26 Jan 2013

ဒို့ဗမာ ဟူသည် ( စနေနဂါးနီ ဂျာနယ်မှ)

ဒို့ဗမာ ဟူသည် (စနေနဂါးနီ ဂျာနယ်မှ)
=======

... ဒို့ဗမာ ဟူသည် မြန်မာသာလျှင် မဟုတ်၊ ရှမ်း-ကရင်-ကချင်-ချင်း-ဓနု-ပလောင်-တောင်သူ စသော တိုင်းရင်းသား အားလုံးကို ခေါ်သော အမည်ဖြစ်စေလျက် ...

သခင်မျိုးဟေ့ ဒို့ဗမာ ဒါဒို့ပြေ ဒါ ဒို့မြေ
စနေနဂါးနီ ဂျာနယ်မှ အတွဲ ၂ အမှတ် ၂၄ ၊ ၁၉၄၀ နိုဝင်ဘာ ၁၆


နဂါးနီ စာအုပ်အသင်း

နဂါးနီ စာအုပ်အသင်းကို ၁၉၃၇ ခု အတွင်း သခင်လူငယ် ခေတ်ပညာတတ်များက ဦးဆောင်၍ တည်ထောင်ခဲ့သည်။ ၄င်းစာအုပ် အသင်းသည် အင်္ဂလန်နိုင်ငံရှိ ဆိုရှယ်လစ် စာပေ ထုတ်ဝေသော စာပေတိုက်များနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံ အတွင် အမျိုးသား စိတ်ဓာတ် လှုံ့ဆော်ရေး
စာပေနှင့် တိုးတက်သည့် အယူအဆ ပါသော နိုင်ငံရေး စာပေများကို ထုတ်ဝေခဲ့သည်။

မြန်မာ လူငယ်များ နိုင်ငံရေး အသိတရား နိုးကြားရေးနှင့် အမျိုးသား လွတ်မြောက်ရေး အတွက် တော်လှန်ရေး စိတ်ဓာတ် ပေါ်ပေါက်စေသည့် စာအုပ်များကို အများဆုံး ထုတ်ဝေခဲ့သည်။ နဂါးနီဂျာနယ်၊ ကား(လ်)မတ်ဝါဒ၊ ကျောင်းသား အရေးတော်ပုံ၊ ကျွန်ုပ်၏ စွန့်စားခြင်း၊ ကျွန်ုပ်နှင့် မိုက်ကယ်ကောလင်း၊ ဆိုရှယ်လစ်ဝါဒ၊ ဆိုရှစ်လစ်ဝါဒနှင့် နိသျှည်း၊ ဆိုဗီယက် ဒီမိုကရေစီ ကိုယ်တွေ့များ၊ ဓနရှင်ဝါဒ၊ ဒီဗလာရား၊ ဒေါက်တာ ဂျိုးဇေရီဇော်၊ ပြည်သူ့အာဏာ ပထမတွဲနှင့် ပြင်သစ် အရေးတော်ပုံ၊ လူမွဲတို့၏ ထွက်ရပ်လမ်း၊ လွတ်လပ်ရေးတိုက်ပွဲ၊ လက်ငင်း တို့တာဝန်၊ အလုပ်သမားလောက၊ အိုင်းရစ် အရေးတော်ပုံ၊ အိုင်းရစ် အာဇာနည်တို့မှာ ထင်ရှားသော နဂါးနီထုတ် စာအုပ်များ ဖြစ်ကြသည်။

ထို့ကြောင့်လည်း မြန်မာ တိုင်းရင်းသားတို့ နိုင်ငံရေး အသိတရား နိုးကြားစေရန်နှင့် ဆိုရှယ်လစ် သဘောတရားများ ပြည်သူလူထု အတွင်း ပံျ့နှံ့အောင် အများဆုံး ဖြန့်ဖြူးပေးသည့် စာအုပ်အသင်း အဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။

Source: (၂၀၀၀ ခုနှစ်) ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်, တတိယ အကြိမ်. တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း.

နဂါးနီ စာအုပ်အသင်း စိန်ရတု အခမ်းအနား ဖိတ်ကြားလွှာ
http://naganinetwork.com/?p=987



 

No comments:

Post a Comment