သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ် ဗိုလ်ဗလ
သန်းဝင်းလှိုင်
ဇူလိုင် ၈၊ ၂၀၁၂
ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်ဗလ၏ ငယ်နာမည်မှာ ကိုသန်းရင်ဖြစ်သည်။ ယင်းနောက် စနေသားဖြစ်သည့်အတွက်
နေ့နံအတိုင်း ထွန်းလွင်ဟု အမည်ပြောင်းခဲ့သည်။ ၁၉၃၈ ခုနှစ်တွင်
မြောင်းမြစီရင်စု တို့ဗမာအစည်းအရုံးသို့ဝင်ရောက်၍
နိုင်ငံရေးဆောင်ရွက်မှုကြောင့် သခင်ထွန်း လွင်အမည်တွင်ခဲ့သည်။
ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်နာမည်မှာ အိုတာနီဟီိရိုရှီ (Otani Hiroshi)
ဖြစ်သည်။ ထို့နောက် ထိုင်း နိုင်ငံဘန်ကောက်မြို့တွင်
ရဲဘောသုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်ဗလဖြစ်လာခဲ့သည်။ဇူလိုင် ၈၊ ၂၀၁၂