြောင်းအားလျော်စွာံ ဆုံစည်းခွင့် မရှိလို့ရှိယင် တမျိုးစီဖြစ်တယ်။ အဲဒီလို ဆုံစည်းတဲ့ နေရာမှာ တမြေတည်းနေ တရေတည်းသောက်တဲ့ လူတွေမှ လူတမျိုးတည်း ဖြစ်လာနိုင်သတဲ့။ နောက်စီးပွားရေးမှာလဲ တဦးနှင့်တဦး ကျောထောက်နောက်ခံ သဘောမျိုး မှီခိုပြီး ပေါင်းစည်းထားမှ ဖြစ်သတဲ့။ ပြီးတော့ လူတမျိုးရဲ့ စိတ်ဓါတ် (Nationnal Character) လို့ ဆိုတဲ့ လူယဉ်ကျေးမှုထုံးစံ ဓလေ့ဆိုတာကို မထားလို့ မဖြစ်ဘူးတဲ့။ ဒီအချက်တွေထဲက တခုလောက်မရရုံနဲ့ဘဲ လူမျိုးကြီးဆိုတဲ့ ဂုဏ်အင်္ဂါကို မထိုက်တန်ဘဲ ဖြစ်သွားနိုင်သတဲ့။ အဲဒီတော့ ဒီအချင်းအရာတွေ အားလုံးပြည့်စုံမှ လူမျိုးကြီး တမျိုး ဖြစ်တယ်ဆိုဘဲ။ ဒီနေရာမှာ (Common Language) ဆိုတဲ့ စကားတူလို့ ဆိုတာမှာလဲ ဥပမာ ဗြိတိသျှ လူမျိုးကြီးများ အင်္ဂလိပ်စကား အားလုံး ပြောကြတယ်။ နားလည်ကြတယ်။ ဒါပေမယ့် အိုင်းရစ်တို့ ဘာတို့မှာ သူတို့စကား သတ်သတ်ရှိတယ်။ အဲဒါကိုလဲ သတိပြုဖို့ လိုတယ်။


နောက်ပြီး (State) (ဒီနေရာမှာတော့ လက်နက်နိုင်ငံတော်လို့ဘဲ ဆိုကြပါစို့)။ အဲဒီ လက်နက်နိုင်ငံတော်ဆိုတဲ့ (Political Community) နိုင်ငံရေး လူပေါင်းစနဲ့ လူမျိုးကြီး ပေါင်းစုံ (National Community)ကို နားမရှုပ်စေလိုဘူးလို့ စတာလင်က ရှင်းထားတယ်။ ဘယ်လိုလဲ ဆိုယင် တူတာတွေထဲမှာ စကားတူမှ လူမျိုးကြီး တမျိုးဆိုတာ ဖြစ်နိုင်မယ်။ သို့သော်လည်း လက်နက်နိုင်ငံတော်ဆိုတဲ့ နိုင်ငံရေး လူပေါင်းစုထဲမှာတော့ စကားမတူပေမဲ့ တနိုင်ငံတည်း ဖြစ်နိုင်တယ်ဆိုတာ ဖော်ပြထားတယ်။


ကောင်းပြီ။ ဒီအချက်တွေကို အခြေပြုပြီး စဉ်းစားယင် ကျွန်တော်တို့ ဗမာပြည်မှာ (Nation or Nationnality) လူမျိုးကြီး အဖြစ်နဲ့ ဘယ်နှစ်မျိုး ရှိသလဲ ဆိုယင် စင်စစ် ပြောရယင်တော့ အားလုံးတမျိုးတည်းပဲ ရှိနိုင်မယ်။

(Race,Tribe) ဆိုတဲ့ ဟာမျိုးတော့ ရှိသပေါ့။ ဒါမျိုးတွေကော (Nation or Nationality) ထဲမှာ မရှိဘူးလား ဆိုတော့ ရှိသတဲ့။ သူတို့ကို (National Minority) လို့ ခေါ်တယ်။ လူမျိုးရေး လူနည်းစုတွေလို့ ခေါ်တယ်တဲ့။

အဲအခုန ကျွန်တော်တို့ ဗမာပြည်မှာ လူမျိုးကြီး စစ်စစ် ခေါ်နိုင်တာ အားလုံးပေါင်းခေါ်မှ ဖြစ်နိုင်တယ်လို့ ကျွန်တော် ဘာပြုလို့ ပြောရသလဲဆိုယင် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ လူပေါင်းစု ဆိုလို့၊ ရှမ်းလူမျိုးကို ပြောမယ်ဆိုယင်တော့ စစ်စစ် မဟုတ်ဘဲ ခပ်လျော့လျော့ သဘောမျိုး ဆိုယင် လူမျိုးကြီးလို့ ခေါ်နိုင်ပါလိမ့်မယ်။ တခြား လူမျိုးတွေ ဆိုယင် မခေါ်နိုင်ဘူး။ ဥပမာ ဂျိန်ဖောလူမျိုး ၊ သူတို့မှာ အထက်ပါ လူမျိုးကြီး အင်္ဂါပြည့်ပြည့်စုံစုံ မရှိဘူး။ အထူးသဖြင့် စီးပွားရေးမှာ သူ့ချည်း မဖြစ်နိုင်ဘူး။ ဥပမာ ချင်း ၊ ချင်းကျတော့ ပိုတောင် ဆိုးသွားသေးတယ်။ ဘာပြုလို့လဲ ဆိုယင် သူတို့မှာ စကားတူကို မရှိဘူး။ အချင်းချင်း ကျတော့ ဗမာစကားယင်လဲသုံး၊ အင်္ဂလိပ်တွေ စီမံခဲ့လို့ ကုလားစကားယင်လဲ သုံးနေရတာပဲ။ ကရင်နီကို ကြည့် ၊လူဦးရေကလဲ မိုးဗြဲနယ်ဆိုတာ ထည့်ပါမှ ရှစ်သောင်လောက်ဘဲရှိတယ်။ အဲဒီ ရှစ်သောင်းလောက်က အချင်းချင်း ဘာစကား သုံးနေရလဲ ဆိုယင် ဗမာစကားကို သုံးနေရတယ်။ ကရင် လူမျိုးကြည့်အုံးမလား။ အမျိုး ၁၂ မျိုးလောက်ကွဲပြီး စကားဆိုယင်လဲ (Principal Languages) အဓိက စကား နှစ်မျိုးတောင် ရှိနေတယ်။ အချင်းချင်းကျတော့ ဗမာစကားဘဲ သုံးနေရတာဘဲ။ ရှမ်းဆိုတာလဲ အမှန်ကတော့ ဗမာစကား အများအားဖြင့် နားလည်ကြတာဘဲ။ ယဉ်ကျေးမှုဆိုယင် ဗမာ ယဉ်ကျေးမှုနဲ့ တူတာတွေ အများကြီးဘဲ။

လူမျိုးကြီး အချင်းချင်း ဆိုယင်တော့ (Nations are Sovereigns and all natiiions are equal) လို့ လူမျိုးကြီးတွေဟာ အချုပ်အချာ အာဏာရှိတယ်။ အတူတူဘဲ။ တန်းတူဘဲလို့ စတာလင်က ဆိုထားတယ်။


ဒါဖြင့် ဒီအဓိပ္ပာယ်က ဘယ်လို သဘောလဲ။ လူမျိုးကြီးဆိုတာ အချင်းချင်း ပေါင်းသင်းနေယင် (Regional Autonomy) ဆိုတဲ့ နယ်မြေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြီး ခွဲထွက်ခွင့်ပါ ရထိုက်သတဲ့။ ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့် လုံးဝ ရထိုက်သတဲ့။

The right of self-determination means that a nation can arrange its life according to itsown will. It has the right to arrange its own life on the basis of autonomy.

It has the right to enter into federal relation with other nations. It has right to complete secession.

လို့ ဆိုထားတယ်။ ဒါပေမယ့် ဆက်ပြောထားတာရှိသေးတယ်။

This of course does not mean that Social Democrats will support every demand of nation.A nation has the right even to return to the order of things; but this does not mean that Social Domocrats will subscribe to such a decision if taken by any institution of the said nation............

ပြီးတော့

In fighting for the right of nations to self-determination, the aim of the Social Democrats is to put an end to the policy of national oppression,to render it impossible, and thereby to remove the grounds of hostility and reduce it to a minimum.

ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်ခွင့်ကို လူမျိုးကြီးဆိုတာတိုင်း ရထိုက်တယ်ဆိုပေမဲ့ နေရာတကာ အမြဲတမ်းမဟုတ်ဘူး။ ကောင်းကျိုးလုပ်ဖို့သာ ဖြစ်တယ်။ ဆိုးကျိုးလုပ်ဖို့မဟုတ်ဘူးဆိုတာ ပြောထားတယ်။ လူမျိုးအချင်းချင်းချယ်လှယ်လွှမ်းမိုးမှု၊ နှိပ်စက်မှု မဖြစ်ရအောင် ဒီအခွင့်အရေး မျိုးကိုလူမျိုးကြီးတိုင်းကို ပေးတာဘဲ

ပီတော့ “ မတ်ဝါဒ” ဋီကာဆရာတဦးကလဲ

It would be wrong to say that Marxists must support every national movement and that they have to apply the principle of national self-determination as dogma in every simple case. Also the right of self - determination of this or that national group has to be difinitely denied if under the given conditions it would serve reactionary purposes the do a disservice to the general cause of democtacy.

ကွယ်လွန်သွားတဲ့ လီနင် ဆိုတဲ့ပုဂ္ဂိုလ်ကြီးကလဲဆိုထားတယ်။

The various demands of democracy, including self-determination, are not absolute, but a small part of the general de mocratic (now general socialist) world movement. Possible in individual concrete cases, the part may contradict the whole, if so it must be rejected.

နောက်ပြီး

The question of the right of a nation freely to secede must not be confused with the question of whether it would be expedient for any given nation to secede at secede at any given moment.

ဒါတွေ အားလုံးခြုံလိုက်တော့ ဘာအဓိပ္ပါယ်ထွက်သလဲဆိုင်ယင် လူမျိုးကြီးဆိုတာ အချင်းချင်းပေါင်းကြယင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ ပေါင်းကြ။ ဒါပေမဲ့ နေရာတကာ အချိန်အခါတိုင်းမှာ အခြေအနေ အကျိုးအကြောင်းကို မထောက်ဘဲ အရမ်းကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မဟုတ်ရ ဘူးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ ဒါက (Nation or Nationality) ဆိုတဲ့ လူမျိုးကြီးနှင့် ပက်သက်ပြီးသိသင့်သိထိုက်သော သဘောတရားတွေဘဲ။

ပြီးတော့ ....

Of course not one of the regions constitutes a compact homogeneous nation for each is interspersed with national minorities. Such are the Jews in Poland. the Latvians in Lithuania, the Russians in Caucasus. the Poles in the Ukraine,and so on. It may be feared. therefore, that the minorities will be oppressed by the national majorities. But there will be grounds for this fear. only if the old order continues to prevail in the country. Give the country complete democracy and all grounds for this fear will vanish.

What is it that particularly a national minority? A minority is discontented because it does not enjoy the right to use its native language. Permit it to use its native language and the discontent will pass of itself. A minority is discontented beause it does not possess its own schools. Give it its own schools and all grounds for discontent will disappear. A minority is discontented because it does not enjoy liberty of conscience, etc. Give it these liberties and it will cease to be discontented. Thus national equality in all forms (languages, schools etc) is an essential element} in the solution of the national problem.

A state law based on cmplete democracy in the country is required. prolubiting all national privileges without exception and all kinds of disablities and restrictions on the rights of national minorities.

ဒီဟာကတော့ လူမျိုးရေးလူနည်းစုအခွင့်အရေးတွေနှင့် ပက်သက်ပြီးသိသင့်သိထိုက်တဲ့အချက်တွေဘဲ။ ပီးတော့ လူမျိုးရေးလူနည်းစုဆို တာ လူဦးရေ ဘယ်လောက်ရှိမှ လူမျိုးရေး လူနည်းစုခေါ်မလဲ ဆိုတာကိုလဲ သိဖို့လိုတယ်။ အရင် စစ်မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ နိုင်ငံပေါင်းစုံ အသင်းချုပ်ကြီးက သရုပ် ပြဋ္ဌာန်းထားတာကတော့၊ လူမျိုးရေးလူနည်းစုဆိုတာ လူမျိုးရေးလူများစုရဲ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလူ နည်းစုလို့ ခေါ်နိုင်မယ်လို့ ဆိုထားတယ်။ ဘာပြုလို့လဲ ဆို ရှမ်းပြည်မှာ လူမျိုးပေါင်း ၂၀၊ ၃၀ လောက်ရှိတယ်။ အဲဒီလိုသာ လူမျိုးကွဲတိုင်း ရှောက်ခေါ်နေရယင်ဆုံးမှာ မဟုတ်ဘူး။ ဒါကြောင့်လူဦးရေ သတ်မှတ်ရတာဘဲ။ သို့ပေမဲ့ ဗမာပြည်အဖို့မှာ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံ ဆိုတာတော့ များလွန်းအားကြီးတယ် ထင်တယ်။ ဆယ်ပုံတပုံ လောက်ရှိယင်ဘဲ လူမျိုးရေးလူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျွန်တော်ယူဆတယ်။ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစုဆိုယင်တော့ ဗမာပြည်မမှာ လူမျိုးရေး လူနည်းစုကို မရှိနိုင်တော့ဘူး။


ဒါပေမဲ့ ဥပမာ ကရင်လူမျိုးဆိုလို့ရှိယင် လူမျိုးရေး လူနည်းစုအဖြစ်နဲ့ အခွင့်အရေးတွေ ရသင့်သလောက် မရဘဲ ရှိနေတယ်ဆိုတာ ငြင်းလို့ ကျုပ်တို့ ရမှာမဟုတ်ဘူး။ ပြီးတော့ သူတို့တတွေဟာလဲ ဗမာတွေရဲ့ ဆယ်ပုံတပုံလောက် အဖျင်းဆုံး ရှိလိမ့်မယ်။ အဲဒါကြောင့် သူတို့ကို တော့ လူမျိုးရေးလူနည်းစု အခွင့်အရေးတွေကို ပေးဖို့တောင်းတယ်။ မွန်လူမျိုးကိစ္စဆိုယင်တော့ သူတို့မှာ အခုလူမျိုးရေး လူနည်းစုအဖြစ် နဲ့ မွန်စာပေ၊ မွန်ကျောင်းတွေ ကိစ္စလောက်က လွဲယင် တခြားနစ်နာချက်တွေမရှိပါဘူး။ မွန်ရယ်၊ ဗမာရယ် ခွဲခြားပြီး ကရင်လို သဘော ထားသလိုထားစေချင်လို့တော့ မဖြစ်နိုင်ဘူး။

ဒီတော့ လူမျိုးရေး ပြဿနာနဲ့ပက်သက်ပြီး ကျွန်တော် တော်တော်စုံစုံလင်လင် ပြောပြပြီးတဲ့နောက်၊ ကျွန်တော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား။ လူမျိုးကြီးတမျိုးတည်းဘဲဆိုတဲ့ တိုင်းပြည်မျိုး (Unitary) တည်ထောင်မလား ဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။

ကျွန်တော်အမြင်အရ ဆိုယင်တော့ အထက်လူမျိုးရေးအရ ရသင့်ရတိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်း သတ်မှတ်ပေးပြီးးတော့ (Unitary State) လူမျိုးကြီး တမျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စု သဘောမျိုးဘဲ ဖြစ်ရမှာဘဲ

ဒါပေမယ့် ပေါင်းခါမှ ဆေးအတွက် လေးတဲ့ ပြည်ထောင်စုမျိုး၊လီနင်ပြောသလို တစိတ် တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ (The part contradic ting the whole) ပြည်ထောင်စုမျိုး ဆိုယင်တော့ အဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေး တိုးတက်မှုကို စုပေါင်းပြီး စံနစ်တကျ စီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။

ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သား အများဆုံး တိုးတက်မှုကို လုပ်နိုင်မှာဘဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာ ဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒီလူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီ နောက် အကြောင်းပေါ်ယင် ပေါ်သလို ဆွေးနွေးသင့်ယင် ဆွေးနွေးပါအုံးမယ်။ အခု ဒီမိန့်ခွန်းမှာတော့ ဒီလောက်နဲ့ဘဲ တော်လောက်ပြီလို့ ကျွန်တော်ယူဆပါတယ်။

(၁၉၄၆ ခု၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် (ဖဆပလ) အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့၏ သဘောတူညီချက်အရ၊ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍ ယာယီ အမှုဆောင် အစိုးရ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပြီး ၍ တလခွဲမပြည့်မီ ၁၉၄၆ ခု၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း အစိုးရ အဖွဲ့က အရေးကြီးသော ကြေညာချက်တစ်စောင် ထုတ်ပြန်လေသည်။ ယင်းကြေညာချက်မှာ “ ဗြိတိသျှအစိုးရက မြန်မာပြည် လွတ်လပ် ရေးကို ကြေညာရန်နှင့် မကြေညာက အစိုးရတဖွဲ့လုံး နုတ်ထွက်မည်” ဟူသော ကြေညာချက်ဖြစ်၏။ ထိုကြေညာ ချက်အရ ဗြိတိသျှအစိုးရက ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဘိလပ်သို့ ဖိတ် ခေါ် ဆွေးနွေးရ၏။ “အောင်ဆန်းအက်တလီစာချုပ်” ချုပ်ဆိုခဲ့ကြသည်။ ယင်းစာချုပ် အပိုဒ် ၁ အရ ရွေးကောက်ပွဲ များကျင်းပပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကို တည်ထောင်နိုင်ခဲ့၏။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို လွှတ် တော်သို့ မတင်သွင်းမီ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော ဂျူဗလီဟောညီလာခံကြီးတွင် တင်ပြခဲ့သည်။ ဖော်ပြပါကောက်နှုတ်ချက်မှာ ဂျူဗလီဟောပဏာမ ပြင်ဆင်မှု ညီလာခံတွင်မိန့်ကြားခဲ့သော မိန့်ခွန်းမှ ဖြစ်သည်။ မိန့်ခွန်းပြော သောနေ့မှာ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့ ဖြစ်သည်။)

No comments:

Post a Comment