6 Feb 2013

ပျုစစ်လျှင် မြန်မာ ဟုဆိုပြန်တယ်


ပျုစစ်လျှင် မြန်မာ ဟုဆိုပြန်တယ်



" ဘုန်းတင့်ကျော် " စာရေးဆရာ နာမည်ကိုသမိုင်းစိတ်ဝင်စားသူ လူတစ်စု သတိထားမိ နိုင်  သော်လည်း လူငယ်အများစု သိဦးမယ်မထင်ပါ။

စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ဆိုရင်တော့ လူကြီး၊ လူရွယ်၊ လူငယ် အကုန်သိလိမ့်မယ်လို့ ထင်ပါတယ်။ ဘုန်းတင့်ကျော်ဟာ တက္ကသိုလ်ဘုန်းနိုင် ၏ သားဖြစ်ပါတယ်။

သူရေးသားပြုစုထားတဲ့ စာတမ်းတွေပေါင်းပြီး စာအုပ်ထွက်လာပါတယ်။" ပျူစစ်လျှင် မြန်မာ " ဆိုတဲ့ စာအုပ်ပါ။

စာရေးသူ ကိုယ်တိုင်က ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ပါတဲ့ အခန်းဆက်ဆောင်းပါး တွေကို စာအုပ်အဖြစ် စုစည်းတယ်လို့ ပထမဆုံး စာမျက်နှာမှာ ဆိုထားတဲ့အတွက်" သမိုင်းသုတေသနစာတမ်းလို့"  မပြောဘဲ ဆောင်းပါးလို့ ပြောရင် ပိုမှန်ကန်တိကျမယ်လို့ ဆိုချင်ပါတယ်။
ဆောင်းပါးသည် စာတမ်းမဟုတ်၊ စာတမ်းသည်လည်း ဆောင်းပါး မဟုတ်လို့ဆိုချင်ပါတယ်။ ထိုနှစ်ခု အနှစ်သာရချင်း မတူပါ။

သူရေးသားတင်သွင်းတဲ့ စာတမ်းတွေဖတ်ကြားရာမှာ သဘာပတိ အဖြစ် " ဒေါက်တာ သန်းထွန်း " က ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

 ပျူဟူသည်မှာ မြန်မာဖြစ်ကြောင်းကို ဒေါက်တာ သန်းထွန်းကိုယ်တိုင်က လက်ခံတယ်လို့ဆိုထားပါတယ်။
 ( စာမျက်နှာ ၉ )

စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်" ကိုယ်တိုင်က ပျူစာလို့ အများအခေါ်ရှိတဲ့ အမည်မသိ ကျောက်စာတွေကို ဖတ်နိုင်အောင်ဖော်ထုတ်နိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ ဘယ်သူမှမဖတ်နိုင်တဲ့ စာလို့ ခဏ ခဏ ညွန်းတာကိုလည်းဖတ်ရပါတယ်။

သရေခတ္တရာ မှာရှိတဲ့ အများအခေါ် ပျူအရိုးအိုး ၄ လုံး မှာရေးထားတဲ့ စာ နဲ့ မြစေတီကျောက်စာ တဖြစ်လဲလူသိများတဲ့ ရာဇကုမာရ ကျောက်စာ ကပျူစာတွေ စသဖြင့် စာအုပ်ထဲမှာ မြန်မာဘာသာပြန်ပေးထားပါတယ်။

ကျွန်တော်ဒီစာအုပ်ရဖို့ အပူတပြင်း လုပ်ရပါတော့တယ်။ ပျူစာတွေကို လေ့လာခွင့်ရတော့မယ် ဆိုပြီး သိပ်စိတ်လှူပ်ရှားခဲ့ပါတယ်။

သို့သော်လည်း စာအုပ်တစ်အုပ်လုံးမှာ အဓိက အရေးအကြီးဆုံး ဖြစ်တဲ့ မူရင်းကျောက်စာ စကားလုံး အရေးအသား မပါ လို့ သိပ်စိတ်ပျက်တယ်ရတယ်လို့ စိတ်ထဲရှိတဲ့ အတိုင်းဆိုချင်ပါတယ်။ ကျောက်စာတွေကို မြန်မာမှုပြုထားတယ် ( ခေတ်မြန်မာ စကားလုံးတွေနှင့် ဘာသာပြန်ထားတယ်)။

တစ်ခါတုန်းက တစ်ယောက်သော သမိုင်းပညာရှင် တစ်ဦးဟာ ကျောက်စာပေါင်းချူပ်ဆိုပြီး စာအုပ် အထူကြီး ထုတ်တော့ စာအုပ်ထဲမှာပါတဲ့ ကျောက်စာတွေအကုန်လုံးကို ခေတ်မြန်မာ စကားလုံးတွေနှင့် သတ်ပုံ ဖလှယ်ထားပြီး ထုတ်ပါတယ်။  ဒေါက်တာသန်းထွန်းက ဘာပြောသလဲဆိုတော့ " ဘာတန်ဖိုးမှ မရှိ" လို့ဆိုတယ်။

ပျူစာတွေကို ဖတ်လို့ရအောင် စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်"ဖော်ထုတ်တယ်ဆိုရင်ဖြင့် မြန်မာ့သမိုင်းမှာ အင်မတန်မှ အရေးပါတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာတော့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။

စာအုပ်ထဲက ကျန်တဲ့အကျန်တဲ့အကျန်တဲ့ အကြောင်းရာတွေကိုတော့ ထောက်ခံစရာ သုတေသန အချက်လက် အများကြီးလိုပါသေးတယ်။

ဒီဆောင်းပါးပေါင်းချူပ်ကို ဝေဖန်ရရင် အပိုင်းသုံးပိုင်းခွဲရပါလိမ့်မယ်။

ပျူစာ ၊ ပုဂံ ၊ ဂျီ အိစ်လုစ် ( G.H.Luce , ဆရာကြီးဖေမောင်တင်၏ယောက်ဖ)။

စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်" ရဲ့ ဂျီ အိစ်လုစ် ( G.H.Luce ) အပေါ်မှာထားတဲ့ အမြင်ကို ဖော်ပြလိုပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။

ဗလက်ဒင် ချော်တော့်ငေါ့သည့်အတိုင်း လုစ်နှင့် ချားဒူရွိုင်ဆယ်တို့လည်း ချော်တော့်ငေါ့ခဲ့ကြ၏။
( စာမျက်နာ ၁၄ )
ရှေးဟောင်းခေတ်ပြိုင်အထောက်ထားအချို့ကိုပါ ချန်လှပ်ပြီး မြန်မာ့သမိုင်းကို လိုရာဇာတ်လမ်းဆင် ပြောဆိုခြင်းမျိုးပါ ပြုခဲ့ပေသည်။ ( စာမျက်နာ ၄၀ )
ဆရာကြီး လုစ် ၏ စကားသည် မန်ရှူတွင် မပါသည်တို့ကို သမိုင်းမှန် မဟုတ်ဘဲ သူ၏စိတ်ကြိုက် မမှန် မကန် တီထွင်ကြံစည် ပြောဆိုနေခြင်းဖြစ်ကြောင်း တွေ့မြင်ရပါသည်။( စာမျက်နာ ၄၃ )
မြန်မာကိုအေဒီ (၉) ရာစု ယူနန်မှ မန်အရိုင်းလူမျိုးစု ဖြစ်ကြောင်း ပါမောက္ခ ဂျီ အိစ်လုစ် ယူဆကြောင်း ပေါ်ပေါက်တွေ့မြင်နေရပါသည်။ ( စာမျက်နာ ၄၅ )
ထိုအမှားကို မီးလောင်ရာလေပင့်သကဲ့သို့ ဂျီ အိစ်လုစ်၏ မြန်မာလူမျိုးသမိုင်း လုပ်ဇာတ်က ကြီးထွားပျံ့နှံ့စေခဲ့ပါသည်။ ( စာမျက်နာ ၄၅ )
ပို၍ဆိုးဝါးသွားသည်မှာ ( ၁၉၃၁ ) ခုနှစ်မှ ( ၁၉၇၅ ) ခုနှစ်အထိ ဆရာကြီး လုစ်သည် စာတမ်းအဆောင်ဆောင်ဖြင့် ပျူသည်သပ်သပ် လူမျိုးတစ်မျိုး၊ မြန်မာသည်သပ်သပ် လူမျိုးတစ်မျိုး၊ ပျူခေတ်သည် အေဒီ (၈၃၂ ) ခုနှစ်အထိ မြန်မာခေတ်သည် အေဒီ (၈၄၉) ခုနှစ်မှ စသည်ဟူ၍ မန်ရှူမှတ်တမ်းကို ခုတုံးလုပ်၍ အထောက်အထားမဲ့ တီထွင်လုပ်ကြံရေးသားချက်များဖြစ်ပါသည်။
( စာမျက်နာ ၆၄ )
အမှန်တကယ် ရှိနေသော အိန္ဒိယ၊ တရုတ်၊ မြန်မာ အထောက်အထားများကို သိလျက်နှင့် ဖော်ပြခြင်းမရှိ၊ ချန်လှပ်၍ မန်ရှူ မှတ်တမ်းတွင် မပါသော အရာတို့ကို မိမိ စိတ်သဘောဖြင့် ဇာတ်လမ်းအသစ် တီထွင်ပြောဆိုကာ ဗမာလူမျိုး သမိုင်းပြုစုသည် ဆိုသော ပါမောက္ခ လုစ်၏ စိတ်သဘောထား နှင့် လုပ်ရပ်မှာ ရင်သပ်ရှူမော အံ့ဩဖွယ်ကောင်းလှပါသည်။
ယင်းသို့ အံ့ဩဖွယ် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခြင်းမှအပ ဗမာအစ ကျောက်ဆည် စာတမ်း အပါအဝင် (၁၉၃၁) ခုမှ ( ၁၉၅၇ ) ခုကြား ဆရာကြီး လုစ်၏ စာတမ်းများသည်လည်းကောင်း၊  ( ၁၉၆၆ ) ခုနှစ် ပြင်သစ်တက္ကသိုလ်တွင် ပို့ချခဲ့သော လက်ချာ ( Lecture ) ပေါင်းချူပ် " Phases of Prepagan Burma" စာအုပ်သည် လည်းကောင်း ရှေးခေတ်ဗမာလူမျိုး ဗမာနိုင်ငံသမိုင်းမှန်ကို
 ဖော်ပြနိုင်ခြင်းမရှိပါ။ အမှားများ ပြွမ်းတီးနေသော စာတမ်း စာအုပ်များ အဖြစ်သာ မြင်တွေ့ဖတ်ရှုရပေသည်။( စာမျက်နှာ ၆၄-၆၅ )
ဒီစာအုပ်မှာ နှံပါတ်တပ်ထားတဲ့ စာမျက်နှာပေါင်းကို ရေမယ်ဆိုရင် ၁၄၂ မျက်နှာရှိပါကြောင်း။

http://www.anantametta.org/2012/08/blog-post_4811.html

No comments:

Post a Comment