ကိုလိုနီခေတ်၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်တစ်ဝိုက်က ဟင်္သာတ ခရိုင်မှာ နိုင်ငံရေးအရ နိုးကြားတက် ကြွသူတွေရှိပါတယ်။ နိုင်ငံရေး သမားတွေလည်း ထွက်ခဲ့တယ်။ တို့ဗမာ အစည်း အရုံးကြီးကို ထူထောင်ခဲ့သူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဝန်ကြီးဟောင်း သခင်ဗစိန် (နောင် ဗမာပြည် ဒီမို ကရက်တစ်ပါတီ)၊ ဝန်ကြီးမန်းဘခိုင် (နောင်-အာဇာနည်)၊ ဖဆပလ ခရိုင်ဥက္ကဋ္ဌဟောင်း ဦးသန်းတင်၊ ဝန်ကြီး ဟင်္သာတဦးမြ၊ ဝန်ကြီး သခင်ချစ်မောင် (မြန်အောင်)၊ ဝန်ကြီးစောအောင်ပ၊ အလံနီ ဗိုလ် အောင်မင်း အစရှိသည်တို့ဟာ ဟင်္သာတခရိုင်မှာမွေးဖွားကြတယ်။ တချို့လည်း ဟင်္သာတမှာ ကျောင်း နေပြီး နိုင်ငံရေးနယ်ပယ်ကို အခြေ ချသူတွေဖြစ်တယ်။
ဟင်္သာတခရိုင်ရာဇဝတ်ဝန် မစ္စတာဇေးဗီးယား
အင်္ဂလိပ်ကိုလိုနီအစိုးရက လည်း ဟင်္သာတခရိုင်အကြောင်း ကောင်းကောင်းသိတယ်။ ဗျူရိုက ရက်အရာရှိဆိုးတွေထဲက အရက် စက်ဆုံး၊ အကြမ်းတမ်းဆုံး ပုဂ္ဂိုလ် တွေကိုမှ ရွေးချယ်ပြီး ဟင်္သာတ အရေးပိုင် (D.C) ၊ ခရိုင်ရာဇဝတ်ဝန်(D.S.P) အနေနဲ့ ပို့လွှတ်တာဖြစ် တယ်။ အထက်ဖော်ပြပါ ရာဇဝတ် ဝန် မစ္စတာဇေးဗီးယား ဘယ် လောက်ဆိုးသလဲဆိုရင် နိုင်ငံတော် သမ္မတ (အငြိမ်းစား) ဒေါက်တာ ဘဦးရဲ့အဆိုအရ -မြန်မာနိုင်ငံဖွား အင်္ဂလိပ်- ကုလား ကပြားပုလိပ်အရာရှိ ဇေး ဗီးယားဆိုသူဟာ ရက်စက်ကြမ်း တမ်းသူဖြစ်တယ်။ သူ့ဇာတိမော်လ မြိုင်မှာ ခြံစိုက်ပျိုးသူဘဝနဲ့ လူသတ် မှုကို ကျူးလွန်ခဲ့သူဖြစ်တယ်။ ခြံ အလုပ်သမားကို ကြိုးနဲ့တုတ်ပြီး ပျားရည် တွေလိမ်းကျံကာ ခြတောင် ပို့နားမှာထားပြီး ခြစာကျွေး ညှင်း ပမ်းသတ်ဖြတ်မှုနဲ့ အောက်ရုံးအ ဆင့်ဆင့်ကတစ်ဆင့် တရားရုံးချုပ် ရောက်လာတယ်။
ဥရောပခုံသမာဓိအဖွဲ့နဲ့ တရားစီရင် ရာ အမှုက ကွင်းလုံးကျွတ်လွတ်သွား ပြီး မကြာခင် ရန်ကုန်ပုလိပ်အဖွဲ့မှာ အင်စပက်တော်ဖြစ်သွားတယ်။ရာဇဝတ်မှုစုံထောက် ရာမှာ ဇေးဗီးယားနာမည်ရလာတယ်။ ရန် ကုန်မြစ်တွင်း ဆန်ခိုးဂိုဏ်းကို မိ တယ်။ ဂိုဏ်းခေါင်းဆောင်လို့ယူဆ ရသူအိမ်ကို ဝင်ရောက်ရှာဖွေရာ ငွေ ကျပ် ၁ သိန်းတွေ့ရှိတယ်။ အမှုကို ရုံးတင်တော့ ငွေ ၁ သိန်း ကို သက်သေခံမတင်ပြဘူး။ အမှု စစ်ဆေးစဉ် သုံးပစ်လိုက်ပြီလို့လည်း ဆိုတယ်။ ဌာနဆိုင်ရာ စုံစမ်းအရေး ယူခံရမယ်ထင်ပေမယ့် ဘာမျှမဖြစ် ပါ။ ရာထူး တောင်တက်သွားတယ်။ ဂဠုန် ဦးစောနန်းရင်းဝန်ဘဝက တို့ဗမာအစည်းအရုံးဝင် သခင်များ ကို နှိပ်ကွပ်ရာ လက်သံပြောင်ခဲ့လို့ မစ္စတာဇေးဗီးယားကို ရမည်းသင်း ရာဇဝတ်ဝန် (D.S.P) အဆင့်တိုး ပေးခဲ့တယ်။ ၁၉၄ဝ ပြည့်နှစ်မှာ ဟင်္သာတခရိုင် ရာဇဝတ်ဝန်ရာထူးနဲ့ ပြောင်းရွှေ့လာရင်း သခင်အောင်ဆန်းတို့ ဇလွန်တရားပွဲနဲ့ ထိပ် တိုက်တိုးတော့တာပဲ။
တို့ဗမာအစည်းအရုံး-ဟင်္သာတ ခရိုင်ကွန်ဖရင့်
တို့ဗမာအစည်းအရုံးကြီးရဲ့ နှစ်ပတ်လည်ကွန်ဖရင့်တွေကို ခရိုင် မြို့ကြီးတွေမှာ အလှည့်ကျ ကျင်းပ လေ့ရှိတယ်။ ဌာနချုပ်အမှုဆောင် တွေကို ရွေးချယ်တင်မြှောက်ရင်း အဆင်မပြေတာတွေလည်း သမိုင်း မှာ ရှိခဲ့ပါတယ်။ (ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ကွန်ဖရင့်ဆိုတဲ့ စကားလုံးကို ညီလာခံလို့ခေါ်ဆိုရန် ပြင်ဆင်ပေးလို့ နောင်အခါ ညီလာ ခံတွေလို့ပဲ ပြောင်းလဲခေါ်ဝေါ်ခဲ့ တယ်။) ဟင်္သာတခရိုင်ကတော့ ထူးထူးခြားခြားခရိုင်အဆင့် ကွန် ဖရင့်လုပ်တဲ့အခါ ဌာနချုပ်က အထွေ ထွေ အတွင်းရေးမှူး မိန့် ကြားချက်ကိုနာယူဖို့ သခင် အောင်ဆန်းကို ဖိတ်ကြားတယ်။ တစ်ဆက်တည်း ဇလွန်ပရိသတ်က လည်း သခင်အောင်ဆန်းကို ဇလွန် မြို့နယ် ဒေါင့်ကြီးရွာတရားပွဲမှာ ဟောပြောပြီးမှ သင်္ဘောနဲ့ ရန်ကုန် ကို ခရီးဆက်ဖို့ စီစဉ်ထားကြတယ်။
ဟင်္သာတသင်္ဘောဆိပ်ကနေ ဈေးကြီးကိုဖြတ်လာပြီးမှ သခင် အောင်ဆန်းဟာ ဈေးထောင့်နားက တည်းခိုရမယ့် သခင်စိန်ဦး အိမ်ကို ရောက်တယ်။ လမ်းတစ်လျှောက် ဆေးရွက်ကြီးတွေ လမ်းပေါ်မှာ နေ လှမ်းထားတာမြင်ရလို့ သခင် အောင်ဆန်း စိတ်မသက်မသာဖြစ် ခဲ့ရတယ်။ သခင်စိန်ဦးအိမ်နဲ့ စာ ရေးသူရဲ့ အဘိုးအဘွားများအိမ်က သိပ်မကွာဝေးပါ။ သခင်အောင်ဆန်း ရောက်ရင် ဈေးသူဈေးသားတွေက သတိပြုမိကြတယ်။ အင်္ဂလိပ်အစိုးရက မနှစ်သက်သူဖြစ်နေတော့ အမှတ်တမဲ့နေကြရတယ်လို့ အဘွား လုပ်သူက ကျွန်တော်တို့ကို ပြောခဲ့ ပါတယ်။ အဘွားကလည်း ဆေး လိပ်ခုံထောင်ဖူးတယ်။ ၁၃-၇-၄၇ နေ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်ဆုံးမိန့်ခွန်းမှာ ဟင်္သာတက ဆေးရွက်ကြီးလှမ်းသူတွေကို အပြစ်တင်တော့ တို့လည်းပါတာ ပေါ့လို့ အဘွားမသေခင်က ပြော ဖူးတယ်။ (အဲဒီဈေးကြီးနဲ့ သခင် စိန်ဦးအိမ်၊ ကျွန်တော့် ဘိုးဘွားများ အိမ်တွေ ဧရာဝတီမြစ်ကမ်းတိုက် စားခံရလို့ မရှိတော့ပါဘူး။ ယခု ရှုခင်းဧရာတည်းခိုရိပ်သာ နေရာ သာကျန်ပါတော့တယ်။) ဂျပန် ခေတ်ဦးကာလ စစ်ဝန်ကြီးဘဝနဲ့ ဗိုလ်ချုပ်အောင် ဆန်းဟာ ပုသိမ်နဲ့ ဟင်္သာတကို ရောက်လာသေးတယ်။
ဒေါင့်ကြီးဇလွန်တရားပွဲ
ဟင်္သာတကနေ ဇလွန်မြို့က တစ်ဆင့် ဒေါင့်ကြီးရွာတရားပွဲကို သခင်အောင်ဆန်းကူးသွားတော့ ညဘက်ဟောပြောရမှာဖြစ်တယ်။ သာယာဝတီ၊ လက်ပံတန်းမြို့နယ် တွေကလယ်သမား၂ဝဝဝကိုလည်း ဝိဓူရသခင်ချစ်မောင်က ဦးဆောင် ပြီးလှည်းတတန်၊ လှေ တတန်နဲ့ သခင်အောင်ဆန်းရဲ့ မိန့်ကြားချက် ကိုနာယူဖို့ ရောက် နေကြပါပြီ။ တရားဟောနေတုန်း ပုလိပ် စုံ ထောက်တစ်ယောက်က ရာဇဝန်ဝန် ဇေးဗီးယားထံမှ စာတစ်စောင် လာ ပေးတယ်။
ချင်းတောင်ကိစ္စကို သခင်အောင်ဆန်း ထည့်သွင်း မပြောပါနဲ့လို့ တားမြစ်တဲ့စာဖြစ် တယ်။ အကယ်၍ ဟောရင်လည်း တရားပွဲအပြီး ဖမ်းဆီးဖို့ ဖမ်းဝရမ်း တစ်စောင်ပါ ပုလိပ်စုံထောက်တွေ လက်ထဲမှာ ရှိတယ်လို့ အဆိုရှိတယ်။ ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားများထကြွမှုမှာ နယ်ချဲ့ တွေက နှိမ်နင်းလို့ လူ ၁ဝဝ ခန့် သေကျေခဲ့တဲ့သတင်းကို ပြည်မက မသိအောင် အင်္ဂလိပ်က ထိန်ချန်ထားတယ်။ မျက်စိကြီး၊ နားကြီး နိုင်ငံရေးသမားတွေက သိတာပေါ့။ သခင်အောင်ဆန်းကလည်း ချင်းတောင်ကိစ္စပြောဖို့ သတိမေ့နေတာ အခု စာရောက်လာမှ သတိရပြီး ဟောရဦးမယ်ဆိုပြီး ဖြစ်ကြောင်းကုန်စင် ဟောတော့တာ ပဲ။
ဒေါင့်ကြီးတရားပွဲပြီးတော့ လူ တွေသိပ်များနေလို့ ပုလိပ်တွေက မဖမ်းရဲပါ။ သခင်အောင်ဆန်းကို လိုက်ပို့သူများကလည်း ဒေါင့်ကြီး သင်္ဘောဆိပ်ကနေ ရန်ကုန်ဘက် သွားမယ့်သင်္ဘောကို မစီးစေဘဲ ဟင်္သာတဘက်ကို ဆန်တက်မယ့် သင်္ဘောကို စီးခိုင်းတယ်။ ဌာနချုပ် က အဖော်တွေလည်းပါတယ်။ ပုလိပ်တွေက ဟင်္သာတသင်္ဘော ဆိပ်မှာ ဖမ်းဖို့ စောင့်နေကြတယ်။ ဟင်္သာတမ ရောက်ခင် သာဓု ချောင်းရွာမှာ သင်္ဘောကပ်တဲ့အခါ သခင်အောင်ဆန်းတို့ ရွာထဲဆင်းနေကြတယ်။
ပြည်မြို့က ရန်ကုန် စုန် ဆင်းလာတဲ့ သင်္ဘောက ဟင်္သာ တမြို့ဆိုက်ပြီးနောက် သာဓုချောင်း ရွာမှာကပ်တယ်။ အဲဒီသင်္ဘောနဲ့ ရန်ကုန်ဘက်စီးလာပြီး ရန်ကုန် မရောက်ခင် သင်္ဘောဆိပ်တစ်ခုမှာ ဆင်းပြီး ရန်ကုန်ရောက်လာ တယ်။ ၁၂-၇-၄ဝ နေ့ မစ္စတာ ဇေးဗီး ယားက သခင်အောင်ဆန်း ကို ဖမ်းဆီရမိအောင် သတင်းပေးနိုင် လျှင် ဆုတော်ငွေ ၅ ကျပ် ဟူ၍ နှိမ့်ချတဲ့သဘောနဲ့ ကြေညာ တာကို နိုင်ငံသိလုပ်လိုက်တယ်။
ရန်ကုန် ရောက်တော့ သခင်လှဖေ (ဗိုလ် လက်ျာ)တို့အဖွဲ့က သခင်အောင် ဆန်းကို ဝှက်ထားပြီး ၈ သြဂုတ် ၁၉၄ဝ နေ့မှာ နိုင်ငံခြား အဆက် အသွယ်ရှာဖို့ တရုတ်နိုင်ငံသွားမယ့် ဟိုင်းလီသင်္ဘောပေါ်ကို သခင်လှ မြိုင် (ဗိုလ်ရန်အောင်)နဲ့အတူ တင် လိုက်ရတယ်။ အားလုံး ၂၈ ရက် တိတိ သခင်အောင်ဆန်း ကိုယ် ယောင်ဖျောက်နေခဲ့ရတယ်။
ဇေးဗီးယားဘယ်ရောက်သွားလဲ
ဂျပန်မှာ ရဲဘော်သုံးကျိပ်စစ် ပညာသင်အပြီး အင်္ဂလိပ်ကို တိုက် ခိုက်ဖို့ မော်လမြိုင်စစ်ကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ B.I.A တပ် မတော် ချီတက်လာတယ်။ ဂျပန် လေတပ်ကလည်း ရန်ကုန်မြို့ကို ၂ ကြိမ် ဗုံးကြဲလို့ အင်္ဂလိပ်ဘုရင်ခံနဲ့ တကွ မျက်နှာဖြူတွေ မြစ်ကြီးနား ကတစ်ဆင့် အိန္ဒိယကို စစ်ပြေးရ တယ်။ ခရိုင်ဝန်၊ ခရိုင် ရာဇဝတ်ဝန်၊ တွေကိုလည်း နိုင်ငံပိုင်ငွေကြေး အ ဖိုးတန်ပစ္စည်းတွေကို သတ်မှတ် ထားသူတွေကို အပ်နှံပြီးမှ စစ်ဘေး က ရှောင်ရမယ်လို့ ညွှန်ကြားတယ်။
နိုင်ငံတော်သမ္မတ အငြိမ်းစား ဒေါက်တာဘဦးရဲ့အဆိုအရ ဟင်္သာ တခရိုင် ရာဇဝတ်ဝန် မစ္စတာဇေးဗီး ယားဟာ နိုင်ငံပိုင်ငွေကြေး သိန်း ပေါင်းများစွာကို ယူဆောင် ထွက် ပြေးခဲ့သူလို့ ဆိုပါတယ်။၁၉၄၂ ခုနှစ် စစ်ပြေးကြတော့ ဒေါက်တာဘဦးက တရားဝန်ကြီး ဘဝနဲ့ ကသာမြို့ကို စစ်ရှောင်ဖို့ ပုသိမ်မှာရှိတဲ့ မိဘတွေကို သွား ရောက် ခေါ်ဆောင်ပြီး ဟင်္သာတမြို့ ကို ရောက်လာပါတယ်။ ဟင်္သာတ ခရိုင်၊ ရာဇဝတ်ဝန် မစ္စတာဇေးဗီး ယားနဲ့တွေ့ပြီး အထက်ဆန်ဖို့ သင်္ဘောအကူအညီ တောင်း တယ်။ ဧရာဝတီဖလိုတီလာကုမ္ပဏီပိုင် သင်္ဘောတစ်စင်းကို ပေးတယ်။ သင်္ဘောဆလင်နဲ့ စက်ဆရာကို ခက်ခဲစွာရှာယူခဲ့ရတယ်။
အဲဒီ သင်္ဘောနဲ့ ဟင်္သာတက ပြည်မြို့ကို ဆန်တက်လာတော့ နောက်နားက အရေးပိုင်သင်္ဘောနဲ့ မစ္စတာဇေးဗီး ယားတို့လည်း ဆန်တက်လာတာ တွေ့မြင်ရတယ်။ လုံခြုံမှုရှိတဲ့ အရေးပိုင်သင်္ဘောနဲ့ လွှတ်တော် တရားဝန်ကြီး ဒေါက်တာဘဦးတို့ သားအဖေတွေကို တစ်ပါတည်း ခေါ်လာနိုင်ပါလျက်နဲ့ မခေါ်ခဲ့ပါ။ (သူ့သင်္ဘောမှာ အစိုးရဘဏ္ဍာငွေ တွေပါလာတာ ဒေါက်တာဘဦး သိသွားမှာ စိုးလို့ဖြစ်ပါတယ်။) ပြည်မြို့ ကိုရောက်တော့ အရေးပိုင် မျက်နှာဖြူကို အထက်လူကြီးတွေက ပြန် ခေါ်ပါတယ်။ မစ္စတာဇေးဗီးယားက အစိုးရငွေတွေကို သက်ဆိုင်ရာကို မအပ်နှံဘဲ အရေးပိုင်သင်္ဘောနဲ့ ထွက်ပြေး လွတ်မြောက်သွား ကြောင်း အစီရင်ခံစာအရ သိရပါ တယ်။ အိန္ဒိယပြည်ဘက်ကို ထွက် ပြေးလိမ့်မယ်လို့ ယူဆရပါတယ်။
ဇေးဗီးယားစစ်ပြီးခေတ်မှာ အလုပ်ပြန်ရသေးလား
အစိုးရဘဏ္ဍာငွေ အလွဲသုံးစား ပြုတယ်လို့ သင်္ကာမကင်းခံရတဲ့ အရာရှိများကို ဂျပန်ခေတ်၊ စစ်ပြီး ခေတ်၊ လွတ်လပ်ရေးခေတ်များမှာ ဒေါက်တာဘဦး၏ အဆိုအရ အလုပ်ပြန်မခန့်တော့ဟု သိရပါတယ်။ စစ်ပြီးစ (Cas.B) ဗြိတိသျှစစ်အုပ် ချုပ်ရေးခေတ်မှာ မစ္စတာဇေးဗီးယား ဟင်္သာတခရိုင်ရာဇဝတ်ဝန်အြ့ဖစ် ပြန်ရောက် လာ ပြန်တယ်။
ကျွန်တော်၏ ဦးလေးတော်သူ ဟင်္သာတ ဗိုလ်ဖုန်းမြင့်ဟာ မျိုးချစ် ဗမာ့တပ်မတော် P.B.F တွင် အမှု ထမ်းဖူးတယ်။ အသက် ၈ဝ အတွင်းရောက်နေသော ဗိုလ်ဖုန်း မြင့်၏ အပြောအရ ခရိုင်ရာဇဝန်၏ အိမ်ကြီးကို D.S.P အဆက်ဆက်နေ ထိုင်လာခဲ့ကြတယ်။ ရာဇဝတ်ဝန် ရာထူးကို နောင်အခါ ခရိုင်ရဲဝန်၊ ကြီးကြပ်ရေးမှူး (ပြည်သူ့ရဲ)၊ လက်ထောက်တိုင်းတပ်ဖွဲ့မှူး (ပရ) စသဖြင့် ခေတ်အလိုက် ခေါ်ဝေါ်လာ ကြတယ်။ အဲဒီပုဂ္ဂိုလ်များ ယခု အထိ နေထိုင်ကြတဲ့အိမ်ကြီးမှာ မစ္စတာ ဇေးဗီးယား နေထိုင်ခဲ့တဲ့ အိမ်ကြီးသာဖြစ်ပါတယ်။ မစ္စတာ ဇေးဗီးယား အိမ်ဘေး(လမ်းထောင့်ကွက်လပ်) ပညာရေးရိပ်သာပိုင်မြေ နေရာမှာ P.B.F တပ်မတော်တပ်စု တစ်ခု စခန်းချနေထိုင်ခဲ့ဖူးတယ်။ P.B.F မျိုးချစ်ဗမာ့ တပ်မတော် သားများဟာ ဗိုလ်ချုပ်အောင်ဆန်း ကို လွန်ခဲ့တဲ့ ၅ နှစ်က ဆုငွေ ၅ ကျပ်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ မစ္စတာ ဇေးဗီးယားအပေါ် အမြင်မကြည်လင်ကြပါ။ ဒါကြောင့် သူ့အိမ်ဘက် ကို စက်သေနတ်ပြောင်းဝများကို ချိန်ထားပြီး ကျီစယ်ကြဖူးကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။
ဒေါက်တာဘဦးအလိုအရ စစ် ပြေးကာလ နိုင်ငံဘဏ္ဍာအလွဲသုံး စားပြုသူများဟု သင်္ကာမကင်းဖြစ် ခံရသော အရာရှိများ အလုပ်ပြန်မခန့်ဟုဆိုသော်လည်း ကက်စဘီ ခေတ်မှာ ခရိုင်ရာဇဝတ်ဝန် မစ္စတာဇေးဗီးယား ဟင်္သာတသို့ ပြန် ရောက်လာပြီး ရာထူးမပြုတ် အခြေ မပျက်ရှိသည်ဟု မှတ်ချက်ချရမလို ဖြစ်နေပြန်တယ်။ ဘာပဲပြောပြော အရင်တုန်းကလည်း ရာထူးမြဲခဲ့ သော (ရာထူးတွေ အဆင့်ဆင့်တက် ခဲ့သော) မစ္စတာဇေးဗီးယားမှာ ခေတ်ပြောင်းသော်လည်း (မဟုတ်တာ တွေပဲ လုပ်ခဲ့ရင်း) သူ့စည်းစိမ် မပျက်ရှိသဖြင့် အာဂဇေးဗီးယား ဟုသာ ပြောရမည်ဖြစ်ပါတယ်။
မိုးမြင့်ဝင်း (သိပ္ပံနှင့်နည်းပညာ)
popularmyanmar
No comments:
Post a Comment